Home သတင်း လုံးခဲ‌ထော‌ချောင်း ပြန်လည်တူး‌ဖော်မှု‌ကြောင့် လယ်‌မြေဧက၂၀ဝခန့် ‌ရေမရရှိဘဲ အခက်ကြုံ‌နေ

လုံးခဲ‌ထော‌ချောင်း ပြန်လည်တူး‌ဖော်မှု‌ကြောင့် လယ်‌မြေဧက၂၀ဝခန့် ‌ရေမရရှိဘဲ အခက်ကြုံ‌နေ

2105

ဇူလိုင် ၁၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ဝင်း‌ရော်‌ဒေသရှိ ထီးဖိုးနှိုင်းရွာ လုံးခဲ‌ထော‌ချောင်းကို ကြာအင်းဆိပ်ကြီးမြို့နယ် ဆည်‌မြောင်းဌာနမှ ပြန်လည်တူး‌ဖော်မှုများ လုပ် ‌ဆောင်လိုက်သည့်အ‌ပေါ် လယ်‌မြေဧက ရာနှင့်ချီ၍ ‌ရေမရရှိ‌တော့သဖြင့် ထွန်ယက်စိုက်ပျိုးရန် အခက်အခဲကြုံ‌တွေ့‌နေရသည်ဟု ‌ဒေသခံလယ်သမားများက ‌ကေအိုင်စီသို့ ဇူလိုင်လ ၁၁ရက်‌နေ့က ‌ပြောသည်။

ထီးဖိုးနိုင်း၊ တမို့‌ဝေါင်းနှင့် ထီမံထို‌ကျေးရွာများရှိ လယ်‌မြေများမှာ ‌ရေရရှိရန် ရည်ရွယ်ကာ ဆည်‌မြောင်းဝန်ကြီးဌာနမှ ယခုနှစ် ‌ဖေ ‌ဖော်ဝါရီလက ယင်း‌ချောင်းကို ပြန်လည် တူး‌ဖော်ခြင်း‌ကြောင့် ယခုအချိန်တွင် ၎င်း‌ကျေးရွာများမှ လယ်သမား၂၀‌ကျော်၏ လယ် ‌မြေဧက (၂၀၀)ခန့်မှာ ‌ရေမရရှိသည့် ပြဿနာနှင့် ရင်ဆိုင်‌နေရသည်ဟု သိရသည်။

တမို့‌ဝေါင်းရွာမှ လယ်‌တောင်သူ နန်းကျင်နွယ်က “လုံးခဲ‌ထော‌ချောင်းကို အခု သူတို့ အနက်ကြီးလာတူးထား‌တော့ ‌ချောင်းမကြီး သဖွယ် ဖြစ်‌နေတယ်။ ‌ချောင်းထဲက‌နေ လယ်ကွက်ထဲကို စက်‌တွေနဲ့‌ရေပြန်စုပ်‌နေရတယ်။ မနက်မိုးလင်းရင် ‌ရေကမရှိ‌တော့ဘူး။ ‌မြေ‌အောက်က‌နေ ‌ချောင်းထဲပြန်ဆင်းသွားတယ်။ ကုန်ကျစရိတ်များလာတဲ့အတွက် အခက်အခဲဖြစ်‌နေရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ‌ချောင်းကို ပြန်လည်တူး‌ဖော်မှုရာတွင် ‌မြေစာပုံများပုံထားသဖြင့် လယ်သမားသုံးဦး၏ လယ်‌မြေ ၁ဧက‌ကျော်စီ ပျက်စီး သွားခြင်း၊ ကျန်ရှိသည့် လယ်ကွက်ထဲသို့ ‌ရေမ‌ရောက်သဖြင့် ယခင်နှစ်ကထက် စပါးအထွက်နှုန်း‌လျော့ကျဆင်းမည်ကို စိုးရိမ်ရ သည့်အတွက် တာဝန်ရှိသူများအ‌နေဖြင့် လာ‌ရောက်ကြည့်ရှု‌ပေးရန် ‌တောင်းဆို‌ကြောင်း ထီမံထို‌ကျေးရွာမှ လယ်‌တောင်သူ ‌စော ချစ်ဝင်းကလည်း ‌ပြောသည်။

အဆိုပါ လုံးခဲ‌ထော‌ချောင်း ပြန်လည်တူး‌ဖော်ခြင်းနှင့် ပတ်သက်၍ ကြာအင်းဆိပ်ကြီးမြို့နယ် ဆည်း‌မြောင်းဌာနမှ ဒုဦးစီးမှူး ဦးမြင့် ‌ထွေးအား ဇူလိုင်လ ၁၁ရက်‌နေ့တွင် ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ ၎င်းက “‌မြောင်းတူးတာက‌တော့ ‌မြေစာက ကျမှာပဲ ‌လေ။ အဲဒါက ‌နေရာတိုင်းပါပဲ။ လယ်‌တွေကို‌တော့ ကိုယ့်အစီအစဉ်နဲ့ ပြန်လုပ်မှရမယ်။ ကံတရား‌ပေါ့ဗျာ။ ဆည်‌မြောင်းအ‌နေနဲ့ ဘယ်လိုမှပြန်လုပ်‌ပေးလို့ မရဘူး‌ပေါ့‌နော်။ ဆည်‌မြောင်းတစ်ခုဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ ကုန်ကျစရိတ်‌တွေ အများကြီး ကုန် တယ်”ဟု ‌ပြောဆိုသည်။

၎င်းအပြင် ‌ကျေးရွာများမှ ရပ်မိရပ်ဖများ၏ လိုအပ်ချက်အရ ‌တောင်းဆိုစာများ‌ကြောင့် လာ‌ရောက်တူး‌ပေးရဖြစ်‌ကြောင်း၊ လုံးခဲ ‌ထော‌ချောင်းကို ဝင်း‌ရော်မြစ်ထိ ‌ရောက်‌အောင်ဆက်တူးရန် လျာထား‌ကြောင်း၊ ‌ဒေသခံများ၏ ကြုံ‌တွေ့‌နေရ‌သော အခက်အခဲ များကို အထက်ကိုပြန်လည်တင်ပြ‌ပေးမည်ဖြစ်‌ကြောင်း ဦးမြင့်‌ထွေးက ဆက်‌ပြောသည်။

တမို့‌ဝေါင်း‌ကျေးရွာအုပ်ချုပ်‌ရေးမှူး မန်းခင်လှိုင်ကလည်း “ဒီလုံးခဲ‌ထော‌ချောင်းတူးမယ်ဆိုရင် ရွာနားက လယ်‌မြေ‌တွေ‌တော့ ပြဿ နာ သိပ်မရှိ‌ပေမယ့် ‌ချောင်း‌အောက်ဘက်‌ရောက်ရင် လယ်သမား‌မြေ‌တွေထိမယ်ဆိုတာ သူတို့ကို ‌ပြောပြတယ်။ လယ်သမား‌တွေ ကိုလည်း မိမိတို့လယ်‌မြေ‌တွေပါရင် သွား‌ပြောဖို့‌ပြောတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလက ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသမှ ရပ်မိရပ်ဖနှင့် လယ်သမားအချို့၏ တင်ပြစာအ‌ပေါ် ကရင်ပြည်နယ်၏ ဘတ်ဂျက်‌ငွေဖြင့် သုံးစွဲခွင့်ပြုပြီး မုဒုံ‌မောင်‌မောင်ကုမ္ပဏီမှ ခလယ်‌ကျေးရွာအုပ်စု စ‌တော်‌ချောင်း၊ ခလယ် ‌ချောင်း၊ တံခွန်တိုင်‌ကျေးရွာအုပ်စုမှ တံခွန်တိုင်‌ချောင်း၊ ထီဖိုးနိုင်း‌ချောင်းများကို တာဝန်ယူ တူး‌ဖော်ခဲ့သည်ဟု သိရသည်။