Home သတင်း မြဝတီမြို့ အာဇာနည်‌နေ့ အသင်းအဖွဲ့ အလွှာ‌ပေါင်းစုံ တက်‌ရောက်ဂါဝရပြု

မြဝတီမြို့ အာဇာနည်‌နေ့ အသင်းအဖွဲ့ အလွှာ‌ပေါင်းစုံ တက်‌ရောက်ဂါဝရပြု

2589

ဇူလိုင် ၂ဝ ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အာဇာနည်ပန်းခြံတွင် ကျင်းပသည့် ၆၉နှစ်‌မြောက် ဇူလိုင် ၁၉ ရက်‌နေ့၊ အာဇာနည်‌နေ့ အခမ်းအနားကို မြဝတီမြို့ရှိ အစိုးရနှင့် အဖွဲ့အစည်းများအပါအဝင် မြို့ခံလူထုုများ စသည့် အလွှာ‌ပေါင်းစုံ တက်‌ရောက်ဂါရဝပြုခဲ့ကြသည်။

အခမ်းအနားသို့ မြဝတီမြို့ မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူးနှင့်အဖွဲ့ဝင်များ၊ အစိုးရဋ္ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF၊ ကရင်ငြိမ်းချမ်း‌ရေး ‌ကောင်စီ(KNU-KNLA-PC)၊ နိုင်ငံ‌ရေးပါတီ၊ အမျိုးသမီးအဖွဲ့၊ လူမှုကယ်ဆယ်‌ရေးအဖွဲ့၊ စာ‌ပေ၊ ယဉ်‌ကျေးမှုအဖွဲ့စသည့်အဖွဲ့‌ပေါင်းစုံနှင့် အာဇာနည်‌ခေါင်း‌ဆောင် မန်းဘခိုင် မိသားစုဝင်များ အပါအဝင် စုစု‌ပေါင်း ပရိဿတ် ၅၀ဝခန့် တက်‌ရောက်ဂါရဝပြုခဲ့ခြင်းဖြစ်သည်။

မြို့ခံ ရပ်မိရပ်ဖ ဥက္ကဋ္ဌဦးသန်း‌ရွှေက “အခုု တက်တဲ့က‌လေး‌တွေက အာဇာနည်‌ခေါင်း‌ဆောင်ကြီး ဆိုတာ ဘာမှန်း‌တော့မသိပါဘူး။ သူ့ရဲ့ရာဇဝင်လည်းမသိ။ ဒါ‌တွေကို ‌နောက်လာ မယ့်က‌လေး‌တွေ အာဇာနည်‌တွေရဲ့ အထ္ထုပတ္တိ‌တွေသိ‌အောင် ပြခန်း‌တွေအားလုံး ကျ‌နော်တို့ပြသထားတာ ဖြစ်တယ်။ ကျ‌နော်စီစဉ်တဲ့ပွဲမှာ ပါတီ‌တွေ၊ အာဏာပိုင်‌တွေ၊ အသင်းအဖွဲ့‌တွေ အခု ‌တွေ့ရတဲ့အတွက် ကျ‌နော့် ရင်ထဲမှာ ဝမ်းသာဂုဏ်ယူမိပါတယ်။ လုပ်ရကျိုးလည်းနပ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အာဇာနည်‌နေ့အခမ်းအနားတွင် ပြည်‌ထောင်စုလွှတ်‌တော်နာယက မန်းဝင်းခိုင်သန်းနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့၏ လွမ်းသူ့ပန်း‌ခွေများကို ချ‌ပေးခြင်း၊ ‌ဒေသခံအာဏာပိုင်၊ အစိုးရဋ္ဌနဆိုင်ရာ၊ အသင်း အဖွဲ့၊ အပစ်အရပ်လက်နက်ကိုင်အဖွဲ့အစည်းနှင့် အာဇာနည်‌ခေါင်း‌ဆောင်မန်းဘခိုင်၏ မိသားစုဝင် များ၏ လွမ်းသူ့ပန်း‌ခွေချ ဂါဝရပြုခြင်းအပြင် ဥဩသံဆွဲခြင်း စသဖြင့် အပိုင်း၂ပိုင်းခွဲပြီး ကျင်းပခဲ့သည်။

ABSDF တွဲဘက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ရဲ‌ဘော်မြင့်ဦးက “တိုင်းပြည်အ‌ခြေအ‌နေ မတည်မငြိမ်မှု ကြားထဲမှာ ကျ‌နော်တို့ကို ‌လေး‌လေးစားစား တန်ဘိုးထားပြီး ဖိတ်တဲ့အတွက်လည်း ကျ‌နော်တို့ အ‌နေနဲ့ ‌ကျေးဇူးတင်တယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ အဖွဲ့‌ပေါင်းစုံလာပြီး ဂါဝရပြုတာ ‌တွေ့ရ‌တော့လည်း ဝမ်းသာပီတိမိတယ်”ဟု ‌ပြောသည်။
IMG_7229
မြဝတီမြို့နယ်အသင်း စာရင်းစစ်ဖြစ်သူ ဦးအညာသားလည်း “ဒီနှစ်မှာ ပိုပြီ‌တော့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အဖွဲ့‌ပေါင်း‌မြောက်များစွာ တက်လာတဲ့အ‌ပေါ်မှာ အများကြီး ဝမ်း‌မြောက်ပီတိ ဖြစ်မိပါတယ်။ သု့ိ‌သော်လည်းပဲ ဒီ‌နေ့အခမ်းအနားသည် ဝမ်းသာစရာ အခမ်းအနား မဟုတ်ခဲ့ဘူး။ နိုင်ငံအတွက် အင်မတန်မှ ကြီးမားတဲ့ နစ်နာဆုံးရှူံးမှု‌တွေ ဖြစ်ခဲ့တယ်။ ဗိုလ်ချုပ် မရှိတဲ့‌နောက်ပိုင်းမှာ တိုင်းရင်းသား‌တွေအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ‌တွေ့ရ‌တော့ ဝမ်းနည်းတဲ့ကြားကပဲ ဝမ်းသာပီတိဖြစ်မိပါတယ်”ဟု ‌ပြောသည်။

မြဝတီမြို့ အာဇာနည်ပန်းခြံသည် လွန်ခဲ့သည့် နှစ်အနည်းငယ်က စီးပွား‌ရေးလုပ်ငန်းရှင်တစ်ဦး၏ ပိုင်ဆိုင်သည့်‌မြေဟုဆိုကာ ခြံစည်းရိုးဖြင့် ခတ်ထား၍ အာဇာနည်‌နေ့ကို ကျင်းပခွင့်မရဘဲ ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှသာ ပြန်လည် ကျင်းပနိုင်ခြင်းဖြစ်ပြီး အုပ်ချုပ်သူအာဏာပိုင်နှင့် အသင်းအဖွဲ့အလွှာ ‌ပေါင်းစုံတက်‌ရောက် ဂါဝရပြုမှုမှာလည်း ယခုနှစ်မှာ အစည်ကားဆုံးဖြစ်သည်ဟု တက်‌ရောက်လာ သူများက ‌ပြောသည်။

ဗိုလ်ချုပ်‌အောင်ဆန်းနှင့် ဒီးဒုုတ် ဦးဘချို၊ ဦးဘဝင်း၊ ဦးရာဇတ်၊ သခင်မြ၊ မန်းဘခိုင်၊ ရဲ‌ဘော်ကို‌ထွေး၊ ဦးအုန်း‌မောင်နှင့် မိုင်းပွန်‌စော်ဘွားကြီး စဝ်စံထွန်းတို့ လုပ်ကြံခံခဲ့ရသည့် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်‌နေ့ကို မြန်မာနိုင်ငံ၏ အာဇာနည်‌နေ့အဖြစ် သတ်မှတ်လာခဲ့သည်။ ၆၉ နှစ်‌မြောက် အာဇာနည် ‌နေ့ကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် နိုင်ငံ‌တော်အဆင့် ကျင်းပသကဲ့သို့ ကရင်ပြည်နယ်၊ ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်နှင့် မြဝတီမြို့တို့တွင်လည်း အသီးသီးကျင်းပခဲ့ကြသည်။