Home သတင်း ငြိမ်းချမ်း‌ရေးညီလာခံ၌ ဆုံးဖြတ်ချက်ချသည့်အဆင့်ထိ ပါဝင်သွားမည်ဟု လူမှုအဖွဲ့အစည်းများ ‌ပြောဆို

ငြိမ်းချမ်း‌ရေးညီလာခံ၌ ဆုံးဖြတ်ချက်ချသည့်အဆင့်ထိ ပါဝင်သွားမည်ဟု လူမှုအဖွဲ့အစည်းများ ‌ပြောဆို

1642

ဇူလိုင် ၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ (ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ-၂၁ရာစုပင်လုံ)တွင် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ဖိုရမ်အ‌နေဖြင့် မိမိတို့၏မူဝါဒများကို ‌ဆွေး‌နွေးပွဲအဆင့်တိုင်းတွင် တင်ပြ‌ဆွေး‌နွေးကာ ဆုံးဖြတ်ချက်ချသည့်အဆင့်ထိ ပါဝင်သွားရန် ‌မျှော်မှန်း ထား‌ကြောင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများဖိုရမ် ဖြစ်‌မြောက်‌ရေး‌ကော်မတီ(ယာယီ)က ‌ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ (၂၁ရာစုပင်လုံ) အရပ်ဖက်လူမှုအဖွဲ့အစည်းများဖိုရမ် ကျင်းပရန် ပြင် ဆင်‌နေမှုအ‌ပေါ် ဖိုရမ်ဖြစ်‌မြောက်‌ရေး ယာယီ‌ကော်မတီက ရန်ကုန်မြို့၊ ဗိုလ်တ‌ထောင်မြို့နယ်၊ ဗိုလ်တ‌ထောင်ဘုရားလမ်းရှိ Orchid Hotel ၌ ဇူလိုင်လ ၈ရက်(ယ‌နေ့) သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အဆိုပါ‌ကော်မတီဝင် ဦးသွင်လင်း‌အောင်က ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဆုံးဖြတ်ချက်ချတဲ့ ကိစ္စက အခုချိန်ထိ ရှင်းရှင်းလင်းလင်း မရှိ‌သေးပါဘူး။ ကျ‌နော်တို့ဝင်ပြီး ‌ဆွေး‌နွေးချင်တယ်ဆိုတာ ဆုံးဖြတ် ချက်ချတဲ့အခါမှာ ‌ပေးရင်‌ပေး၊ ဘာ‌တွေ‌ပေး အဲ့ဒါမျိုးလုပ်မှာ မဟုတ်ပါဘူး။ ကျ‌နော်တို့ ဝင်ထိုင်ပြီး ‌ဆွေး‌နွေးချင်တယ် ဆိုတာက လူထုဖြစ်ချင်တဲ့ဟာ‌တွေ ဘယ်‌လောက်ထိ ဆီ‌လျော်ပါတယ်ဆိုတာကို ရှင်းပြခွင့်၊ ‌ဆွေး‌နွေးခွင့် ရှိချင်ပါတယ်။ ဒီမိုက‌ရေစီနိုင်ငံ တိုင်းမှာ ပြည်သူ့အသံ နား‌ထောင်ဖို့ မဖြစ်မ‌နေ လိုအပ်တယ်ဆိုတာ လူတိုင်း လက်ခံနိုင်တဲ့အချက်ပါ။ ဒီအချက်ကိုလည်း ခွင့်ပြု လာလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ဦးသွင်လင်း‌အောင်က ‌ပြောသည်။

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ (၂၁ ရာစုပင်လုံ)ကို အစိုးရက လာမည့်ဩဂုတ်လအတွင်း စတင်ပြုလုပ်ရန် စီစဉ်‌နေပြီး NCA စာချုပ်တွင် အရပ်ဖက် လူမှုအဖွဲ့အစည်းများကိုလည်း ပါဝင်ခွင့်‌ပေးမည်ဟု ‌ဖော်ပြထားသည့်အတိုင်း ယင်းညီလာခံနှင့်အပြိုင် လူ မှုအဖွဲ့အစည်းများဖိုရမ်ကို ကျင်းပသွားမည်ဟု အစိုးရက ‌ပြောဆိုထားသည်။

အဆိုပါပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များနှင့် အစိုးရတို့က နိုင်ငံ‌ရေး နှင့် လုံခြုံ‌ရေးဆိုင်ရာ ပြန်လည်‌ပေါင်းစည်း‌ရေးကိစ္စကို ‌ဆွေး‌နွေးသွားမည့်အပြင် လူမှုအဖွဲ့အစည်းများဖိုရမ်က ‌မြေယာ၊ သယံဇာ တ၊ စီးပွား‌ရေးဆိုင်ရာကိစ္စရပ်များကို ‌ဆွေး‌နွေးသွားရန် ကနဦး စီစဉ်ထားကာ ဆုံးဖြတ်ချက်ချသည့်အဆင့်ကိုမူ လူမှုအဖွဲ့အစည်း များဖိုရမ်အား ‌လော‌လောဆယ် ပြုလုပ်ခွင့်မ‌ပေးထား‌ကြောင်း ပအိုဝ်းလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဇွန်လ ကုန်ပိုင်းတွင် ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

လက်ရှိတွင် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ အရပ်ဖက်လူမှုအဖွဲ့အစည်းများဖိုရမ် ဖြစ်‌မြောက်‌ရေး ယာယီ‌ကော်မတီအ‌နေဖြင့် ညီလာခံအတွက် အခန်း ၇ခန်းပါ၊ လုပ်ငန်းလမ်းညွှန် မူကြမ်းတစ်‌စောင်ကို ‌ရေးဆွဲထားပြီး ယင်းမူကြမ်းတွင် လူမှုအဖွဲ့အစည်းများ ကို ညီလာခံတွင် ‌ဆွေး‌နွေးဆုံးဖြတ်ချက်ချသည့် အဆင့်ထိ ပါဝင်ခွင့်‌ပေး‌ရေး အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဖိုရမ် ကျင်းပမည့် ပုံစံ၊ လုပ်ငန်းစဉ်အဆင့်ဆင့်၊ လုပ်ငန်းစဉ်အချိန်ဇယား စသည့်အချက်များကို ‌ဖော်ပြထားသည်။

ယင်းမူကြမ်းကို ယာယီ‌ကော်မတီအ‌နေဖြင့် ဇူလိုင် ၃ရက်‌နေ့က အစိုးရ၏ လူမှုအဖွဲ့အစည်းများဖိုရမ် အ‌ကောင်အထည်‌ဖော်‌ရေး အလုပ်အဖွဲ့ကိုယ်စားလှယ်များ၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ ၈ဖွဲ့နှင့် တရား ဝင် ‌ဆွေး‌နွေးတင်ပြခဲ့‌ကြောင်း၊ အလားတူ အပစ်ရပ်စာချုပ် လက်မှတ်မထိုး‌သေးသည့် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များထံ ‌ပေးပို့ထားသလို ဇူလိုင် ၄ရက်‌နေ့တွင် ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA)နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့‌ကြောင်း ယာယီ‌ကော်မတီဝင် ‌နော်မူး‌ဖောထူးက ‌ပြောသည်။

အရပ်ဖက် လူမှုအဖွဲ့အစည်းဖိုရမ် ဖြစ်‌မြောက်‌ရေးလုပ်ငန်း‌ကော်မတီ(ယာယီ)ကို ၂၀၁၆ခုနှစ်၊ ‌မေလ ၂၉ရက်‌နေ့တွင် အရပ်ဖက် လူမှုအဖွဲ့အစည်းကွန်ရက် ၂၀‌ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ‌ကော်မတီအ‌နေဖြင့် အဖွဲ့အစည်း ၄၀‌ကျော်နှင့် အစည်းအ‌ဝေး ၉ကြိမ် ကျင်းပခဲ့ရာမှ ယခုကဲ့သို့ လုပ်ငန်းလမ်းညွှန်တစ်ရပ်ကို ‌ရေးဆွဲခဲ့ခြင်းဖြစ်သည်။