Home သတင်း သုံးဆယ့်သုံးဆူရွာနှင့် ကျိုက်သလိုက်ရွာအကြား တံတားနှစ်စင်း တည်‌ဆောက်ပြီး မကြာမီ ကွဲအက်ပျက်စီး

သုံးဆယ့်သုံးဆူရွာနှင့် ကျိုက်သလိုက်ရွာအကြား တံတားနှစ်စင်း တည်‌ဆောက်ပြီး မကြာမီ ကွဲအက်ပျက်စီး

1644

ဩဂုတ် ၃ရက်၊ ၂၀၁၆ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ သုံးဆယ့်သုံးဆူရွာမှ ကျိုက်သလိုက်ရွာသို့ ဆက်သွယ်ထား‌သော တံတားနှစ်စင်းမှာ သုံးနှစ်အာမခံဖြင့် တည်‌ဆောက်ခဲ့‌သော်လည်း တည်‌ဆောက်ပြီး မကြာမီ သုံးလ‌ကျော် အကြာတွင် ကွဲအက်ပျက်စီးမှုများရှိ‌နေ‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

‌ပေ ၇ဝ အရှည်နှင့် ‌ပေ ၈ဝ အရှည်ရှိ‌သော အဆိုပါ တံတားနှစ်စင်းမှာ ထက်မင်း‌ခေါင် ကုမ္ပဏီမှ ကရင်ပြည်နယ် ‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၁၀၅/၁၆ ဘတ်ဂျက်နှစ်အဖြစ် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ တည်‌ဆောက်ပြီးစီးပြီး‌နောက် သုံးလ‌ကျော်အကြာတွင် ထိုသို့ ကွဲအက်ပျက်စီးသွား ခြင်းဖြစ်သည်ဟု ကျိုက်သလိုက်ရွာသားဖြစ်သူ ‌စောစန်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီတံတားနှစ်စင်းဟာ ပြီးတာ မ‌ကြော‌သေးဘူး။ တံတား‌မြေထိန်း ကွန်ကရစ်‌ဘောင်များကွဲအက်လာပြီး တံတား ‌အောက်‌ခြေမှာ ‌ရေတိုက်စား‌တော့ ‌မြေကျွံဂလိုင်များ ဖြစ်‌ပေါ်တယ်။ ဒီလို‌မြေကျွံဂလိုင်ဖြစ်တာကို ပြိုကျမယ့် အ‌ရေး ကြုံလာနိုင်တဲ့အတွက် တာဝန်ရှိဌာနဆိုင်ရာနဲ့ တံတားတည်‌ဆောက်ခဲ့တဲ့ ကုမ္ပဏီအ‌နေနဲ့ အမြန်လာ ‌ရောက်ပြင်ဆင်‌ပေးဖို့ ကျ‌နော်တို့ လိုလားတယ်”ဟု ၎င်းက ‌ပြောဆိုသည်။

ကွဲအက်‌နေသည့် ယင်းတံတားနှစ်စင်းသည် ကျပ်‌ငွေ ၇၆သန်းဖြင့် ထက်မင်း‌ခေါင် ကုမ္ပဏီကို ပြည်နယ်အဆင့်မှာ စာချုပ်စာတမ်းနှင့်အတူ တည်‌ဆောက်ခွင့်‌ပေးကာ တံတား‌ပေ အရှည်နှင့် အာမခံချက်အရ သုံးနှစ် သတ်မှတ်ချုပ်ဆိုထားခြင်းဖြစ်‌ကြောင်း ‌ကော့ကရိတ်မြို့နယ်၊ ‌ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူ ဦးမြင့်‌အောင်လင်းက ဆိုသည်။

တံတားနှစ်စင်း တည်‌ဆောက်ခဲ့ခြင်းအ‌ပေါ် အရင်အစိုးရ‌ဟောင်းလက်ထက် ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး‌ဟောင်း ဖြစ်သူ ‌စော‌ရွှေတုံးကလည်း “သူတို့က တံတား‌တွေပဲ လာ‌ဆောက်‌ပေးသွားတာ တံတားကို သွားလို့ရ‌အောင် ‌မြေဖို့၊ ‌မြေသယ်၊ ‌မြေတူးလုပ်ရတာ ငါတို့ရွာသား‌တွေ လုပ်အားနဲ့ သွားလို့ရ‌အောင် လုပ်ခဲ့ရတယ်။ ‌မြေသယ်ခ ကားခ ဆီဖိုး‌တွေ ၁၁ သိန်း‌ကျော်ကို စု‌ပေါင်း‌ကောက်ခံပြီး လုပ်ခဲ့ရတယ်။ အခုက ပြီးတာမှ မကြာ‌သေးဘူး။ ပျက်တယ်ဆို‌တော့ ပြီးစလွယ် လုပ်သွားတယ်လို့ပဲ မြင်တယ်”ဟု ‌ပြောဆိုသည်။

သုံးဆယ့်သုံးဆူနှင့် ကျိုက်သလိုက် ‌ကျေးရွာတို့သည် ‌ကော့ကရိတ်မြို့‌တောင်ပိုင်းရှိ ကျိုက်ဒုံ-အဇင်း ရွာချင်းဆက် လမ်းမများ၊ တံတားများ ချိတ်ဆက်‌ဖောက်လုပ်‌နေ‌သော ကမိုင်ကုန်း၊ ရွာတန်းရှည်၊ အံ‌ကောင်၊ စသည့် ‌ကျေးရွာများနှင့် ဆက်သွယ်သွားလာ‌နေရခြင်းဖြစ်သည်။

၎င်း‌ကျေးရွာများမှ ‌ကော့ကရိတ်သို့ သွားလာရာတွင် လမ်းများ၊ တံတားများ ယိုယွင်းပျက်စီး‌နေမှုများ‌ကြောင့် ‌ဒေသခံများအတွက် သွားလာ‌ရေး၊ ကျန်းမာ‌ရေးနှင့် ပညာ‌ရေး အခက်အခဲများ ကြုံ‌တွေ့လျှက်ရှိ‌ကြောင်း သိရသည်။