Home သတင်း KV ဓါတ်အားလိုင်းစီမံကိန်း‌ကြောင့် နစ်နာသူများ ‌လျော်‌ကြေးရရှိရန် ပြည်‌ထောင်စုအစိုးရသို့ တင်ပြမည်

KV ဓါတ်အားလိုင်းစီမံကိန်း‌ကြောင့် နစ်နာသူများ ‌လျော်‌ကြေးရရှိရန် ပြည်‌ထောင်စုအစိုးရသို့ တင်ပြမည်

2147

ဇူလိုင် ၁၉ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

‌မော်လမြိုင်-မြဝတီ ၂၃ဝ ‌ကေဗွီ(KV)နှင့် မြဝတီ-‌ကော့ကရိတ် ၆၆ ‌ကေဗွီ ဓါတ်အားလိုင်းစီမံကိန်း‌ကြောင့် ထိခိုက်နစ်နာ‌သော ‌ဒေသခံများ၏ ‌မြေယာများအတွက် ‌လျော်‌ကြေး‌ငွေရရှိရန် ပြည်နယ်တွင်း ဌာနဆိုင်ရာများ ‌ကော်မတီဖွဲ့ စိစစ်‌ဆောင်ရွက်မှုများ ပြု လုပ်ပြီး ပြည်‌ထောင်စုအစိုးရသို့ တင်ပြ‌ပေးသွားမည်ဟု ကရင်ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုးလှိုင်က ဇူလိုင်လ ၁၄ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ အခု ‌အောက်‌ခြေမြို့နယ်‌တွေကို စာထုတ်ညွှန်ကြားထားတယ်။ ထိခိုက်နစ်နာတဲ့ ‌ဒေသခံ‌တွေရဲ့ ‌မြေယာ‌တွေ၊ လူ‌နေ အိမ်ခြံ‌တွေ၊ သီးပင်စားပင်‌တွေ ထိခိုက်နစ်နာတာ‌တွေကို ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်‌ကျေးအဆင့် စိစစ်စာရင်းပြုစုပြီး ပြည် နယ်အစိုးရက‌နေတစ်ဆင့် ပြည်‌ထောင်စုအစိုးရနှင့် ‌နေပြည်‌တော် လျှပ်စစ်ဓါတ်အားပို့လွှတ်‌ရေးနှင့် ကွပ်ကဲ‌ရေးဦးစီးဌာနကို တင် ပြ‌တောင်းခံ‌ဖြေရှင်း‌ပေးသွားမယ်”ဟု ၎င်းက ‌ပြောဆိုသည်။

လတ်တ‌လောအ‌ခြေအ‌နေအရ ‌လျော်‌ကြေးကိစ္စနှင့်ပတ်သက်၍ ‌လျော်‌ကြေး‌ငွေ ဘတ်ဂျက်ခွင့်ပြု‌ပေး၍ ချ‌ပေးခြင်း မရှိ‌သေးဘဲ စိစစ် စာရင်းပြုတင်ပြရန် လုပ်ငန်းများ စတင်ခိုင်းထားသည်သာ ရှိ‌သော်လည်း ‌မော်လမြိုင်ဘက်မှာမူ ‌ဒေသခံများနှင့် ‌တွေ့ဆုံညှိ နှိုင်းပြုလုပ်မှုများ ရှိ‌နေပြီဖြစ်သည်ဟု ကြားသိရ‌ကြောင်း ဦးစိုးလှိုင်က ဆက်‌ပြောသည်။

‌မော်လမြိုင်မှ မြဝတီသို့ ၅၈.၆မိုင်၊ မြဝတီ-သဃင်္န်းညီ‌နောင်‌ကျေးရွာ ဓါတ်အားခွဲရုံမှတစ်ဆင့် ‌ကော့ကရိတ်မြို့သို့ ၁၈မိုင် အရှည် ဖြင့် သွယ်တန်းထားသည့် အဆိုပါစီမံကိန်းသည် မြို့နယ်လျှပ်စစ်ဌာနဝင်းအတွင်း ဓါတ်အားခွဲရုံတည်ရှိပြီး မြို့တွင်းရပ်ကွက်နှင့် အနီးတဝိုက် ‌ကျေးရွာများသို့ လျှပ်စစ်ဖြန့်ဖြူးရာ၌ လယ်ယာနှင့် သီးပင်စားပင်နှင့် ခြံ‌မြေများ ထိခိုက်ပျက်စီးမှုများ ရှိသည့်အတွက် ‌ဒေသခံလူထုအကြား ‌ပြောဆို‌ဝေဖန်‌နေမှုများ မြင့်တက်လာပြီး‌နောက် ပြည်နယ်လျှပ်စစ်ဝန်ကြီးက ယခုလို ‌ပြောဆိုလာခြင်း လည်း ဖြစ်သည်။

ဓါတ်အားလိုင်းစီမံကိန်းအ‌ပေါ် လယ်‌မြေထိခိုက်မှုရှိသည့် ‌ကော့ကရိတ် အမှတ်(၆)ရပ်ကွက်‌နေ ‌စောထွန်းဝင်းက “ဘယ်လို‌ပြောရ မှန်း မသိ‌တော့ဘူး။ ကျ‌နော့်လယ်‌တွေ ထိတယ်။ သူတို့ ‌မြေတူးဖို့၊ တိုင်စိုက်ဖို့ ကားကြီး‌တွေ လမ်း‌တွေ ထိုးပစ်လို့ လယ်‌တွေ ပျက်စီးကုန်တယ်။ ကိုယ့်မှာက အစိုးရ‌ပြေစာ ရှိတယ်။ ပုံစံ ၇နှစ် စာအုပ်ရှိတယ်။ ‌တောင်‌ကြောဘက်ကထိတဲ့လူ‌တွေက ‌တော‌ပြေ စာ(KNU ‌မြေစာရင်း‌ပြေစာ)ပဲ ရှိကြတယ်။ လုပ်တဲ့ ကုမ္ပဏီနဲ့ အစိုးရဘက်က ဘယ်လို‌လျော်‌ကြေး‌ပေးမလဲဆိုတာ‌တော့ ‌ပြောမ တတ်‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းရွာမှ ‌စော‌နောင်ဘိုးကလည်း ယင်းစီမံကိန်း‌ကြောင့် ‌ဒေါန‌တောင်‌ကြောခြံများရှိ ကွမ်းပင်များ ပျက်စီးသကဲ့သို့ ‌ဒေသခံများမှာ မည်သည့်စာရွက်စာတမ်းမျှ မရှိသည့်အတွက် ဓါတ်တိုင်လုပ်သည့် ကုမ္ပဏီဘက်က အပင်‌လျော် ‌ကြေးသာ ‌ပေးမည်ဟု ကြားသိရ‌ကြောင်း ‌ပြောဆိုသည်။

‌နေပြည်‌တော်ရှိ လျှပ်စစ်ဝန်ကြီးဌာနက ၎င်းစီမံကိန်းအတွက် လုပ်ငန်းတင်ဒါ တိုက်ရိုက် ချထား‌ပေးပြီး ‌ဒေသတွင်း တည်‌ဆောက် မှုလုပ်ငန်းပိုင်း၌ အပိုင်း ၁၅ပိုင်းခွဲ၍ လုပ်ငန်းချ‌ပေးထား‌ကြောင်း၊ ကရင်ပြည်နယ်ဘက် လုပ်ငန်းပိုင်း ၁၁ခုကို ချစ်လင်းမြိုင်ကုမ္ပဏီ နှင့် မွန်ပြည်နယ်ဘက် လုပ်ငန်းပိုင်း ၄ခုကို အခြားကုမ္ပဏီက ‌ဆောင်ရွက်လျှက်ရှိရာ ပြည်နယ်နှင့် မြို့နယ် လျှပ်စစ်ဌာနအ‌နေဖြင့် ပံ့ပိုးကူညီ‌ဆောင်ရွက်ရသည့် အပိုင်းသာရှိ‌ကြောင်း ပြည်နယ်လျှပ်စစ်ဝန်ကြီးက ဆိုသည်။

၂၀၁၆နှစ်ဆန်းပိုင်းမှ စတင်ကာ ‌ကော့ကရိတ်မြို့၊ တတန်ကူး‌ကျေးရွာနှင့် ‌ဒေါန‌တောင်‌ကြော အာရှလမ်းသစ် လမ်းမကြီးတစ် ‌လျှောက် ဓါတ်အားတိုင်များ စိုက်ထူခြင်းလုပ်ငန်းများ လုပ်‌ဆောင်ခြင်း‌ကြောင့် ‌ဒေသခံ လယ်‌မြေ၊ ဥယျာဉ်ခြံနှင့် ခြံ‌မြေများ ထိခိုက် ဆုံးရှုံးမှုများကို နစ်နာ‌ကြေး‌ပေးရန် သက်ဆိုင်ရာကုမ္ပဏီနှင့် ဌာနဆိုင်ရာများက ‌ဒေသခံများသို့ အသိပညာ‌ပေးခြင်း၊ စာရင်း ‌ကောက်ယူခြင်းများ ယခုဇူလိုင်လလယ်ပိုင်းအထိ မရှိ‌သေး‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၄/၁၅ ဘဏ္ဍာနှစ်တွင် စတင်အ‌ကောင်အထည်‌ဖော်သည့် ၎င်းစီမံကိန်းသည် ၂၀၁၅ခုနှစ်က အာရှလမ်းမသစ် ‌ဒေသအတွင်း တိုက်ပွဲဖြစ်ပွား‌နေမှုများ ရှိသည့်အတွက် စီမံကိန်းကို ယာယီ ရပ်ဆိုင်းခဲ့‌သော်လည်း ယခုအစိုးရ လက်ထက်တွင် လုပ်ငန်းပြန်လည်အ‌ကောင်အထည် ‌ဖော်‌ဆောင်ရွက်ကာ ၂၀၁၇/၂၀၁၈ ဘတ်ဂျက်နှစ်အတွင်း လျှပ်စစ်ဖြန့်ဖြူး နိုင်‌စေရန် လျာထားလျှက်ရှိ‌ကြောင်း သိရသည်။