Home သတင်း လူထုနှင့်တစ်သားတည်းရပ်တည်မည်ဖြစ်‌ကြောင်း ၈၈၈၈နှစ်ပတ်လည်‌နေ့တွင် DKBA ‌ပြောဆို

လူထုနှင့်တစ်သားတည်းရပ်တည်မည်ဖြစ်‌ကြောင်း ၈၈၈၈နှစ်ပတ်လည်‌နေ့တွင် DKBA ‌ပြောဆို

2029

ဩဂုတ် ၈ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

၈၈၈၈ လူထုအ‌ရေး‌တော်ပုံကြီး၏ ‌ကောင်းမြတ်သည့်အစဉ်အလာများကို စံနမူနာယူပြီး လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှု ရှိသည့် ဖက်ဒရယ်ပြည်‌ထောင်စုဖြစ်‌ပေါ်လာသည်အထိ လူထုနှင့် တစ်သားတည်း ရပ်တည်သွားမည်ဖြစ်‌ကြောင်း ယ‌နေ့ ကျ‌ရောက်‌သော ၂၈နှစ်‌မြောက် ၈၈၈၈အ‌ရေး‌တော်ပုံ‌နေ့တွင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA) က သဝဏ်လွှာ‌ပေးပို့ ‌ပြောဆိုလိုက်သည်။

ယ‌နေ့ ဩဂုတ်လ ၈ရက်‌နေ့တွင် ကျ‌ရောက်‌သော ၂၈နှစ်‌မြောက် ၈၈၈၈(ရှစ်‌လေးလုံး) အ‌ရေး‌တော်ပုံ‌နေ့အတွက် အဆိုပါ DKBA ၏ စစ်ဦးစီးချုပ်ကိုယ်စား ဗိုလ်မှူးကြီး‌စောဆန်း‌အောင်မှ လက်မှတ်ထိုးကာ ‌ပေးပို့လာ‌သော သဝဏ်လွှာထဲတွင် ထိုုသို့ ‌ရေးသား ‌ပြောဆိုလိုက်ခြင်းဖြစ်ပြီး ယင်းသဝဏ်လွှာ‌ပေးပို့ခြင်းအ‌ပေါ် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ယခုလုို ‌ပြောသည်။

“အာဏာရှင်ကို‌တော်လှန်တဲ့ အ‌ရေး‌တော်ပုံကြီးမှာ ပြည်သူ‌တွေ ‌ကျောင်းသား‌တွေ အသက်အများကြီး စ‌တေးခဲ့ရတယ်။ အဲဒီဟာ နည်းတူပဲ မတရားမှုရှိ‌သေးသမျှ ကျ‌နော်တို့ပြည်သူနဲ့ လက်တွဲပြီး ‌တော်လှန်သွားမယ်ဆိုတာကို ဆန္ဒထုတ်‌ဖော်ပြလိုက်ခြင်း ဖြစ်ပါ တယ်”ဟု ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၎င်းတို့ DKBA အ‌နေဖြင့် ‌ခေတ်အဆက်ဆက် မတရားမှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား တွန်းလှန်ရင်း၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဒီမိုက‌ရေစီအ‌ရေးအတွက် တိုက်ပွဲဝင်‌ပေးဆပ်သွားခဲ့‌သော အညတရ သူရဲ‌ကောင်းများနှင့်တကွ ထင်ရှား‌သော ပုဂ္ဂိုလ်အ‌ပေါင်းတို့အား အသိအမှတ်ပြုဦးညွတ်ရင်း မပြီးဆုံး‌သေး‌သော သမိုင်း‌ပေးတာဝန်များကို မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍများမှ ဆက်လက်ထမ်းပိုးသွားရန် ကတိသစ္စာပြုသည်ဟုလည်း ၎င်းတို့၏သဝဏ်လွှာထဲတွင် ‌ဖော်ပြထားသည်။

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA သည် ယခင် ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်-DKBA မှ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်‌နေ့တွင် ခွဲထွက်ကာ သီးခြားရပ်တည်‌နေသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

တစ်ပါတီအာဏာရှင်စနစ်နှင့် စစ်မှန်‌သော ဒီမိုက‌ရေဖက်ဒရယ်ပြည်‌ထောင်စု‌ပေါ်‌ပေါက်‌ရေးအတွက် ၁၉၈၈ခုနှစ်၊ ဩဂုတ်လ ၈ရက်‌နေ့တွင် ဖြစ်‌ပေါ်လာသည့် လူထုအ‌ရေး‌တော်ပုုံကြီးကို ၈၈၈၈အ‌ရေး‌တော်ပုံကြီး‌နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ယခုနှစ် ကျ‌ရောက်သည့် ၂၈နှစ်‌မြောက် ၈၈၈၈ အ‌ရေး‌တော်ပုံ‌နေ့ကို မြန်မာနိုင်ငံအနှံ့ကျင်းပခဲ့သလို ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီ မြို့များတွင်လည်း ပြုလုပ်ကျင်းပခဲ့သည်။