Home သတင်း ‌ကေအဲန်ယူ အမှုလိုက်ရဲတစ်ဦး ဓားခုတ်ခံရ၍ ‌သေဆုံး၊ ကျူးလွန်သူကို ဖမ်းမိ

‌ကေအဲန်ယူ အမှုလိုက်ရဲတစ်ဦး ဓားခုတ်ခံရ၍ ‌သေဆုံး၊ ကျူးလွန်သူကို ဖမ်းမိ

1771

ဩဂုတ် ၈ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ‌ကော့ကရိတ်မြို့နယ်၊ ရဲတပ်ဖွဲ့၏ တပ်စိတ်မှူး ဒုတပ်ကြပ်တစ်ဦးသည် ဩဂုတ်လ ၈ရက်၊ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ‌ကော့ကရိတ်မြို့‌တောင်ပိုင်း၊ အံဖ‌လေး‌ကျေးရွာတွင် ဓားဖြင့် အခုတ်ခံရကာ ပွဲချင်းပြီး ‌သေဆုံး သွားခဲ့‌ကြောင်း ‌ဒေသခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌သေဆုံးသွားရသူ ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို ့နယ် အမှုလိုက်ရဲ ဒုတပ်ကြပ် ‌စောခင်‌ရွှေ ၅၂နှစ်မှာ ၎င်းတို့၏ အံဖကြီးရုံးမှ ပြန်လာ ပြီး အံဖ‌လေးရွာရှိ ရွာသား ‌စောဖိုးလား‌အောင်၏‌နေအိမ်၌ ‌ခေတ္တ ဝင်‌ရောက်နား‌နေစဉ် အသက် ၅၃နှစ်အရွယ် ရွာသား ‌စောဖူဖူ က ဓားဖြင့် ‌နောက်‌ကျောမှ လည်ပင်းကို လာ‌ရောက်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်ဟု အိမ်ရှင် ‌စောဖိုးလား‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူ လာတက်ခုတ်တဲ့အချိန်မှာ ကျ‌နော်က အိမ်‌နောက်‌ဖေးဘက် ပြန်ဝင်သွား‌နေတယ်။ ကျ‌နော့်‌မြေး ငိုသံကြား‌တော့ ကျ‌နော်ပြန် လာကြည့်အချိန်မှာ ‌စောခင်‌ရွှေက ဓားဒဏ်ရာနဲ့ဖြစ်‌နေပြီး ကျ‌နော့်အိမ်‌ပေါ်လည်း ‌သွေး‌တွေချည်းပဲ။ သူ ခုတ်ပြီးတာနဲ့ ပြန်ဆင်း သွားတယ်။ သူ့အိမ်ကို လမ်း‌လျှောက်ပြန်ပြီး ဆိုင်ကယ်နဲ့ ထွက်သွားတယ်”ဟု ‌စောဖိုးလား‌အောင်က ‌ပြောသည်။

‌စောခင်‌ရွှေမှာ အရှည် ၁‌ပေခွဲ၊ အကျယ် တစ်လက်မခန့်ရှိ ဓားဖြင့် ဂုတ်ပိုး(လည်ပင်းအ‌နောက်ဘက်)တွင် တစ်ချက်၊ ဘယ်ဖက် ‌ပေါင်တွင် တစ်ချက် အခုတ်ခံရ၍ ဒဏ်ရာပြင်းထန်စွာ ရရှိကာ ‌သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူ ‌စောဖူဖူမှာ ထွက်‌ပြေး လွတ်‌မြောက်‌နေဆဲဖြစ်‌ကြောင်း သိရသည်။

‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ရဲမှူး ‌စောအ‌ကျော်က “လက်ရှိ ဒီအမှုနဲ့ပတ်သက်ပြီး‌တော့ တရားခံ‌တော့ မမိ‌သေးဘူး။ သူ့ရဲ့ ဓာတ်ပုံကို ကျ‌နော်တို ့လိုက်ပြီး ဖြန် ့‌နေတယ်။ တရားခံကို မိ‌အောင်ဖမ်းမယ်။ ကျ‌နော်တို ့စုံစမ်းသိရသ‌လောက်‌တော့ ‌စောဖူဖူက မိသားစုကို ကိုယ်ထိလက်‌ရောက် နှိပ်စက်တာရှိတယ်။ ‌စောခင်‌ရွှေက ရဲဆို‌တော့ အဲလိုမလုပ်ဖို့ သွား‌ရောက်‌ပြောဆိုဆုံးမဖူး တယ်။ ပြီး‌တော့ ရွာက ဝါးတံတားတစ်ခုကို သူလမ်းပြန်‌လျှောက်လာချိန် ‌ခြေကျွံသွားလို ့အဲဒီတံတားကို သူ ဖြိုလိုက်တယ်။ အဲဒါ ‌စောခင်‌ရွှေက သူ့ကို တံတားပြန်လုပ်‌ပေးဖို ့သွား‌ပြောတာရှိတယ်။ အဲဒါ‌တွေ‌ကြောင့် ‌စောခင်‌ရွှေကို သူ လုပ်ချင်‌နေကြာပြီး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောခင်‌ရွှေရဲ့အ‌လောင်းတင်ထားတဲ့တဲ

‌စောခင်‌ရွှေရဲ့အ‌လောင်းတင်ထားတဲ့တဲ


‌စောခင်‌ရွှေမှာ ဇနီးနှင့် သမီးတစ်ဦး၊ သားတစ်ဦး ကျန်ရှိပြီး ယခုလို ဖြစ်ပွားသည့်အတွက် ၎င်းတို့မိသားစုကို သက်ဆိုင်ရာ အဖွဲ့အ စည်းကသာ ကြည့်ရှု‌စောင့်‌ရှောက်‌စေလို‌ကြောင်း သူ၏ဇနီးဖြစ်သူ နန်း‌အေးတင်က ‌ကေအိုင်စီသို့ ရင်ဖွင့်‌ပြောဆိုသည်။

ထိုအမှုနှင့်ပတ်သက်၍ အစိုးရဘက် ရဲတပ်ဖွဲ့က ‌ဆေးစစ်ချက်ပြုလုပ်ကာ အမှုဖွင့်ရန် ‌ဆောင်ရွက်လို‌သော်လည်း ‌ကေအဲန်ယူ ဘက်က ၎င်းတို့သာ ကိုင်တွယ်‌ဖြေရှင်း အ‌ရေးယူသွားမည်ဖြစ်‌ကြောင်း ‌ပြောဆိုသည့်အတွက် မိမိတို့အ‌နေဖြင့် တရားခံမိရန် ကူညီစုံစမ်း‌ပေးသွားမည်ဖြစ်‌ကြောင်း ‌ကော့ကရိတ်မြို့နယ်၊ ရဲနယ်ထိန်းတာဝန်ခံ မျိုးမင်းထွန်းက ‌ပြောသည်။

ရွာသားအချို့၏ ‌ပြောပြချက်အရ ‌စောဖူဖူမှာ မူးယစ်‌ဆေးဝါး သုံးစွဲခြင်း၊ ရွာတွင်း၌ ပြဿနာများ မကြာခဏ ဖြစ်ပွားသည့်အပြင် အိမ်တွင်းအကြမ်းဖက်မှု‌ကြောင့် ဇနီးနှင့် သားသမီးများမှာ ၎င်းနှင့်အတူ ‌နေထိုင်ခြင်းမရှိဘဲ ‌ရှောင်တိမ်း‌နေထိုင်လျှက်ရှိ‌ကြောင်း သိရသည်။

‌နောက်ဆုံးရရှိသည့် သတင်းအရ ပြစ်မှုကျူးလွန်သူ ‌စောဖူဖူမှာ အခင်းဖြစ်သည့်‌နေ့ ညဘက် ၈နာရီခွဲအချိန်တွင် ‌ကော့ကရိတ် မြို့မရဲစခန်းသို့ သွား‌ရောက် အဖမ်းခံခဲ့‌ကြောင်း တာဝန်ရှိသူ ရဲစခန်းမှူးက အတည်ပြု‌ပြောဆိုခဲ့ပြီး ထိုအမှုကို ‌ကေအဲန်ယူဘက်က လည်း မြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် သွား‌ရောက်ညှိနှိုင်း‌ပြောဆိုမည်ဟု သိရသည်။