Home သတင်း စစ်တပ်၏ မီးစက်ဆီဖြည့်မှု‌ကြောင့် ဘုန်းကြီး‌ကျောင်းမီး‌လောင်မှုဖြစ်ပွား

စစ်တပ်၏ မီးစက်ဆီဖြည့်မှု‌ကြောင့် ဘုန်းကြီး‌ကျောင်းမီး‌လောင်မှုဖြစ်ပွား

2097

ဩဂုတ် ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ဖာပွန်မြို့နယ် သဲဖြူ‌ချောင်း‌ကျေးရွာ ဘုန်းကြီး‌ကျောင်း၌ ဩဂုတ် ၂၃ရက်(ယမန်‌နေ့) ‌နေ့လည် ၁နာရီ‌ကျော်က မြန်မာအစိုးရ၏ တပ်မ(၄၄)လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း (ခလရ-၈) တပ်ဖွဲ့ဝင်တစ်ခုသည် ‌နေ့ခင်းပိုင်း ဗီဒီယိုကြည့်ရန် မီးစက်ဓာတ်ဆီဖြည့်‌နေစဉ် မ‌တော်တဆ မီး‌လောင်ကျွမ်းရာမှ ရွာဘုန်းကြီး‌ကျောင်း မီး‌လောင်မှုဖြစ်ပွားခဲ့သည်။

မီး‌လောင်မှုဖြစ်ပွားမှု‌ကြောင့် ဘုန်းကြီး‌ကျောင်းအ‌ဆောက်အဦးတစ်ခု အပါအဝင် ‌ကျောင်းအသုံးအ‌ဆောင်ပစ္စည်းများ၊ ‌ရှေး‌ဟောင်းဘုရားအချို့နှင့် ဘုန်းကြီး၏ ရတနာပစ္စည်းအချို့ မီးထဲတွင် ပါသွား‌ကြောင်းနှင့် အဆိုပါ ခလရ-၈ တပ်ရင်း က ‌ကျောင်းထိုင်ဆရာ‌တောင်အား သတင်းမ‌ပေါက်ကြား‌စေဘဲ ‌ကျောင်းကို ပြန်လည် တည်‌ဆောက်‌ပေးမည်ဟု ‌ပြောဆိုထား‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ‌ပြောသည်။

“မီး‌လောင်တာ သူတို့က ရွာသားနဲ့ ဘုန်းကြီး‌တွေကို ‌ပြောထားတာက ဘာမှ သတင်း‌ပေးမ‌ပေါက်ကြားနဲ့တဲ့။ သူတို့က ဘုန်းကြီး‌ကျောင်းကို ပြန်‌ဆောက်‌ပေးမယ်လို့ ‌ပြောတယ်။ မီး‌လောင်ရာမှာ ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်ဖိုး‌တွေလည်း ‌လျော်မ‌လျော် သူတို့ မ‌ပြော‌သေးဘူး”ဟု ၎င်း‌ဒေသခံက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ မီး‌လောင်ရာ၌ ဘုန်းကြီး‌ကျောင်းဝင်းအတွင်း ရှိ‌နေသည့် ခလရ-၈ တပ်ရင်းသည် အင်အား ၅၀‌ကျော်ရှိ‌သော ဗိုလ် မှူးချစ်မင်းသိန်း ဦးစီးသည့် စစ်‌ကြောင်း(၂)တပ်ဖွဲ့ဝင်ဖြစ်ပြီး မီး‌လောင်မှုဖြစ်ပွားချိန်တွင် ‌သေနတ်ကျည်ဆံများ မီး‌လောင် ‌ပေါက်ကွဲမှုရှိခဲ့‌သော်လည်း မည်သူမျှ ဝင်‌ရောက်၍ မီးမငြိမ်းသတ်ရဲ‌ကြောင်း မျက်မြင်သက်‌သေများ၏ ‌ပြောပြချက်အရ သိရသည်။

သဲဖြူ‌ကျောင်း‌ကျေးရွာသည် ကရင်လူမျိုးများ‌နေထိုင်သည့် ‌ကျေးရွာဖြစ်ပြီး မီး‌လောင်မှုဖြစ်ပွားသည့် ရွာဘုန်းကြီး ‌ကျောင်းမှာလည်း နှစ်ကြာမြင့်စွာက တည်‌ဆောက်ထားသည့် ရွာမဘုန်းကြီး‌ကျောင်း ဖြစ်သည်။