Home ထိပ်တန်းသတင်း ‌တောင်က‌လေး ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲ ဘာသာ‌ပေါင်းစုံ‌ခေါင်း‌ဆောင်များ တက်‌ရောက်

‌တောင်က‌လေး ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲ ဘာသာ‌ပေါင်းစုံ‌ခေါင်း‌ဆောင်များ တက်‌ရောက်

2393
ဩဂုတ် ၁၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ‌တောင်က‌လေးဘုန်း‌တော်ကြီး‌ကျောင်းဝင်းအတွင်း ဩဂုတ်လ ၁၈ရက်‌နေ့၌ ကျင်းပသည့် ကရင့် ရိုးရာ ချည်ဖြူဖွဲ့ပွဲ မဂင်္လာအခမ်းအနားတွင် ဗုဒ္ဓ၊ ခရစ်ယာန်၊ လယ်ကယ်၊ တလာကူး စသည့် ဘာသာ‌ပေါင်းစုံ ဘာသာ‌ရေး‌ခေါင်း ‌ဆောင်များ တက်‌ရောက်အား‌ပေးခဲ့ကြသည်။

ယခု ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲသည် လူငယ်များသိရှိ‌စေရန် အဓိက ရည်ရွယ်ခြင်းဖြစ်ပြီး ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ စု‌ပေါင်းတက် ‌ရောက်ခြင်းအားဖြင့် ဘာသာ‌ရေး အ‌ခြေခံသည့် ပွဲမဟုတ်ဘဲ ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ရိုးရာပွဲ‌တော်ဖြစ်‌ကြောင်း ပြသခြင်းဖြစ်သည်ဟု ‌တောင်က‌လေးဘုန်း‌တော်ကြီး‌ကျောင်း ‌ကျောင်းအုပ်ဖြစ်သူ အရှင်ဥတ္တမက ‌ကေအိုင်စီသို့ မိန့်ကြားသည်။

“လူငယ်‌တွေ ဒီပွဲ‌တော်ကို ဗုဒ္ဓဘာသာဝင် ကရင်‌တွေနဲ့ပဲ ဆိုင်တဲ့ပွဲလို့ တချို့ ယူဆတာ ရှိ‌နေ‌သေးတယ်။ အခြားဘာသာဝင် ကရင်‌တွေနဲ့ မသက်ဆိုင်ဘူးလို့ မြင်ခဲ့တယ်။ အမှန်‌တော့ မဟုတ်ဘူး။ ကရင်တမျိုးသားလုံးနဲ့ ဆိုင်တယ်။ ဒါ‌ကြောင့် ဘာသာ ‌ပေါင်းစုံ‌ခေါင်း‌ဆောင်များနဲ့ အတူတကွ ယခုလို စု‌ပေါင်းပြီး ကျင်းပပြတယ်။ အဓိက‌တော့ လူငယ်‌တွေကို နားလည်‌စေချင်တယ်” ဟု အရှင်ဥတ္တမက မိန့်ကြားသည်။

ယင်းသို့ ဘာသာ‌ပေါင်းစုံ‌ခေါင်း‌ဆောင်များနှင့်အတူ ပူး‌ပေါင်းကျင်းပခြင်းမှာ ကရင်တစ်မျိုးသားလုံး ပြန်လည် စုစည်းသည့်အ‌နေ ဖြင့် ငြိမ်းချမ်း‌ရေးကို ဦးတည်သည့်သ‌ဘောဖြစ်‌စေပြီး ချည်ဖြူပွဲသည် ကရင်တစ်မျိုးသားလုံး၏ ရိုးရာပွဲ‌တော်ဖြစ်‌ကြောင်း သိရှိခွင့်ရ သည်ဟု အခမ်းအနားတက်‌ရောက်သူ ကရင်လူငယ် ‌စောဗျူးကလည်း ယခုလို ‌ပြောသည်။

၎င်းက “ဒီပွဲ ထူးခြားတာက‌တော့ ဘာသာစုံ‌ခေါင်း‌ဆောင်‌တွေ တက်‌ရောက်လာတယ်‌လေ။ အခြား‌နေရာ‌တွေမှာ‌တော့ ဒီလိုမျိုး မ‌တွေ့ခဲ့ဘူး။ ကရင်‌တွေ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် ကရင်ရိုးရာချည်ဖြူပွဲက တစ်မျိုးသားလုံးနဲ့ ဆိုင်တယ်ဆိုတာ ကျ‌နော် ဒီပွဲကို တက်‌ရောက်‌တော့မှ ပိုပြီး သိမြင်သ‌ဘော‌ပေါက်မိပါတယ်”ဟု ‌ပြောဆိုသည်။

‌တောင်က‌လေးဘုန်း‌တော်ကြီး‌ကျောင်းတွင် ယခု ကျင်းပသည့် ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲသည် အကြိမ် ၃၀‌မြောက်ဖြစ်ပြီး ဘာသာ ‌ပေါင်းစုံ ‌ခေါင်း‌ဆောင်များနှင့်အတူ ကျင်းပသည်မှာ ၃ကြိမ်သာ ရှိ‌သေး‌ကြောင်း သိရသည်။ ထို့အပြင် ယ‌နေ့ အခမ်းအနား၌ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ‌ဒေသခံလူထုများ စုစု ‌ပေါင်း ၅၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။