Home ထိပ်တန်းသတင်း ဖားအံမြို့၊ ၂၈နှစ်‌မြောက် ရှစ်‌လေးလုံး‌အောက်‌မေ့ဖွယ် အခမ်းအနား အလွှာစုံတက်‌ရောက်

ဖားအံမြို့၊ ၂၈နှစ်‌မြောက် ရှစ်‌လေးလုံး‌အောက်‌မေ့ဖွယ် အခမ်းအနား အလွှာစုံတက်‌ရောက်

1776

ဩဂုတ် ၈ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ယ‌နေ့ကျ‌ရောက်သည့် ရဟန်းရှင်၊ လူထု၊ ‌ကျောင်းသားများ ပါဝင်ခဲ့‌သော ၂၈နှစ်‌မြောက် ရှစ်‌လေးလုံးအ‌ရေး‌တော်ပုံ ‌အောက်‌မေ့ ဖွယ် အခမ်းအနားကို ကရင်ပြည်နယ်၊ ဖားအံမြို့ ခွယ်က‌ဘောင်ခန်းမတွင် ဖားအံ‌ဒေသခံ ၈၈‌ကျောင်းသား‌ဟောင်းများက ဦး‌ဆောင်ကျင်းပခဲ့ရာ ကျန်လူတန်းစားအလွှာစုံမှ လူထုပရိဿတ်များ တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်မြို့မှ ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုယ်စားလှယ်‌ကျောင်းသားအဖွဲ့များ၊ ဖားအံတက္ကသိုလ်‌ကျောင်းမှ ‌ကျောင်းသား/‌ကျောင်းသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပါတီများနှင့် ကရင်ပြည်နယ်တွင်း ၈၈ အ‌ရေး‌တော်ပုံတွင် ပါဝင်သာ ‌ကျောင်းဆရာကြီးများ၊ ‌ကျောင်းသား‌ဟောင်းကြီးများ၊ ‌ဒေသခံများနှင့် ABSDF ရဲ‌ဘော်‌ဟောင်းများ စုစု‌ပေါင်း ၁၅၀‌ကျော် တက်‌ရောက်ခဲ့ကြခြင်းဖြစ်သည်။

ပွဲဖြစ်‌မြောက်‌ရေး ဦး‌ဆောင်ကျင်းပသူ ဖားအံ ၈၈ ‌ကျောင်းသား‌ဟောင်း ကို‌ကျော်ခင်က “ဒီက‌နေ့ပွဲက‌တော့ ကျ‌နော်တို့ ဖားအံမှာ အ‌ရေးအခင်းတုန်းက ပါဝင်ခဲ့သူ‌တွေ လက်လှမ်းမှီသ‌လောက် စုစည်းပြီး ကျင်းပခဲ့တာပါ။ ‌နောင်တက်လာမယ့် မျိုးဆက်သစ်လူ ငယ်‌တွေ ၈၈ဆိုတဲ့ နိုင်ငံအ‌ပြောင်းအလဲကို ‌ဖော်‌ဆောင်ခဲ့တဲ့ အ‌ရေး‌တော်ပုံသမိုင်း မ‌ပျောက်ပျက်‌အောင် လက်ဆင့်ကမ်း စိတ် ဓါတ်ခွန်အား ‌ပေးခွင့်ရလို့ ‌ကျေနပ်ပါတယ်”ဟု ‌ပြောသည်။

ဖားအံတွင် ပြုလုပ်သည့် ယင်းအခမ်းအနားသည် ဖားအံမြို့၊ မဂ္ဂင်‌ကျောင်းတိုက်တွင် အ‌ရေး‌တော်ပုံအတွင်း ကျဆုံးသွားခဲ့သူများ အား အရုဏ်ဆွမ်းကပ်လှူကာ အမျှ‌ပေး‌ဝေပြီး‌နောက် နံနက် ၈နာရီတွင် ခွယ်က‌ဘောင်ခန်းမ၌ ‌အောက်‌မေ့ဖွယ်အခမ်းအနား ကျင်းပခဲ့သည်။ ၎င်း‌နောက် မွန်းလွဲ ၁နာရီတွင် သံလွင်မြစ်အတွင်းသို့ လွမ်းသူပန်း‌ခွေ‌မျှောချခြင်း အစီအစဉ်များကို အခမ်းအနား ဦး‌ဆောင်သူများက ပြုလုပ်ခဲ့ကြသည်။

ယင်းအခမ်းအနား တက်‌ရောက်သည့် ‌ကော့ကရိတ်မြို့မှ ၈၈‌ကျောင်းသူ‌ဟောင်း ‌နော်တ‌ကော်ထူးက “ဒီ‌နေ့ အခမ်းအနားကို အခု ချိန်မှာ လွတ်လပ်စွာ လုပ်ခွင့်ရလာပြီဖြစ်တဲ့အတွက် ‌ကျေနပ်တယ်။ ‌နောင်နှစ်‌တွေမှာ ဒီထက် ကျယ်ကျယ်ပြန့်ပြန့် လုပ်မယ်လို့ စိတ်ကူးထားတယ်။ ဒါမှ လူငယ်‌တွေကြားမှာ ၈၈သမိုင်း အစဉ်သိ‌နေမှာပါ။ ကျမတို့ ၈၈တုန်းကပါလို့ ‌တောခိုတိုက်ပွဲဝင်ခဲ့တယ်။ အခု‌တော့ ပူး‌ပေါင်းလုပ်‌ဆောင်ရမယ့်အချိန်မှာ လူငယ်မျိုးဆက်သစ်‌တွေနဲ့အတူတူ CSO အလုပ်‌တွေ လုပ်‌ပေး‌နေတယ်”ဟု ‌ပြော ဆိုသည်။

အစိုးရသစ်လက်ထက်တွင် ယ‌နေ့ ကျ‌ရောက်သည့် ၈၈အ‌ရေး‌တော်ပုံ ‌အောက်‌မေ့ဖွယ် အခမ်းအနားများကို မြန်မာနိုင်ငံတဝှမ်း၌ ကျင်းပလျှက်ရှိပြီး ကရင်ပြည်နယ်တွင် ဖားအံနှင့် မြဝတီမြို့များ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ ဖားအံမြို့တွင် ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ စီစဉ်သူများက ပြည်နယ်အစိုးရအဖွဲ့နှင့် ဋ္ဌာနဆိုင်ရာ တာဝန်ခံများအား ဖိတ်ကြားခဲ့‌သော်လည်း တက်‌ရောက်ခဲ့ ခြင်း မရှိ‌ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဒီမိုက‌ရေစီနိုင်ငံ‌ရေးစနစ်သစ် ‌ပေါ်ထွန်းရန်အတွက် ၁၉၈၈ခုနှစ်က တစ်ပါတီစစ်အာဏာရှင်အစိုးရအား တစ်နိုင်ငံ လုံးရှိ အလွှာအသီးသီးမှ ရဟန်းရှင်၊ လူထု၊ ‌ကျောင်းသား‌ကျောင်းသူများက ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အ‌ထွေ ‌ထွေ သပိတ်‌မှောက် ဆန္ဒပြပွဲကြီး ဖြစ်ပွားခဲ့သည့် သမိုင်းဝင် အထိမ်းအမှတ်‌နေ့ကို ၈၈အ‌ရေး‌တော်ပုံ‌နေ့အဖြစ် သတ်မှတ်ခဲ့ကြ သည်။