Home တွေ့ဆုံမေးမြန်းခန်း မိုင်ဂျာယာန်အစည်းအ‌ဝေးအ‌ပေါ် KNU ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်နှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

မိုင်ဂျာယာန်အစည်းအ‌ဝေးအ‌ပေါ် KNU ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်နှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

1578

ကချင်ပြည်နယ်၊ မိုင်ဂျာယာန်မြို့တွင် ဇူလိုင်လ ၂၆ရက်မှ ၃ဝရက်‌နေ့အထိ ကျင်းပခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော် လှန်‌ရေးအဖွဲ့များ၏ မျက်နှာစုံညီအစည်းအ‌ဝေး တင်ပြ‌ဆွေး‌နွေးချက်၊ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်း အရုံး(‌ကေအဲန်ယူ) ကိုယ်စားလှယ်အဖွဲ့ကို ဦး‌ဆောင်တက်‌ရောက်ခဲ့သူ ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန်ကို ကရင်သတင်းဌာန (‌ကေ အိုင်စီ)က ‌တွေ့ဆုံ‌မေးမြန်းထားချက် ဖြစ်သည်။

‌ကေအိုင်စီ ။ ။ ပထမဆုံးအ‌နေနဲ့ ငါးရက်ကြာ ပြုလုပ်ခဲ့တဲ့ မိုင်ဂျာယာန်အစည်းအ‌ဝေးထဲမှာ အဓိက ဘာအ‌ကြောင်းအရာ‌တွေကို ‌ဆွေး‌နွေးခဲ့ကြသလဲဆိုတာကို ‌ပြောပြ‌ပေးပါ။
ပဒို‌နော်စီဖိုးရာစိန် ။ ။ အစည်းအ‌ဝေးထဲမှာ အဓိက အ‌ကြောင်းအရာ (၄)ခုကို ‌ဆွေး‌နွေးခဲ့ကြတယ်။ (၁)အချက်က ပင်လုံလက်စွဲ စာတမ်း။ (၂)အချက်က ဖယ်ဒရယ်ပြည်‌ထောင်စုနဲ့ ပြည်နယ်ဖွဲ့စည်းပုံဆိုင်ရာ အ‌ခြေခံမူများ (၃)အချက်က အမျိုးသားကာကွယ် ‌ရေးနဲ့ လုံခြုံ‌ရေးကဏ္ဍဖြစ်တဲ့ ဖယ်ဒရယ်ပြည်‌ထောင်စု တပ်မ‌တော်ကာကွယ်‌ရေးနဲ့ (၄)အချက်က နိုင်ငံ‌ရေးမူ‌ဘောင်ဆိုင်ရာ အ‌ခြေခံမူ‌တွေပဲ ဖြစ်ပါတယ်။

‌ကေအိုင်စီ ။ ။ ဒီအစည်းအ‌ဝေးမှာ ‌ကေအဲန်ယူဘက်က ဘာအချက်‌တွေကို အဆိုတင်သွင်းပါသလဲ။ ဘယ်လိုအချက်‌တွေကို ‌ဆွေး‌နွေးခဲ့သလဲ။ နည်းနည်း ရှင်းပြ‌ပေးပါလား
ပဒို‌နော်စီဖိုးရာစိန် ။ ။ ဒီတစ်ကြိမ် အစည်းအ‌ဝေးသွားတက်တာ ‌ကေအဲန်ယူအ‌နေနဲ့ တိုင်းရင်းသားတစ်ဖွဲ့ချင်းစီအရ အဆို တင်သွင်းခြင်းမဟုတ်ပါဘူး။ ဒီတစ်ကြိမ်မှာ အဆိုတင်သွင်းတဲ့အဖွဲ့‌တွေက‌တော့ လက်မှတ်ထိုးတဲ့ (၈)ဖွဲ့အဆိုနဲ့ လက်မှတ်မထိုးရ ‌သေးတဲ့ UNFC တို့ရဲ့အဆို‌တွေပဲ ရှိပါတယ်။ အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့အဆို အဲဒီလို‌တော့ မရှိပါဘူး။ ‌ကေအဲန်ယူက လက်မှတ်ထိုးတဲ့ (၈)ဖွဲ့ထဲ ပါဝင်တဲ့အ‌ပေါ်မှာ သူတို့ရဲ့ အဆိုတင်သွင်းမှုက အထူးသဖြင့် ဖယ်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးအ‌ခြေခံဥပ‌ဒေ၊ ပြည်နယ် ပြည်‌ထောင်စုတည်‌ဆောက်‌ရေး အ‌ခြေခံဥပ‌ဒေ အ‌ကြောင်းအရာ၊ ပြီး‌တော့ အမျိုးသားလုံခြုံ‌ရေးနှင့် ကာကွယ်‌ရေး အ‌ကြောင်းအရာ၊ ပြီး‌တော့ အဲဒီမှာ တင်ပြ‌ဆွေး‌နွေးကြတဲ့ နိုင်ငံ‌ရေးမူ‌ဘောင် အ‌ကြောင်းအရာ‌တွေကို ဒီတစ်ကြိမ်အစည်းအ‌ဝေး မှာ တင်ပြ‌ဆွေး‌နွေးဖြစ်တယ်။ တစ်ဖက်က UNFC ဘက်မှာ ဆိုရင်လည်း သူတို့ရဲ့ အဆိုတင်သွင်းမှု‌တွေ ရှိပါတယ်။ နှစ်ဖက်စလုံး အဆိုတင်သွင်းကြတယ်။ အများအားဖြင့် ဆင်တူ တူညီကြတာ များပါတယ်။

‌ကေအိုင်စီ ။ ။ ဒီငါးရက်တာ စုံညီအစည်းအ‌ဝေးအတွင်းမှာ တိုင်းရင်းသား‌တွေအ‌နေနဲ့ ဘယ်အချက်‌တွေကို သ‌ဘောတူညီမှု ရယူနိုင်ခဲ့ ကြတာလဲ။
ပဒို‌နော်စီဖိုးရာစိန် ။ ။ ဒီတစ်ခါရရှိတဲ့ သ‌ဘောတူညီမှုက ပင်လုံနဲ့ ဆိုင်တယ်။ ပင်လုံက‌တော့ တိုင်းရင်းသားအဖွဲ့ကြီး‌တွေ ဖြစ်တဲ့ ရှမ်း၊ ကချင်နဲ့ ချင်း‌တွေနဲ့ တိုက်ရိုက် ဆိုင်တယ်။ တခြားတိုင်းရင်းသား‌တွေအ‌နေနဲ့ ပင်လုံစိတ်ဓာတ်ဖြစ်တဲ့ ဖက်ဒရယ်တည် ‌ဆောက်တဲ့‌နေရာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုက‌ရေစီအ‌ရေးနဲ့ တန်းတူအခွင့်အ‌ရေး‌တွေက ပင်လုံထဲမှာပါတယ်။ ဒါ‌ကြောင့်မို့ ပင်လုံမှာပါတဲ့အချက်အလက်‌တွေနဲ့ သ‌ဘောတူညီမှုရှိတယ်။ ဆိုလိုချင်တာက ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ထောင်ဖို့ တစ်ထပ် တည်းပါပဲ။ အဲဒီလို သ‌ဘောတူညီမှုရှိတယ်။ ဒါက အချက်တစ်ချက်ဖြစ်တယ်။ ‌နောက်တစ်ချက်က ဖက်ဒရယ်ပြည်‌ထောင်စု အ‌ခြေခံဥပ‌ဒေနဲ့ ပြည်နယ်အ‌ခြေခံဥပ‌ဒေ‌တွေဖြစ်တဲ့ အ‌ခြေခံမူ အားလုံး (၈)ချက်အ‌ပေါ်မှာ ဒီတစ်ခါ တက်‌ရောက်လာကြတဲ့ တိုင်း ရင်းသားအားလုံး သ‌ဘောတူညီမှု ရှိကြတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ဖက်ဒရယ်အ‌ခြေခံမူ သ‌ဘောတူညီမှုက အခုမှ စတင် ‌ဆွေး‌နွေးတာ မဟုတ်ဘူး။
တိုင်းရင်းသား‌တွေ စတင် ပူး‌ပေါင်းခဲ့ကြတဲ့ လွန်ခဲ့တဲ့ အနှစ် (၂၀)အချိန် မာနယ်ပ‌လောမှာကတည်းကပဲဖြစ်ဖြစ်၊ ဒီမိုက ‌ရေစီအင်အားစု‌တွေ တက်လာပြီး အ‌ခြေခံမူ‌တွေ စတင်‌ရေးဆွဲတဲ့အချိန်မှာဖြစ်‌စေ၊ ပြီး‌တော့ ၂၀၁၅ခုနှစ်တိုင်‌အောင် တိုင်းရင်း သား‌တွေက အ‌ခြေခံမူ (၈)ချက်အ‌ပေါ်မှာ သ‌ဘောတူညီမှု ရရှိခဲ့တယ်ဆိုတာကို လက်မှတ်‌ရေးထိုးခဲ့ကြတယ်။ ဒီအစည်းအ‌ဝေး မှာ ဘာအခက်အခဲမှာ မရှိခဲ့ဘူး။ ဒီအချက်အလက်‌တွေကိုပဲ ပြန်သုံးသပ်ပြီး အသစ်တဖန် ထပ်မံ သ‌ဘောတူခဲ့ကြတယ်။ ထပ် ဖြည့်ရမယ့်အရာ‌တွေကို ထပ်ဖြည့်တယ်။ ပြီး‌တော့ အမျိုးသားဆိုင်ရာကာကွယ်‌ရေးကိုလည်း‌ကောင်း၊ လုံခြုံ‌ရေးဆိုင်ရာကိုလည်း ‌ကောင်း၊ ဖက်ဒရယ်ပြည်‌ထောင်စုလုံခြုံ‌ရေးအတွက်ဖြစ်‌စေ အဲဒါ‌တွေအတွက် သ‌ဘောတူညီမှုရရှိခဲ့ကြတယ်။ ဘာ‌ကြောင့်လဲဆို ‌တော့ ‌ရှေ့ဆက် ဖက်ဒရယ်ပြည်‌ထောင်စုကို တည်‌ဆောက်မယ်ဆိုရင် ဖက်ဒရယ်တပ်မ‌တော်ဆိုတာ ရှိရမယ်။ ဒါ‌ပေမယ့် ဘယ် လိုတပ်မ‌တော်မျိုး ဖြစ်မလဲဆိုတာက‌တော့ သ‌ဘောတူညီမှုရရှိထားတဲ့ အ‌ခြေခံမူ‌ပေါ်မှာ မူတည်တယ်။

‌ကေအိုင်စီ ။ ။ တိုင်းရင်းသားအဖွဲ့‌ပေါင်းစုံက မိုင်ဂျာယာန်မှာ အစည်းအ‌ဝေးလုပ်‌နေတဲ့အချိန် မိုင်းလားအဖွဲ့နဲ့ “၀” အဖွဲ့တို့က ‌ဒေါ် ‌အောင်ဆန်းစုကြည်၊ မင်း‌အောင်လှိုင်တို့နဲ့ သီးသန့် သွား‌တွေ့ဆုံကြတယ်။ ဒီကိစ္စအ‌ပေါ်မှာ ဆရာမအ‌နေနဲ့ ဘာ‌ပြောချင်ပါသလဲ။
ပဒို‌နော်စီဖိုးရာစိန် ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစည်းအ‌ဝေး မစတင်ခင် UNFC က ကိုယ်စားလှယ်‌စေလွှတ်ပြီး သူတို့ဒီအစည်းအ ‌ဝေး လာတက်ဖို့ ‌တွေ့ဆုံ‌ဆွေး‌နွေး‌စေတယ်။ ဒါ‌ပေမယ့် သူတို့ဘက်မှာက အစိုးရနဲ့ ‌တွေ့ဆုံမယ့်အချိန်နဲ့ တိုက်ဆိုင်‌နေတဲ့အတွက် သူတို့ ဒီအစည်းအ‌ဝေးကို လာတက်ဖို့အတွက် အခက်အခဲဖြစ်တယ်။ ဒါ‌ကြောင့် မို့ သူတို့ ဒီအစည်းအ‌ဝေးကို မလာတက်ဖြစ်ဘူး ဆိုတာ ဒီအချိန်မှာ ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ အာမခံထားတာ တိုက်ဆိုင်‌နေတဲ့အတွက် ဆိုတာကို ကျမတို့နားလည်တယ်။ တချိန်တည်း မှာပဲ ကျမတို့ ဒီဘက်က ဒီလိုအချိန်ကို လုပ်ဖြစ်တဲ့အတွက် သူတို့မတက်‌ရောက်နိုင်တာ ဖြစ်ပါတယ်။ ဒါက အချက်တစ်ချက် ဖြစ် တယ်။ တစ်ခြားအချက်က‌တော့ ဘာသာစကားပိုင်းမှာ အခက်အခဲ ရှိတယ်။ သူတို့ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် နားမ လည်ဘူး။ သူတို့လာတက်မယ်ဆိုရင် အစည်းအ‌ဝေးမှာ ဘာ‌တွေ‌ပြောဆို‌ဆွေး‌နွေးလဲဆိုတာ အခက်အခဲ ဖြစ်‌စေမယ်။ ဒါ‌တွေက ကျမရဲ့အမြင်ပဲ ဖြစ်ပါတယ်။
_KKZ1890
‌ကေအိုင်စီ ။ ။ မိုင်ဂျာယာန်အစည်းအ‌ဝေးမှာ အချက်(၄)ချက်ကို သ‌ဘောတူလက်ခံ‌ဆွေး‌နွေးခဲ့ကြတဲ့အခါမှာ မပြီးပြတ်‌သေးတဲ့ အပိုင်းရှိတယ်လို့ သိရသည်။ ဒါ‌ကြောင့် မပြီးပြတ်‌သေးတဲ့ အချက်အလက်‌တွေအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေ အ‌နေနဲ့ ဘယ်လို ဆက်လုပ်ကြမလဲ။
ပဒို‌နော်စီဖိုးရာစိန် ။ ။ အ‌ခြေခံမူကို သ‌ဘောတူလက်ခံတာ ရှိတယ်။ ဒါ‌ပေမယ့် အ‌သေးစိတ် ပြီး‌မြောက်‌အောင် လုပ်‌ဆောင်ဖို့အ တွက် UNFC ဘက်ကဆိုရင် DPN ဆိုတဲ့ ‌ပြောဆိုရမယ့် ကိုယ်စားလှယ်‌တွေကို ထားထားတယ်။ အဲဒါက Dialogue Political Negotiation အဖွဲ့။ လက်မှတ်ထိုးတဲ့အဖွဲ့ဘက်ကဆိုရင် Coordinating Team (CT) အဖွဲ့။ နှစ်ဖွဲ့စလုံးကို ‌ပေါင်းလိုက်တယ်။ ဒီတစ်ကြိမ်အစည်းအ‌ဝေးမှာ ကျင်းပ‌ရေး‌ကော်မတီကို ဖွဲ့စည်းခဲ့တယ်။ ဒါ‌ကြောင့် ဒီ‌ကော်မတီက မပြီးပြတ်‌သေးတဲ့ အ‌ကြောင်းအ ရာ‌တွေကို ပြန်လုပ်‌ဆောင်ရမယ်။ စာတမ်းနှစ်ခုစလုံးကို ပြီးပြည့်စုံ‌အောင် တစ်ခုတည်းပြန်ဖြစ်‌အောင် ‌ရေးဖို့အတွက်၊ မပြီးပြတ် ‌သေးတာကို အ‌သေးစိတ် ပြန်လုပ်ဖို့အတွက်ကိုလည်း တာဝန်‌ပေးထားပါတယ်။
ဒီအစည်းအ‌ဝေးမှာ ‌ခေါင်းစဉ်တစ်ခုတစ်ခုအ‌ပေါ်မှာ working group တစ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့တယ်။ အ‌ကြောင်းအရာ (၃) ခုရဲ့ working group‌တွေဟာ အဲဒီ (၃)ဖွဲ့က လုပ်‌ဆောင်ရမှာ ဖြစ်ပါတယ်။ ဩဂုတ်လ (၁၀)ရက်‌နေ့မှာ သူတို့က ကျင်းပ‌ရေး ‌ကော်မတီဆီကို အစီရင်ခံရမယ်။ ကျင်းပ‌ရေး‌ကော်မတီက တာဝန်ပြန်ယူပြီး အဲဒီအချက်အလက်‌တွေကို ပြီးစီး‌အောင် ပြန်လုပ် ‌ဆောင်ရမယ်။ ကျင်းပ‌ရေး‌ကော်မတီကလည်း အတည်ပြုဖို့အတွက် လိုအပ်သလို တစ်ခုခုလုပ်သွားမယ်။ အစည်းအ‌ဝေး‌ခေါ်သင့် ရင်လည်း ‌ခေါ်မယ်။

‌ကေအိုင်စီ ။ ။ အခု အစည်းအ‌ဝေးက ပြီးပြီဆို‌တော့ အပစ်ရပ်၊ အပစ်မရပ်ထားတဲ့ တိုင်းရင်းသားအစုအဖွဲ့‌တွေဘက်က‌ကော၊ အစိုးရနဲ့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်ကို ဘယ်လိုဆက်သွားမလဲ။
ပဒို‌နော်စီဖိုးရာစိန် ။ ။ ဒီအစိုးရအဖွဲ့နဲ့ သူတို့ ‌ရှေ့ဆက်သွားဖို့အတွက် လက်ရှိအစိုးရအဖွဲ့က လမ်းဖွင့်ထားတယ်။ ပထမဆုံးအ‌နေ နဲ့ ‌ဒေါ်‌အောင်ဆန်းစုကြည်က (၂၁)ရာစု ပင်လုံညီလာခံကို‌ခေါ်တယ်။ ဆိုလိုချင်တာက တိုင်းရင်းသား‌တွေ အစိုးရသစ်နဲ့ နိုင်ငံ‌ရေး ‌ဆွေး‌နွေးဖို့ (၂၁)ရာစု ပင်လုံညီလာခံက ‌ဆွေး‌နွေးရမယ့်အချိန်ဖြစ်ပါတယ်။ ဒါ‌ကြောင့်မို့ (၂၁)ရာစုပင်လုံညီလာခံကို မသွားခင်စပ် ကြားကာလမှာ သူတို့ political dialogue Framework ကို ပြန်စိစစ်သုံးသပ်ရမယ်။ ပြန်ပြီး review လုပ်ရမှာဖြစ်တဲ့အတွက်က ဒီနိုင်ငံ‌ရေးမူ‌ဘောင်ကို သုံးသပ်တဲ့‌နေရာမှာ ‌တွေ့ဆုံ‌ဆွေး‌နွေးရမယ်။ ပြီးမှ ‌နောက်တစ်ဆင့်က ဘယ်ကိုသွားရမလဲ‌ပေ့ါ။

‌ကေအိုင်စီ ။ ။ အစိုးရက ‌ခေါ်မယ့် (၂၁)ရာစု ပင်လုံညီလာခံ(ဒါမှမဟုတ်) ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံကို ‌ကေအဲန်ယူအ ‌နေနဲ့ ဘယ်လို သ‌ဘောထားရှိပါသလဲ။
ပဒို‌နော်စီဖိုးရာစိန် ။ ။ ကျမအမြင်‌ပေါ့။ အ‌ရေးကြီးတာက ကျမတို့အတူတကွ သွားနိုင်ဖို့။ လက်မှတ်ထိုးတဲ့အဖွဲ့ပဲဖြစ်ဖြစ်၊ လက် မှတ်မထိုးတဲ့အဖွဲ့ပဲဖြစ်ဖြစ် အတူတကွ သွားနိုင်ဖို့အတွက် အချိန်လိုတယ်။ အခုသတ်မှတ်ထားတဲ့အချိန် ဩဂုတ်လအတွင်းမှာ မြန်မြန်ဆန်ဆန်သွားမယ်ဆိုရင် လက်မှတ်ထိုးတဲ့အဖွဲ့‌တွေနဲ့ လက်မှတ်မထိုးတဲ့အဖွဲ့‌တွေ ပြီးစီး‌အောင်လုပ်ရမယ့် နိုင်ငံ‌ရေးမူ ‌ဘောင် ပြန်စိစစ်သုံးသပ်ဖို့အတွက် အချိန်နည်းနည်း နည်းမယ်။ အချိန်နည်းတဲ့အ‌ပေါ်မှာ အစိုးရကလည်း ဒါကို စဉ်းစား‌ပေးသင့် တယ်။ လက်မှတ်မထိုးတဲ့အဖွဲ့‌တွေအတွက် ဒီနိုင်ငံ‌ရေးမူ‌ဘောင်ကို သုံးသပ်‌ဆွေး‌နွေးဖို့ အချိန်‌ပေးရမယ်။ ဒီနိုင်ငံ‌ရေးမူ‌ဘောင်ကို သ‌ဘောတူညီမှုရရှိပြီး အတည်ပြုပြီးမှ ဆက်လုပ်ရမယ်။ ‌သေ‌သေချာချာလုပ်ဖို့အတွက် အချိန်နည်းနည်းလိုမယ်။
အစိုးရက ဘာ‌ကြောင့် ဒီ political Framework ကို ‌ပြောဆို‌ဆွေး‌နွေးရသလဲဆိုရင် ‌ရှေ့ဆက် (၂၁) ရာစုပင်လုံညီလာ ခံဖြစ်တဲ့ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံကို သွားတဲ့အခါ အားလုံးပါဝင်ဖို့လိုတယ်။ တိုင်းရင်းသားအဖွဲ့အားလုံး၊ တိုင်းရင်း သားပါတီအားလုံး ဒါ‌ပေမယ့် အဖွဲ့အားလုံး ဘယ်လိုပါဝင်ရမလဲ ဆိုတာက‌တော့ နိုင်ငံ‌ရေး‌ဆွေး‌နွေး‌ရေးမူ‌ဘောင်ထဲမှာ အ‌သေး စိတ် ‌သေ‌သေချာချာ ‌ဖော်ပြထားရမယ်။ ဒါ‌ကြောင့်မို့ သ‌ဘောတူညီမှု ရရှိဖို့ အ‌ရေးကြီးတယ်။ ဒီတစ်ကြိမ်အစည်းအ‌ဝေးမှာ အထူး သဖြင့် သုံးပွင့်ဆိုင် သ‌ဘောတူညီမှု ရရှိခဲ့ကြတယ်။ ဆိုလိုချင်တာက ‌ရှေ့ဆက်‌ဆွေး‌နွေးဖို့အတွက် အ‌ရေးကြီးတာက အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့‌တွေ၊ ပြီး‌တော့ နိုင်ငံ‌ရေးပါတီ‌တွေ ပါဝင်ဖို့လိုတယ်။ ဒီ‌နေရာမှာ အရင်တုန်းက အစိုးရက သုံးပိုင်းကွဲပြန်တယ်။ အစိုးရအတွင်းမှာပဲ အစိုးရ၊ တပ်မ‌တော်၊ လွှတ်‌တော်ဆိုပြီး အခု တစ်ဖွဲ့တည်းဖြစ်‌အောင် ဆိုလို ချင်တာက အစိုးရ၊ လွှတ်‌တော်နဲ့ စစ်သားက ဘက်တစ်ဖက် တစ်ပွင့်၊ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့‌တွေက ဘက်တစ်ဖက်တစ်ပွင့်၊ နိုင်ငံ‌ရေးပါတီက တစ်ဘက်တစ်ပွင့်၊ ဒီတစ်ကြိမ်အစည်းအ‌ဝေးမှာ ဒီလိုသ‌ဘောတူညီမှုရရှိတယ်။ ဒါ‌ကြောင့်မို့ ဒီနိုင်ငံ‌ရေးမူ‌ဘောင်မှာ သ‌ဘောတူညီမှုရ‌အောင် ‌ပြောဆို‌ဆွေး‌နွေးရမယ်။

‌ကေအိုင်စီ ။ ။ ‌နောက်ဆုံးအ‌နေနဲ့ မိုင်ဂျာယာန်အစည်းအ‌ဝေးနဲ့ ပတ်သက်ပြီး ‌မေးမြန်းတဲ့အထဲမှာ မပါဘဲ ဆရာမအ‌နေနဲ့ သီးသန့် ဘာများထပ်ပြီး ဖြည့်စွက် ‌ပြောဆိုချင်ပါသလဲ။
ပဒို‌နော်စိဖိုးရာစိန် ။ ။ အ‌ရေးကြီးတာက တိုင်းရင်းသားအားလုံးသ‌ဘောတူညီဖို့အတွက်နဲ့ နိုင်ငံ‌ရေး ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒ ရယ်ပြည်‌ထောင်စုကို မြန်မာနိုင်ငံထဲမှာတည်‌ဆောက်ဖို့အတွက်ဖြစ်‌စေ တိုင်းရင်းသားအဖွဲ့အားလုံးက အတူတကွ ယှဉ်တွဲ‌နေထိုင် ဖို့ပါပဲ။ တန်းတူအခွင့်အ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လွတ်လပ်လပ် ယှဉ်တွဲ‌နေထိုင်‌ရေး၊ တန်းတူအုပ်ချုပ်တဲ့ အခွင့်အ‌ရေး‌တွေ အတွက် ဒါက တိုင်းရင်းသားနိုင်ငံ‌ရေးပါတီအတွက်ပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တိုင်းရင်းသား ‌တော်လှန်‌ရေးအဖွဲ့အတွက်ပဲဖြစ်ဖြစ် ဒီမိုက‌ရေစီလှုပ်ရှားသူ‌တွေအတွက်ပဲဖြစ်ဖြစ် ဒါက ရည်မှန်းချက် ပန်းတိုင်ဖြစ်တယ်။
ဒါ‌ကြောင့် ဒီဖက်ဒရယ်ပြည်‌ထောင်စုကို တည်‌ဆောက်ရာမှာ တစ်ဖွဲ့တည်း ၊ အနည်းငယ်ပဲ သွားလို့ မရဘူး။ တိုင်းရင်း သားနဲ့ အစိုးရ ဘက်နှစ်ဖက်တည်း သွားလို့ မရဘူး။ နို်င်ငံ‌ရေးပါတီနဲ့ အစိုးရကြီးပဲ သွားလို့မရဘူး။ အဖွဲ့အားလုံးပါဝင်ပြီး သွားရ မယ်။ ဒါ‌ကြောင့် အားလုံးညီညီညွတ်ညွတ်၊ စိတ်ရှည်ရှည်ထားပြီးသွားရမယ်။ အခက်အခဲ‌တွေ ရှိ‌ကောင်းရှိနိုင်မယ်။ အ‌ရေးကြီး တာက ကျမတို့ တိုင်ပင်‌ဆွေး‌နွေးရမယ်။ အတူတကွ သွားကြမယ်။ နည်းလမ်းရှာကြရမယ်။ ဒါမှ တိုင်းရင်းသား‌တွေရဲ့ စည်းလုံး ညီညွတ်မှု အင်အားကြီးလာမယ်။ စည်းလုံးညီညွတ်မှု အင်အားကြီးလာမှ ကျမတို့လိုချင်တဲ့ နိုင်ငံ‌ရေးပန်းတိုင်ကို ‌ရောက်ရှိမှာ ဖြစ်ပါတယ်။
ကျမတို့ရဲ့ နိုင်ငံ‌ရေးရည်မှန်းချက်ကို ကျမတို့ တကွဲတပြား သွားမယ်ဆိုရင် မ‌ရောက်ဘူး။ အခက်အခဲ‌တွေဖြစ်ပြီး ‌မျှော် မှန်းချက်ကိုမ‌ရောက်ဘဲ ပဋိပက္ခ‌တွေကို ဖြစ်‌စေလိမ့်မယ်။ ဒါ‌ကြောင့်မို့ လွန်ခဲ့တဲ့အစိုးရဆိုရင် ကျမတို့ တိုင်းရင်းသား‌တွေ အတူတ ကွ လက်မှတ်‌ရေးထိုးမှာကို လက်မခံဘဲ ‌နောက်ပိုင်းမှာ တိုင်းရင်းသားအချင်းချင်း တိုက်ပွဲ‌တွေ ဖြစ်လာရတယ်။ အခုလည်း တိုက် ပွဲ‌တွေ မပြီးဆုံး‌သေးဘူး။ ရှိ‌နေတုန်းပဲ။ ဒါက ကျမတို့ အ‌ရေးကြီးဆုံး သတိထားရမှာ‌တွေပဲ။ ဒါ‌ကြောင့်မို့ တစ်‌ယောက်နဲ့တစ် ‌ယောက် အပြန်အလှန် ‌လေးစားနားလည်ကြပြီး ကျမတို့ရဲ့ ရည်မှန်းချက်ကို ‌ရောက်ရှိဖို့အတွက် တိုင်းရင်းသားစည်းလုံးညီညွတ် ‌ရေးကို တည်‌ဆောက်ရမယ်။ တိုင်းရင်းသားပြည်သူ‌တွေ၊ မြန်မာပြည်သူ‌တွေကလည်း ဒါကို နားလည်ထားဖို့လိုပြီး ဖက်ဒရယ် ပြည်‌ထောင်စုကို တည်‌ဆောက်ဖို့၊ ဒီမိုက‌ရေစီအစိုးရကို ရရှိဖို့အတွက် အ‌ထောက်အပံ့ဖြစ်‌အောင် အားလုံး စည်းစည်းလုံးလုံး၊ ညီ ညီညွတ်ညွတ် သွားကြရမှာ ဖြစ်ပါတယ်။