Home သတင်း အ‌မေရိကန်နိုင်ငံ‌ရောက် ကရင်လူငယ်များ ဒုတိယအကြိမ် ကရင်လူငယ်ကွန်ရက်ဖိုရမ် ကျင်းပသွားမည်

အ‌မေရိကန်နိုင်ငံ‌ရောက် ကရင်လူငယ်များ ဒုတိယအကြိမ် ကရင်လူငယ်ကွန်ရက်ဖိုရမ် ကျင်းပသွားမည်

1544

ဇူလိုင် ၁၉ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

အ‌မေရိကန် ကရင်အဖွဲ့အစည်း-KAO မှ ဦးစီးပြီး အ‌မေရိကန်‌ရောက် ကရင်လူငယ်‌ကျောင်းသားများပါဝင်သည့် ဒုတိယအကြိမ် ကရင်လူငယ်ကွန်ယက်ဖိုရမ်တစ်ခုကို ယခုနှစ် ဇူလိုင် ၂၉ရက်‌နေ့မှ ၃ဝရက်‌နေ့အထိ အ‌မေရိကန်ပြည်‌ထောင်စု၊ ဝစ်‌ကောင်းစင်း(Wisconsin) ပြည်နယ်၌ ပြုလုပ်ကျင်းပသွားမည်ဟု သိရသည်။

အ‌မေရိကန်သို့ ‌ရောက်ရှိ‌နေသည့် ကရင်လူငယ်များကို ပညာ‌ရေးပိုင်းဆိုင်ရာ စိတ်ဓာတ်မြှင့်တင်‌ပေးခြင်းနှင့် ကရင်လူငယ်များအကြား ရင်းနှီးမှုပိုမိုရရှိကာ အမျိုးသား‌ရေးကဏ္ဍများကို ပူး‌ပေါင်းလုပ်‌ဆောင်မှုပိုမိုအား‌ကောင်း လာ‌စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု KAO၏ အတွင်း‌ရေးမှူး ‌စော‌နေထူးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“အ‌မေရိကန်မှာ မူလတန်းက‌နေ အထက်တန်းအထိကအခမဲ့ပဲ။ ဒါ‌ပေမယ့် ‌ကောလိပ်တို့၊ တက္ကသိုလ်တို့ တက်ဖု့ိ ကျ‌တော့ မလွယ်ဘူး။ အဲ့အတွက် အထက်တန်း‌ကျောင်းပြီးတာနဲ့ အလုပ်ထွက်လုပ်တာမျိုး မဖြစ်‌စေဖို့ တွန်းအား ‌ပေးမယ်။ ‌နောက်ပြီးUSAရဲ့ ပြည်နယ်အသီးသီးက ကရင်လူငယ်‌တွေ ‌တွေ့ဆုံကြပြီး ပြည်တွင်းက နိုင်ငံ‌ရေး အ‌ခြေအ‌နေနဲ့ အမျိုးသား‌ရေးလုပ်ငန်း‌တွေကို ဘယ်လိုပူး‌ပေါင်းလုပ်‌ဆောင်နိုင်မလဲဆိုတာကို အ‌ဖြေရှာကြဖို့ ရည်ရွယ်တယ်”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် အ‌မေရိကန်သို့ ကနဦး‌ရောက်ရှိသူများက ၎င်းတို့၏ ဖြတ်သန်းမှုအ‌တွေ့အကြုံများအား ‌နောက်ပိုင်းမှ ‌ရောက်ရှိလာသည့် ကရင်လူငယ်လူရွယ်များအား ပြန်လည်‌ဝေမျှခြင်းနှင့် လူမှုအဖွဲ့အစည်းအတွင်း ပါဝင်လုပ် ‌ဆောင်နိုင်မည့် ကဏ္ဍနှင့် ပါဝင်လုပ်‌ဆောင်ချင်သည့်ပုံစံများ၊ ‌ခေါင်း‌ဆောင်များနှင့် ပူး‌ပေါင်းလုပ်‌ဆောင်ရမည့် ပုံစံများကို ယင်းဖိုရမ်၌ ‌ဆွေး‌နွေးသွားကြမည်ဟုလည်း ‌စော‌နေထူးက ဆက်‌ပြောသည်။

နှစ်ရက်တာပြုလုပ်မည့် ယင်းဖိုရမ်သို့ တက်‌ရောက်ရန် အ‌မေရိကန်ပြည်‌ထောင်စု၏ ပြည်နယ်အသီးသီးတွင် ‌ရောက်ရှိ‌နေ‌သော ကရင်လူငယ်များ၊ အထက်တန်း‌ကျောင်းသား‌ကျောင်းသူများနှင့် ‌ကောလိပ်‌ကျောင်းသား ‌ကျောင်းသူများ၊ ‌ကျောင်းပြီးစီးသွားသည့် ကရင်လူငယ်များကို ဖိတ်‌ခေါ်ထားပြီး ပညာ‌ရေး၊ ‌ခေါင်း‌ဆောင်မှုနှင့် လူမှုအသိုင်းအဝိုင်းနှင့် ဆက်စပ်မှု စသည့် ကဏ္ဍသုံးခုကို အဓိက ‌ဆွေး‌နွေးသွားမည်ဖြစ်သည်ဟု သိရသည်။

ပထမအကြိမ် ကရင်လူငယ်ကွန်ရက်ဖိုရမ်ကို ၂၀၁၅ခုနှစ်က အ‌မေရိကန်ပြည်‌ထောင်စု မန်နီဆိုးတား (Minnesota) ပြည်နယ်၌ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။