Home သတင်း အာဇာနည်‌နေ့ကို ကြာအင်းဆိပ်ကြီးမြို့တွင် ပထမဦးဆုံးအကြိမ် စု‌ပေါင်းကျင်းပခဲ့

အာဇာနည်‌နေ့ကို ကြာအင်းဆိပ်ကြီးမြို့တွင် ပထမဦးဆုံးအကြိမ် စု‌ပေါင်းကျင်းပခဲ့

1671

ဇူလိုင် ၂ဝရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ဇူလိုင် ၁၉ ရက်‌နေ့၌ ကျ‌ရောက်သည့် (၆၉)နှစ်‌မြောက် အာဇာနည်‌နေ့ကို ပြည်သူလူထု၊ အစိုးရဋ္ဌာနဆိုင်ရာ များနှင့် နိုင်ငံ‌ရေးပါတီတို့ စု‌ပေါင်းပြီး ကြာအင်ဆိပ်ကြီးမြို့၊ အမှတ် (၁)ရပ်ကွက်၊ အာဇာနည်ကုန်းတွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ရာ လူဦး‌ရေ (၁၀၀၀)ခန့် တက်‌ရောက် အ‌လေးပြုခဲ့ကြသည်။

အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောရှ‌ဖောင်အွာက “နိုင်ငံ‌ရေးပါတီ‌တွေ‌ရော ဋ္ဌာနဆိုင်ရာ‌တွေ‌ရော၊ လူထု‌တွေပါ၊ ပထမဦးဆုံး ကျင်းပတာ‌ပေါ့‌နော်။ အာဇာနည်‌နေ့အခမ်းအနားတစ်ခါမှ မလုပ်ဖူးတဲ့အတွက် ဒီနှစ်‌တော့အခက်အခဲဖြစ်တယ်‌ပေါ့‌နော်။ အ‌လေးပြုတဲ့‌နေရာကလည်း ကျဉ်းတယ်။ လက်ရှိ‌နေရာထက် ကျယ်ဝန်းတဲ့‌နေရာတစ်ခု ပြန်ဖြစ်လာ‌အောင် သက်ဆိုင်ရာ အုပ်ချုပ်‌ရေးမှူး‌တွေနဲ့ ညှိနှိုင်းပြီး လာမည့် နှစ်များတွင် ‌ဆောင်ရွက်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အများပြည်သူအတွက် အနစ်နာခံခဲ့‌သော အာဇာနည်သူရဲ‌ကောင်းများကို ‌နောင်လာ‌နောက်သား လူငယ်များက သိရှိနားလည်ပြီး အတုယူတတ်လာ‌စေရန် အာဇာနည်‌နေ့ကို ကျင်းပခြင်းဖြစ်သည်ဟုလည်း လွှတ်‌တော်ကိုယ်စားလှယ် ‌စောရှ‌ဖောင်အွာက ဖြည့်စွက်‌ပြောဆိုသည်။

အခမ်းအနားကို နံနက် ၉နာရီအချိန်တွင် သက်ဆိုင်ရာဋ္ဌာနများအလိုက် အာဇာနည်‌ကျောက်တိုင်သို့ လာ‌ရောက်စုရုံးကြပြီး လွမ်းသူ့ပန်း‌ခွေချ အ‌လေးပြုခြင်းနှင့် နံနက် (၁ဝး၃၇)မိနစ်တွင် ဥဩသံများဆွဲကာ (၂)မိနစ်ငြိမ်သက် စု‌ပေါင်းအ‌လေးပြုခဲ့ကြသည်။

အာဇာနည်‌နေ့ အခမ်းအနားသို့ တက်‌ရောက်သည့် ခလယ်ရွာမှ ‌စော‌တေဇာလင်းက “တစ်မြို့နယ်လုံး စု‌ပေါင်းပြီး ကျင်းပတဲ့ အာဇာနည်‌နေ့အခမ်းအနားကို အခုမှ ပထမဦးဆုံး‌တွေ့ဖူးတယ်‌ပေါ့‌နော်။ ငယ်ငယ်တုန်းက‌တော့ စာသင်‌ကျောင်းထဲမှာပဲ ‌ဟော‌ပြောပွဲပုံစံနဲ့ ကျင်းပခဲ့ရတယ်‌လေ။ အခုအစိုးရက ပြန်လည်ကျင်းပခွင့်‌ပေးလာတဲ့အတွက် ဝမ်းသာမိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇူလိုင် ၁၉ ရက်‌နေ့တွင် ကျ‌ရောက်‌သော (၆၉)နှစ်‌မြောက် အာဇာနည်‌နေ့အခမ်းအနားကို ကြာအင်းဆိပ်ကြီးမြို့၊ ရပ်ကွက် (၅)သီတာလမ်းရှိ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီရုံး၌လည်း အလားတူ ကျင်းပခဲ့သည်ဟု သိရသည်။