Home သတင်း (၅)ကြိမ်‌မြောက် KYO ညီလာခံ ဗဟို‌ခေါင်း‌ဆောင်အသစ်များ ‌ရွေး‌ကောက်တင်‌မြှောက်ပြီးစီး

(၅)ကြိမ်‌မြောက် KYO ညီလာခံ ဗဟို‌ခေါင်း‌ဆောင်အသစ်များ ‌ရွေး‌ကောက်တင်‌မြှောက်ပြီးစီး

1963
ဇူလိုင် ၁ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ဖားအံခရိုင်၊ လှိုင်းဘွဲမြိ့နယ်၊ ‌လေးဝါး(‌လော်ခီးလာ)စခန်းတွင် ပြုလုပ်သည့် ကရင်လူငယ်အစည်းအရုံး-KYO (၅)ကြိမ်‌မြောက် ညီလာခံ၌ အဖွဲ့၏‌ခေါင်း‌ဆောင်သစ်များအဖြစ် ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ (၁၁)ဦးကို ဇွန်လ၂၉ရက်‌နေ့က မဲ‌ပေး‌ရွေး ‌ကောက်တင်‌မြှောက်ခဲ့ကြသည်။

ဥက္ကဌအဖြစ် ‌စောလယ်နယ်၊ ဒုဥက္ကဌ ‌စောအယ်စိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးအဖြစ် ‌စောလား‌စေးဝါး၊ တွဲဘက်အတွင်း‌ရေးမှူး(၁) ‌စောသူး‌လေအယ်မူးနှင့် တွဲဘက်အတွင်း‌ရေးမှူး(၂) ‌နော်ဆဲဆဲ တို့ အပါအဝင် ‌ကော်မတီဝင် ၁၁ဦးတို့ကို ညီလာခံတက်‌ရောက်ခဲ့ သည့် ဗဟို၊ ခရိုင်နှင့် ကရင်ဒုက္ခသည်စခန်းများမှ ကိုယ်စားလှယ် (၉၀)‌ကျော်တို့က ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြခြင်းဖြစ်သည်။

KYO ဥက္ကဌ ဖြစ်လာသူ ‌စောလယ်နယ်က “ဒီ(၅)ကြိမ်‌မြောက်ကွန်ကရက်ရဲ့‌ရွေး‌ကောက်တင်‌မြှောက်လိုက်တဲ့ ‌ခေါင်း‌ဆောင်‌တွေ က ‌ပြောရမယ်ဆိုရင် အကုန်လုံးက အသစ်‌တွေချည်းပဲ။ အရင်က ‌ခေါင်း‌ဆောင်‌ဟောင်း‌တွေ တစ်‌ယောက်မှ မပါလာဘူး။ အဲ့ဒီအ တွက်လည်း အစပိုင်း‌တွေမှာ‌တော့ အခက်အခဲ‌တွေ ရှိနိုင်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇွန်လ ၂ဝရက်မှ ၃ဝရက်‌နေ့အထိ ကြာမြင့်သည့် ၎င်းညီလာခံသို့ KYO ဗဟိုနှင့် KNU ခရိုင်(၇)ခုမှ KYO လူငယ်ကိုယ်စားလှယ် များ၊ မယ်လ၊ မယ်ရာမို စသည့် ဒုက္ခသည်စခန်းများမှ လူငယ်ကိုယ်စားလှယ်များ၊ ‌တောင်ကိုရီးယားနိုင်ငံရာက် KYO ကရင်လူ ငယ်များ၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO နှင့် ပြည်တွင်းမှ လူငယ်အဝိုင်းအဝန်း(YC)၊ ကရင်လူငယ်ကွန်ယက်-KYN ၏ လူငယ်ကိုယ်စားလှယ်အချို့၊ KNU စည်းရုံး‌ရေးဌာန တာဝန်ခံ ပဒို‌စောလှထွန်း အပါအဝင် စုစု‌ပေါင်း (၁၆၁)ဦး တက်‌ရောက်ခဲ့ကြ ပြီး KYO ၏ ‌ရှေ့လုပ်ငန်းစဉ် (၁၈)ခုကိုလည်း အတည်ပြုချမှတ်နိုင်ခဲ့ကြသည်။

၎င်းညီလာခံတက်‌ရောက်ခဲ့သူ လူငယ်အဝိုင်းအဝန်း(YC)အဖွဲ့မှ ‌စောရဲ‌ထွေးက “ကျ‌နော်တို့အ‌နေနဲ့ အခု တက်လာတဲ့ ‌ခေါင်း ‌ဆောင်သစ်‌တွေနဲ့ လက်တွဲလုပ်‌ဆောင်ရမှာ‌တွေက အများကြီး ရှိတာ‌ပေါ့။ အဲ့အများကြီးထဲက လူငယ်နဲ့ပတ်သက်တဲ့ နိုင်ငံ‌ရေး၊ စီးပွား‌ရေးနဲ့ ကရင်သမိုင်း‌တွေ ပိုမိုသိရှိ နားလည်ဖို့ဆိုတဲ့အချက်‌တွေက အခုတက်လာတဲ့ ‌ခေါင်း‌ဆောင်သစ်‌တွေနဲ့ လက်တွဲလုပ် ‌ဆောင်ဖို့က အ‌ရေးကြီးတယ်လို့ ကျ‌နော်မြင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ညီလာခံ၌ KYO ၏ ‌လေးနှစ်ကာလအတွက် ချမှတ်လုပ်‌ဆောင်ခဲ့သည်များကို ပြန်လည်သုံးသပ်‌ဆွေး‌နွေးခြင်း၊ ဖွဲ့စည်း တည်‌ဆောက်ပုံနှင့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ‌ဆွေး‌နွေးခြင်း၊ ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်း၊ ‌ရှေ့လုပ်ငန်းစဉ်များ ‌ဆွေး‌နွေးချမှတ် အတည်ပြုခြင်းနှင့် ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီသစ် ပြန်လည် ‌ရွေး‌ကောက်တင်‌မြှောက်ခြင်း စသည်တို့ ပါဝင်သည်။

“KYO လူငယ်‌ခေါင်း‌ဆောင်သစ်‌တွေကို ‌ရွေး‌ကောက်နိုင်လိုက်တဲ့အ‌ပေါ်မှာ ဝမ်းသာတယ်။ အခု‌ခေါင်း‌ဆောင်သစ်‌တွေအ‌နေနဲ့ ပြည်တွင်း၊ ပြည်ပနဲ့ အဖွဲ့အစည်းအသီးသီးမှာ ရှိ‌နေတဲ့ ကရင်လူငယ်‌တွေနဲ့ အတူတကွလက်တွဲပြီး KNU က ချမှတ်ထားတဲ့ ရည် မှန်းချက်ပန်းတိုင်‌ရောက်ဖို့ အတူတကွ အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်သွားဖို့ ကျ‌နော်တို့အ‌နေနဲ့ ‌မျှော်လင့်ထားတယ်”ဟု KNU စည်းရုံး‌ရေးဌာနတာဝန်ခံ ပဒို‌စောလှထွန်းက ညီလာခံအပြီးတွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

KYO ဗဟို၏ ဖွဲ့စည်းပုံအရ ညီလာခံကို ‌လေးနှစ်တစ်ကြိမ် ကျင်းပရမည်ဖြစ်‌သော်လည်း ယခုညီလာခံကို အဖွဲ့တွင်း အ‌ခြေအ‌နေ များအရ ငါးနှစ်ကြာမှသာ ကျင်းပနိုင်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် (၄)ကြိမ်‌မြောက်ညီလာခံကို ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလတွင် KNU ဖာပွန် ခရိုင်၌ ကျင်းပခဲ့သည်။

KYO ကို ကရင်‌ခေါင်း‌ဆောင်များဖြစ်ကြသည့် မန်းဘခိုင်၊ မန်းဝင်း‌မောင်နှင့် မန်း‌ကျော်စိန်တို့ ဦး‌ဆောင်ပြီး ၁၉၄၆ခုနှစ်တွင် ဖွဲ့ စည်းခဲ့သည်။ သို့‌သော် အဖွဲ့အတွင်း လူငယ်‌ခေါင်း‌ဆောင် အချင်းချင်းအကြား သ‌ဘောထားကွဲလွဲမှုများ ဖြစ်‌ပေါ်ခဲ့သဖြင့် အဖွဲ့၏ လှုပ်ရှားမှုရပ်တန့်သွားခဲ့သည်။ ယင်း‌နောက် KNU ကို အ‌ထောက်အကူပြုရန်နှင့် ကရင်မျိုးဆက်သစ် လူငယ်‌ခေါင်း‌ဆောင်များကို ‌မွေးထုတ်ရန် ရည်ရွယ်၍ ၁၉၈၉ခုနှစ်၊ KNU ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းခဲ့သည်။