Home သတင်း KG ပညာ‌ရေးအတွက် လိုအပ်သည့်အ‌ဆောက်အဦး ကရင်ပြည်နယ်ပညာ‌ရေးဋ္ဌာန လုပ်‌ဆောင်‌ပေးမည်

KG ပညာ‌ရေးအတွက် လိုအပ်သည့်အ‌ဆောက်အဦး ကရင်ပြည်နယ်ပညာ‌ရေးဋ္ဌာန လုပ်‌ဆောင်‌ပေးမည်

2597

ဇူလိုင် ၉ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်ရှိ ‌ဒေသတွင်း စာသင်‌ကျောင်းများ၌ KG တန်း က‌လေးပညာ‌ရေးအတွက် သင်ရိုးညွန်တမ်းစနစ်သစ် သင်ကြား‌နေ မှုတွင် အ‌ခြေခံအ‌ဆောက်ဦးများနှင့် ‌နေရာထိုင်ခင်းများမှာ လိုအပ်ချက်များ ရှိ‌နေ‌သေးသဖြင့် ပြည်နယ်ပညာ‌ရေးဌာနမှ ၂၀၁၅-၁၆ မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ ပံ့ပိုးလုပ်‌ဆောင်‌ပေးသွားမည်ဟု သိရသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း မူလတန်းမှအထက်တန်းအထိ ‌ကျောင်း‌ပေါင်း ၁,၇၁၅‌ကျောင်းရှိပြီး ၂၀၁၆-၁၇ စာသင်နှစ်တွင် စနစ်သစ်ဖြင့် စတင် သင်ကြား‌သော KG တန်း က‌လေးများအတွက် လိုအပ်ချက်များအ‌ပေါ် ပံ့ပိုးလုပ်‌ဆောင်သွားမည့်အ‌ကြောင်း နှင့် ပတ်သက်၍ ပြည်နယ်ပညာ‌ရေးမှူး ဦးစိုးမြင့်က ဇူလိုင် ၇ရက်‌နေ့၌ ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“KG တန်းဆိုတာ သူငယ်တန်းပဲ‌ပေါ့။ သို့‌သော် သူ့စနစ်က သင်ကြား‌ရေး အခန်းသီးခြားရှိ‌လေ ‌ကောင်း‌လေ‌ပေါ့။ ဒါ‌ကြောင့် ဒီနှစ် မှာ kg တန်းအတွက် ဘတ်ဂျက်‌ငွေချ‌ပေးတာ‌တော့ ရှိတယ်။ ၂၀၁၇-၂၀၁၈ ဘက်ဂျက်နှစ်မှာလည်း တင်ပြလာတဲ့ ‌ကျောင်းတိုင်း ကို ဆက်လက် ချ‌ပေးသွားမယ်။ လိုအပ်ချက်‌တွေရှိ‌နေတဲ့ ‌ကျောင်း‌တွေကလည်း တင်ပြ‌ပေးကြပါ”ဟု ၎င်းက ‌ပြောသည်။

ယခုနှစ်အတွင်း ပြည်နယ်အစိုးရ၏ စာရင်းအရ ကရင်ပြည်နယ်ရှိ ‌ကျောင်းများတွင် KG တန်း တက်‌ရောက်သည့် ‌ကျောင်းသား ‌ကျောင်းသူ က‌လေးစုစု‌ပေါင်း ခုနှစ်‌သောင်း‌ကျော်(၇၄,၃၉၄ ဦး)ရှိကာ ‌ကျောင်းတစ်‌ကျောင်းလျှင် KG တန်းအတွက် ‌ကျောင်းဆ ရာ၊ ဆရာမနှစ်ဦး သင်တန်း‌ပေးထားသည်ဟု သိရသည်။

ဖားအံမြို့၊ အမှတ်(၁၂) မူလတန်း‌ကျောင်းမှ KG တန်း ‌ကျောင်းသားမိဘတစ်ဦးဖြစ်သူ ‌နော်‌စေးဟဲက “KG တန်းစနစ်သစ်က ‌ကောင်းပါတယ်။ က‌လေး‌တွေ ‌ကျောင်းနဲ့ မစိမ်း‌တော့ဘူး‌ပေါ့။ ဒါ‌ပေမယ့် ‌ကျောင်းသားက တအားများ‌နေတယ်။ ဆရာမက နှစ် ‌ယောက်ပဲရှိ‌တော့ စိတ်ရှည်ရှည်နဲ့ထိန်းရတယ်။ ပိုပြီး‌တော့လည်း ဂရုစိုက်ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံမြို့နယ်၊ ပိုင်ရန်း‌ကျေးရွာ မူလတန်း‌ကျောင်းအုပ် ဆရာ‌စောသိန်းလှိုင်ကလည်း KG တန်း သင်ကြားရန်အတွက် တီထွင်ဖန် တီးသည့်‌နေရာ၊ အတုလုပ်တန်းကစားသည့်‌နေရာနှင့် သင်ယူသည့်‌နေရာ ၃‌နေရာ ရှိရမည် ဖြစ်‌သော်လည်း ‌ကျောင်းတိုင်း မလုပ် နိုင်‌ကြောင်း၊ ပညာ‌ရေးဌာနမှလည်း အဆင်‌ပြေသလို သင်ကြားရန် ညွှန်ကြားထားပြီး ‌ကျောင်းများတွင်လည်း KG တန်းအတွက် ‌နေရာအခက်အခဲများ၊ ဆရာမ မပြည့်စုံမှုနှင့် သင်‌ထောက်ကူပစ္စည်း မပြည့်စုံမှုများ ရှိ‌နေသည်ဟု ‌ပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ‌ကျောင်းများတွင် ၂၀၁၆-၁၇ စာသင်နှစ်မှစ၍ စတင် သင်ကြား‌သော KG ပညာ‌ရေးစနစ်သစ် သင်ညွှန်း တမ်းကို နိုင်ငံတကာ အလှူရှင်များအဖွဲ့၊ ကုလသမဂ္ဂ က‌လေးများရံပုံ‌ငွေအဖွဲ့၊ Save The Children နှင့် မြန်မာနိုင်ငံ ပညာ‌ရေးဌာ နတို့ ပူး‌ပေါင်း‌ရေးဆွဲ ပြဌာန်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၆-၁၇ စာသင်နှစ်အတွက် ကရင်ပြည်နယ်တွင် ‌ကျောင်း‌ပေါင်း ၁၇၁၅‌ကျောင်းရှိ ပြီး ‌ကျောင်းသား/‌ကျောင်းသူ‌ပေါင်း ‌လေးသိန်း‌ကျော် (၄၆၈၄၅၂ဦး) ပညာသင်ကြားလျှက်ရှိသည်ဟု သိရသည်။