Home သတင်း DKBA ကလို့ထူး‌ဘော စစ်ဦးစီးချုပ်နှင့် အိန္ဒိယ ‌ကောင်စစ်ဝန်တို့ ချင်းမိုင်၌ ‌တွေ့ဆုံ

DKBA ကလို့ထူး‌ဘော စစ်ဦးစီးချုပ်နှင့် အိန္ဒိယ ‌ကောင်စစ်ဝန်တို့ ချင်းမိုင်၌ ‌တွေ့ဆုံ

2949
ဇူလိုင် ၂၁ရက်၊ ၂၀၁၆ ခုနှစ်။ စအိုင်ဆူး

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA) ကလို့ထူး‌ဘော စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးနှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ အိန္ဒိယ ‌ကောင်စစ်ဝန်ရုံးမှ ‌ကောင်စစ်ဝန် Mr Shirish Jain တို့သည် ဇူလိုင် ၂ဝရက်‌နေ့က ချင်းမိုင်မြို့တွင် သီးသန့်‌တွေ့ဆုံ စကား‌ပြောဆိုခဲ့ကြသည်ဟု DKBA ဘက်က ‌ပြောသည်။

ဇူလိုင် ၁၈ရက်မှ ၂ဝရက်‌နေ့အထိ ပြုလုပ်ခဲ့‌သော အပစ်ရပ်စာချုပ် NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့‌ခေါင်း‌ဆောင်များ၏ ‌ဆွေး‌နွေးပွဲ ‌နောက်ဆုံး‌နေ့၊ ‌နေ့လည်တွင် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးနှင့် အမှတ် (၉၀၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စော‌ဝေထူးတို့အား အိန္ဒိယ‌ကောင်စစ်ဝန်က မိနစ်အနည်းငယ် လာ‌ရောက်‌တွေ့ဆုံခြင်းဖြစ်သည်ဟု ဒုဗိုလ်မှူးကြီး ‌စော‌ဝေထူးက ဇူလိုင် ၂၁ရက်‌နေ့တွင် ‌ပြောသည်။

၎င်းက “သူ(အိန္ဒိယ‌ကောင်စစ်ဝန်)က‌နေပြီး‌တော့ ကျ‌နော်တို့နဲ့ ပူး‌ပေါင်းလုပ်ချင်တာ‌လေးရှိတယ်‌ပေါ့‌နော်။ လိုအပ်တဲ့ အကူအညီ‌တွေရှိမယ်ဆိုလည်း သူ့ဘက်က ကူညီနိုင်တဲ့ အပိုင်းက‌နေ ကူညီ‌ပေးမယ်‌ပေါ့။ အခု ‌တွေ့ကြတာက အချိန်မရတာ‌ကြောင့် ‌နောက်ဆိုရင် မြဝတီဖြစ်ဖြစ်၊ ဆုံဆည်းမြိုင်မှာ ဖြစ်ဖြစ်‌တွေ့ကြပြီး ‌ဒေသဖွံ့ဖြိုး‌ရေးကိစ္စရပ်‌တွေနဲ့ပတ်သက်ပြီး ‌ဆွေး‌နွေးသွားကြမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် DKBA စစ်ဦးစီးချုပ်အား အိန္ဒိယသို့ လာ‌ရောက်လည်ပတ်ရန် ဖိတ်‌ခေါ်ခဲ့ပြီး လာ‌ရောက်လည်ပတ်မှု အတွက် လိုအပ်သည့် အကူအညီများကို ကူညီ‌ပေးသွားမည်ဟု ‌ကောင်စစ်ဝန်က ‌ပြောဆိုခဲ့သလို DKBA အ‌နေဖြင့်လည်း အလည်အပတ်ဖြစ်‌စေ၊ စီးပွား‌ရေးကိစ္စရပ်ဖြစ်‌စေ သွား‌ရောက်ပါက ဆက်သွယ်သွားမည်ကို ပြန်လည်‌ပြောဆိုခဲ့သည်ဟု ဒုဗိုလ်မှူးကြီး‌စော‌ဝေထူးက ဆက်‌ပြောသည်။

ဗိုလ်ချုပ်ကြီး‌စောမို‌ရှေးသည် ယခုနှစ်မတ်လက ကွယ်လွန်ခဲ့‌သော DKBA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောလားပွယ်၏ ‌နေရာကို ဧပြီ ၁၉ရက်‌နေ့က ဆုံဆည်းမြိုင်၌ စတင်ကျင်းပသည့် DKBA တပ်မှူးများ၏ အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် DKBA ကလို့ထူး‌ဘော စစ်ဦးစီးချုပ်အဖြစ် အတည်ပြုခန့်အပ်ခဲ့သည်။ ၎င်း စစ်ဦးစီးချုပ် တာဝန်ယူသည့် အချိန်မှစ၍ အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများနှင့်‌တွေ့ဆုံမှုမှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်ဟု DKBAက ‌ပြောသည်။

DKBA ကလို့ထူး‌ဘော တပ်ဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး စာချုပ် (NCA)ကို လက်မှတ်‌ရေးထိုးထား‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့အနက် တစ်ဖွဲ့ဖြစ်သည်။