Home သတင်း ငြိမ်းချမ်း‌ရေးနှင့် အမျိုးသားရင်ကြား‌စေ့‌ရေးရှိမှ ဖွဲ့စည်းပုံပြင်မည့်ကန့်သတ်ချက် မရှိသင့်ဟု UNA ‌ပြောဆို

ငြိမ်းချမ်း‌ရေးနှင့် အမျိုးသားရင်ကြား‌စေ့‌ရေးရှိမှ ဖွဲ့စည်းပုံပြင်မည့်ကန့်သတ်ချက် မရှိသင့်ဟု UNA ‌ပြောဆို

1386
ဇူလိုင် ၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်‌ရေးအတွက် ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေး ရရှိမှသာ ပြင်ဆင်မည်ဆို သည့် ကန့်သတ်ချက်မျိုးမထားသင့်‌ကြောင်း ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သဘာပတိအဖွဲ့ဝင် ခွန်ထွန်းဦးက ယမန်‌နေ့က ‌ပြောဆိုလိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်၌ ဇွန်လ ၃ဝရက် (ယမန်‌နေ့)က စတင်ကျင်းပသည့် UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများ ‌ဆွေး‌နွေးပွဲ အခမ်းအနားတွင် အဖွင့်အမှာ စကား‌ပြောကြားရာ၌ ခွန်ထွန်းဦးက ယင်းသို့ ‌ပြောဆိုလိုက် ခြင်းဖြစ်သည်။

“ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ထောင်မယ်ဆိုရင် ကြိုတင်ကန့်သတ်ချက်၊ ကြိုတင်စည်းကမ်းချက်‌တွေ မထားရှိဘဲ လွတ်လပ်ပွင့် လင်းစွာ ‌ဆွေး‌နွေးနိုင်ခွင့် ရှိရပါမယ်။ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးရဲ့ အတိတ်သမိုင်း‌ကြောင်းနဲ့ လက်ရှိ ဖြစ်တည်‌နေမှုများကို ချိန်ထိုး ချင့်ချိန်ပြီး တိုင်းရင်းသားအားလုံး လက်ခံနိုင်တဲ့ အနာဂတ်ပြည်‌ထောင်စု ထူ‌ထောင်ကြရာမှာ အမျိုးသားရင်သား‌စေ့‌ရေး ရရှိပြီးမှ၊ ပြည်တွင်းငြိမ်းချမ်း‌ရေးရရှိပြီးမှ အ‌ခြေခံဥပ‌ဒေကို ပြင်ဆင်မယ်ဆိုတဲ့ ကြိုတင်ကန့်သတ်ချက်မျိုးမရှိသင့်ပါဘူး” ဟု ခွန်ထွန်းဦးက ‌ပြောသည်။

ထို့အပြင် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ မပြင်ဘဲ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စု မတည်‌ဆောက်နိုင်သည်ကို ‌လေး‌လေးနက်နက် နားလည် ခံယူထားကြရန်လိုပြီး မိမိတို ့နိုင်ငံသမိုင်း၊ လက်ရှိအ‌ခြေအ‌နေ၊ မိမိတို ့‌ဒေသတွင်း အ‌ခြေအ‌နေအရပ်ရပ်ကို ထည့်တွက် ကာ အသင့်‌တော်ဆုံးဖြစ်မည့် ဖက်ဒရယ်ပြည်‌ထောင်စုပုံစံကို ဝို်င်း‌ဆွေး‌နွေးသွားရန် ၎င်းက ဆက်‌ပြောသည်။

ဇွန်လ ၃ဝမှ ဇူလိုင်လ ၂ရက်‌နေ့အထိ ကျင်းပမည့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ‌ဆွေး‌နွေးပွဲသို ့ တိုင်းရင်းသားလူမျိုးများ ‌ရေးရာစင်တာ(ENAC) ကိုယ်စားလှယ်အဖြစ် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်၊ UNA အဖွဲ့ ဝင်ပါတီများနှင့် မိတ်ဖက် ရခိုင်၊ မွန်၊ သျှမ်းနီ စသည့် တိုင်းရင်းသားပါတီများ၊ လူ့‌ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် ပြည်တွင်း ပြည်ပ လူမှုအဖွဲ့အစည်းများ အပါအဝင် ကိုယ်စားလှယ် ၆၀‌ကျော် ပါဝင်လျှက်ရှိ‌ကြောင်း ‌ဆွေး‌နွေးပွဲ တက်‌ရောက်‌နေသူများထံမှ သိရသည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူ ကရင်အမျိုးသားပါတီ (KNP) ဒုဥက္ကဌ မန်းထိန်ဝင်းစိန်က “ ဒီ‌နေ့က ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ထောင်ဖို့အတွက် ဖက်ဒရယ်နဲ ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံကိစ္စ၊ ဖက်ဒရယ်ဥပ‌ဒေပြု‌ရေးအပိုင်း စတာ‌တွေကို ‌ဆွေး‌နွေးတယ်။ ဥပမာ အမျိုးသားလွှတ်‌တော်နဲ ့ပြည်သူ့လွှတ်‌တော် အပြန်အလှန်ထိန်း‌ကြောင်းနိုင်ဖို ့ကိစ္စ‌တွေကို ‌ဆွေး‌နွေးခဲ့တယ်။ အခုလို အား လုံးက ဖက်ဒရယ်သွားမယ်‌ပြော‌နေတဲ့အချိန် ကိုယ့်နိုင်ငံအ‌ခြေအ‌နေနဲ ့သင့်‌တော်မဲ့ ဖက်ဒရယ်ပုံစံကို နိုင်ငံ‌ရေးအင်အားစု‌တွေ စုစည်း‌ဆွေး‌နွေး‌နေတဲ့အ‌ပေါ် အားရမှုရှိတယ်”ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

UNA အဖွဲ့ဝင်တိုင်းရင်းသားပါတီများနှင့် မိတ်ဖက် အဖွဲ့အစည်းများ ‌ဆွေး‌နွေးပွဲကို ၂၀၁၅ခုနှစ်အတွင်း နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ် သလို လာမည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ (၂၁ရာစုပင်လုံ)တွင် ‌ဆွေး‌နွေးမည့်အ‌ကြောင်းအရာများအတွက် အဖွဲ့ဝင်ပါတီများနှင့် မိတ် ဖက်အဖွဲ့အစည်းများ ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေခြင်းဖြစ်‌ကြောင်း UNA အဖွဲ့ဝင်ပါတီများထံမှ သိရသည်။