Home ထိပ်တန်းသတင်း ပင်လုံညီလာခံတက်‌ရောက်ရန်အသင့်ရှိ‌ကြောင်း အပစ်မရပ်အဖွဲ့ ၃ဖွဲ့ သ‌ဘောထားထုတ်ပြန်

ပင်လုံညီလာခံတက်‌ရောက်ရန်အသင့်ရှိ‌ကြောင်း အပစ်မရပ်အဖွဲ့ ၃ဖွဲ့ သ‌ဘောထားထုတ်ပြန်

1734
ဩဂုတ် ၁၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ဩဂုတ်လ ၃၁ရက်‌နေ့တွင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံသို့ တက်‌ရောက်ရန် အဆင်သင့်ရှိ‌ကြောင်း NCA လက်မှတ်မထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့က ဩဂုတ်လ ၁၈ရက် ‌နေ့စွဲ ဖြင့် သ‌ဘောထား ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှုအမျိုးသားပါတီ (MNTJP/MNDAA)၊ ပ‌လောင်ပြည်နယ် လွတ်‌မြောက်‌ရေးတပ်ဦး (PSLF/ TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)တို့က ယ‌နေ့ ထုတ်ပြန်လိုက်သည့် ၂၁ပင်လုံညီလာခံ တက်‌ရောက်နိုင်‌ရေး သ‌ဘော ထားများနှင့်ပတ်သက်၍ TNLA မှ ဗိုလ်မှူးကြီး တာဘုန်း‌ကျော်က ယခုလို ‌ပြောသည်။

“ဩဂုတ်လ ၁၅ရက်‌နေ့မှာ ‌ဒေါ်‌အောင်ဆန်းစုကြည် ဦး‌ဆောင်တဲ့ UPDJC အစည်းအ‌ဝေးက‌နေ အားလုံး ပါဝင်‌ရေးမူကို လက်ခံ တယ်လို့ကြားသိရတယ်။ ကျ‌နော်တို့နားလည်တာက အားလုံးပါဝင်‌ရေး မူကို လက်ခံတယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး တက်‌ရောက်ခွင့်ရှိလိမ့်မယ်။ အဲဒီ‌တော့ ကျ‌နော်တို့ မဟာမိတ် ၃ ဖွဲ့လည်း တက်‌ရောက်ခွင့်ရှိမယ်လို့ နားလည်တယ်။ အဲဒါ‌ကြောင့် ‌ကော်မတီက ဖိတ်မယ်၊ တက်‌ရောက်ခွင့်ရှိမယ်ဆိုရင် ကျ‌နော်တို့အ‌နေနဲ့ အဆင့်သင့်ဖြစ်ပါတယ်ဆိုတာကို ထုတ် ‌ဖော်‌ပြောဆိုတာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ရက်‌နေ့ ‌နေပြည်‌တော်၌ ကျင်းပခဲ့သည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ UPDJC အစည်းအ‌ဝေးမှ ၂၁ရာစု ပင်လုံညီလာခံ ပူးတွဲကျင်းပ‌ရေး‌ကော်မတီတွင် NCA လက်မှတ်မထိုးထားသည့်အဖွဲ့များ ပါဝင်‌ရေး သ‌ဘောတူ ဆုံးဖြတ်လိုက်သည့်‌နောက် ၎င်းလက်နက်ကိုင်အဖွဲ့ ၃ဖွဲ့က သ‌ဘောထားထုတ်ပြန်လာခြင်းဖြစ်သည်။

ယခင်အစိုးရလက်ထက် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာ ချုပ်-NCA လက်မှတ်‌ရေးထိုးရာတွင် အားလုံး ပါဝင်‌ရေးမှုနှင့်ပတ်သက်ပြီး ကန့်သတ်မှုအချို့ရှိခဲ့ခြင်း‌ကြောင့် အဆိုပါအဖွဲ့များအ‌နေ ဖြင့် ပါဝင်လက်မှတ်‌ရေးထိုးနိုင်ခြင်းမရှိဘဲ တပ်မ‌တော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

၎င်းအပြင် မကြာမီကျင်းပမည့် ပင်လုံညီလာခံတွင် အားလုံးပါဝင်‌ရေးအတွက် တပ်မ‌တော်၏ သ‌ဘောထား ထုတ်ပြန်‌ပြောဆိုမှု များအ‌ပေါ် NCA လက်မှတ်မ‌ရေးထိုးထားသည့် ယင်းအဖွဲ့ ၃ဖွဲ့အ‌နေဖြင့် ညီလာခံတက်‌ရောက်‌ရေးအတွက် အခက်အခဲများ ဖြစ် ‌ပေါ်ခဲ့ခြင်းဖြစ်သည်။

“ကျ‌နော်တို့အ‌နေနဲ့က တပ်မ‌တော်ထက် ညီလာခံကိုအားလုံးပါဝင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ သ‌ဘောထားအ‌ပေါ်မှာပဲ ဒီလိုဆုံး ဖြတ်လိုက်တာပါ။ အဲဒီသ‌ဘောထားက‌နေ ဆက်ပြီး အ‌ကောင်အထည်‌ပေါ်မ‌ပေါ်ဆိုတာက‌တော့ ဆုံးဖြတ်တဲ့သူ‌တွေအ‌ပေါ်မှာပဲ မူတည်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု‌တွေ ဆက်ဖြစ်‌နေမယ်ဆို နိုင်ငံ‌ရေး process ‌တွေ အဟန့်အတား‌တွေဖြစ်လာနိုင်သလို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေဟာလည်း ‌ရှေ့ကိုဆက်သွားနိုင်မှာမဟုတ်ပါဘူးလို့ မြင်ပါတယ်”ဟု ရက္ခိုင့်တပ်မ‌တော်-AA မှ ဗိုလ်မှူး ကြီး‌ကျော်ဟန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းတို့အ‌နေဖြင့် အစိုးရ၊ တပ်မ‌တော်နှင့် တိုင်းရင်းသာလက်နက်ကိုင်များ ‌ဖော်‌ဆောင်သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များတွင် ပူး‌ပေါင်းပါဝင်သွားရန်အပြင် လက်ရှိ တပ်မ‌တော်နှင့်ဖြစ်ပွား‌နေသည့် တိုက်ပွဲများကို အပြန်အလှန်ရပ်စဲပြီး နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေး ‌ရေးနည်းလမ်းဖြင့်သာ လုပ်‌ဆောင်သွားရန်ဆန္ဒရှိ‌ကြောင်းလည်း သ‌ဘောထားထုတ်ပြန်ထားသည်။

၂၁ ပင်လုံညီလာခံ ကျင်းပမည့်ရက်ကို ဩဂုတ်လ ၁၅ရက်‌နေ့၊ ‌နေပြည်‌တော်တွင် ကျင်းပသည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဆွေး ‌နွေးမှု ပူးတွဲ‌ကော်မတီ UPDJC အစည်းအ‌ဝေးတွင် အတည်ပြုလိုက်ခြင်းဖြစ်ပြီး ညီလာခံကို ငါးရက်တာ ကျင်းပသွားမည်ဖြစ်သည်။