Home လူငယ့်အသံ လူငယ့်အမြင် “အမျိုးသား‌ရေးကို မ‌မေ့ဖို့ လိုတယ်”

“အမျိုးသား‌ရေးကို မ‌မေ့ဖို့ လိုတယ်”

2293
ဇူလိုင် ၂၁ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

မြို့ကြီးပြကြီး‌တွေမှာ မိမိရဲ့ ပညာ‌ရေးတစ်ခုအတွက်နဲ့သာ အချိန်ကုန်ခဲ့ပြီး ကရင့်လူ့အဖွဲ့အစည်း‌တွေမှာ ထိ‌တွေ့ ဆက်ဆံမှုမရှိခဲ့တဲ့ အသက်(၂၈)နှစ်အရွယ် နန်းသိုက်သိုက်ဝင်း‌ကျော်ဆိုသူ ကရင်အမျိုးသမီးငယ်‌လေးဟာ ယခုအခါမှာ‌တော့ ကရင်အမျိုးသား‌ရေးရာ‌တွေမှာ လူငယ်တစ်ဦးအ‌နေနဲ့ တက်ကြွစွာ ပါဝင်လာခဲ့ပါတယ်။

သူမအ‌နေနဲ့ ‌ကျောင်းနဲ့အိမ်၊ အိမ်နဲ့‌ကျောင်းဖြင့်သာ အချိန်ကုန်ခဲ့ပြီး အပြင်‌လောကနဲ့ ထိ‌တွေ့ဆက်စပ်မှု အားနည်းခဲ့‌သော်လည်း အနုပညာကို ဝါသနာပါသူအ‌နေနဲ့ ကရင်ယဉ်‌ကျေးမှုအပိုင်း‌တွေမှာ ပါဝင်လာခဲ့တာ က‌နေစပြီး အမျိုးသား‌ရေး စိတ်ဓာတ်နိုးကြားလာတာနဲ့အမျှ ကရင်အမျိုးသား‌ရေးကို ကျရာ အခန်းကဏ္ဍက‌နေ လုပ်ဖြစ်လာတာပါလို့ သူမက အခုလို ‌ပြောပြပါတယ်။

“ကျမအ‌နေနဲ့ ကရင့်လူ့အဖွဲ့အစည်း‌တွေကြားမှာ ဒီလိုအမျိုးသား‌ရေး‌တွေကို လုပ်ဖြစ်မယ်လို့ ကျမတစ်ခါမှ မ‌တွေးထားခဲ့ဘူး။ ဒါ‌ပေမဲ့ ယဉ်‌ကျေးမှု အခန်းကဏ္ဍ‌တွေမှာ လုပ်လာရင်းနဲ့ပဲ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်တွန်းပို့မှု‌ကြောင့် အမျိုးသား‌ရေးကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိချင်လာတာက‌နေစပြီး စိတ်ဝင်စားရင်းနဲ့ပဲ လုပ်ဖြစ်လာ တယ်”ဟု သူမက ဆိုပါတယ်။

ကရင်ပြည်နယ်ရဲ့ မြို့‌တော် ဖားအံမြို့မှာ‌နေထိုင်တဲ့ ဖခင်‌စောကြည်ဝင်းနဲ့ မိခင်နန်းဖြူဖြူဝင်းတို့ရဲ့ နန်းထက်ထက်ဝင်း‌ကျော်၊ နန်းမို့မို့ဝင်း‌ကျော်၊ နန်းသိုက်သိုက်ဝင်း‌ကျော်၊ နန်းအိအိဝင်း‌ကျော်နဲ့ နန်းသက် သက်ဝင်း‌ကျော်ဆိုပြီး သမီးငါးဦးအနက် နန်းသိုက်သိုက်ဝင်း‌ကျော်က တတိယ ‌မြောက်သမီးဖြစ်ပါတယ်။

‌ကျောင်း‌နေအရွယ်ကစပြီး ဖားအံမြို့အမှတ် (၁၁)အ‌ခြေခံပညာမူလတန်း‌ကျောင်းမှာ သူငယ်တန်းက‌နေ စတုတ္ထ တန်းအထိ ‌နေခဲ့ပြီး အထက်တန်းပညာကို အမှတ်(၁) အ‌ခြေခံပညာ အထက်တန်း‌ကျောင်းမှာ ‌နေခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဆယ်တန်း‌အောင်မြင်ခဲ့ပြီး မ‌ကွေးမြို့က အ‌ခြေခံကျန်းမာ‌ရေးတက္ကသိုလ်ကို ဆက်လက် တက်‌ရောက်ခဲ့ပြီး‌တော့ ကျန်းမာ‌ရေးသိပ္ပံဘွဲ့နဲ့ ၂၀၀၉ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပါတယ်။

‌ကျောင်း‌နေအရွယ်မှာ မိသားစုစားဝတ်‌နေ‌ရေးနဲ့ စီးပွား‌ရေး‌တွေမှာ ‌ပြေ‌ပြေလည်လည်ရှိတဲ့ သူမရဲ့မိဘ‌တွေ အ‌နေနဲ့ ပညာ‌ရေးကို အား‌ပေးတာ‌ကြောင့် ‌ကျောင်း‌နေစဉ်က ကြီးမားတဲ့ အခက်အခဲ‌တွေ မရှိခဲ့ပါဘူး။ ဒါ‌ပေမဲ့ ဆိုးရွားတဲ့ မြန်မာ့ပညာ‌ရေးစနစ် ပုံစံခွက်‌အောက်မှာ ကြီးပြင်းခဲ့ရတာ‌ကြောင့် သူမအ‌နေနဲ့ ရည်ရွယ်ချက်မဲ့ လမ်း‌ပျောက်ခဲ့ဖူးတယ်လို့လည်း ‌ပြောပါတယ်။

“ဆယ်တန်း‌အောင်‌တော့ တက္ကသိုလ်ဆက်တက်ဖို့ ကျမတို့မှာ ဘဝအတွက် ဘာကို ‌ရွေးချယ်သင့်လဲ ဆိုတာက အဲ့အချိန်က မသိမြင်ခဲ့ဘူး။ ဒါ‌ပေမဲ့ တက္ကသိုလ်လည်းတက်‌ရော ‌မေးစရာဖြစ်လာတာက လူငယ်တစ်‌ယောက်ရဲ့ တက်လမ်း‌ပေါ့‌နော်။ ဘာဖြစ်လဲဆို‌တော့ တက္ကသိုလ်ရဲ့သင်ကြား‌ရေးစနစ်က အများကြီး လစ်ဟမှု‌တွေရှိတယ်။ သွား‌နေတဲ့ ပညာ‌ရေးလမ်း‌ကြောင်းက ဦးတည်ချက်မရှိတာ‌ကြောင့် ကိုယ့်ကိုယ်ကို လမ်း‌ပျောက်‌နေသလို ဖြစ်သွားတယ်”လို့ သူမက ပြန်လည်‌ပြောပြပါတယ်။

‌ကျောင်းပြီးသွားတဲ့‌နောက် သူမအ‌နေနဲ့ ကရင်အမျိုးသားယဉ်‌ကျေးမှု‌တွေမှာ ပါဝင်လာခဲ့သလို မိခင်ဖြစ်သူ အ‌နေနဲ့ကလည်း၂၀၁၅ခုနှစ်မှာ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီက‌နေ အ‌ရွေး‌ကောက်ခံရန် မဲဆွယ်စည်းရုံးရာ၌ ပါဝင်ကူညီခဲ့ရာက‌နေ ကရင့်လူမှုအဖွဲ့အစည်း‌တွေအ‌ပေါ် စိတ်ဝင်စားလာပြီး အမျိုးသားလူမှု‌ရေးလုပ်ငန်း‌တွေလုပ် ‌ဆောင်လာခဲ့ကာ လက်ရှိမှာ ကရင်လူငယ်ကွန်ရက်-KYN တွင် ကရင်ပြည်နယ်၏ တွဲဖက်ချိတ်ဆက်‌ရေးနှင့် ညှိနှိုင်း‌ရေးတာဝန်ခံကို တာဝန်ယူ‌ဆောင်ရွက်‌နေပါတယ်။

“ကျမမြင်မိတာက ကျမတို့လူငယ်‌တွေ ကြီးပြင်းလာကြရတာက ‌ခေတ်စနစ်အရ ပုံစံခွက်ထဲမှာလို ဖြစ်‌နေတယ်။ သင်ကြားခဲ့ရတဲ့ပညာ‌ရေးစနစ်ကလည်း နိမ့်ကျ‌နေ‌တော့ ကိုယ်ပိုင်အ‌တွေးအ‌ခေါ်‌တွေမှာလည်း အများကြီး မရှင်သန်နိုင်ခဲ့ဘူး။ ဒါ‌ကြောင့်လည်း လူငယ်‌တော်‌တော်များများမှာ ရည်ရွယ်ချက်ကြီးကြီးမားမားထားရှိတာမျိုး မ‌တွေ့ရဘူး”ဟု ယ‌နေ့‌ခေတ်လူငယ်‌တွေအ‌ပေါ် သူမရဲ့အမြင်ကို ‌ပြောပြပါတယ်။

ဒါ့အပြင် ဒီလို‌ခေတ်စနစ်နဲ့သမိုင်း‌ကြောင်း‌တွေရဲ့ ဆိုးရွားတဲ့ အ‌ခြေအ‌နေရိုက်ခတ်မှု‌တွေ‌အောက်မှာ သူမအ‌နေနဲ့ ကရင်လူငယ်‌တွေကို မှန်ကန်တဲ့အ‌တွေးအ‌ခေါ်နဲ့အတူ ကိုယ်ပိုင်ရပ်တည်ချက်၊ ဆုံးဖြတ်ချက်‌တွေနဲ့ ဦး‌ဆောင်နိုင်တဲ့ လူငယ်‌ခေါင်း‌ဆောင်အများကြီးကို မြင်‌တွေ့ချင်တယ်လို့ သူမက ဆိုပါတယ်။

နိဂုံးချုပ်အ‌နေနဲ့ ယ‌နေ့‌ခေတ် ကရင်လူငယ်‌တွေကို သူမတိုက်တွန်းလိုတာက “ကျမတို့ ‌မွေးဖွားလာကတည်းက ကျမတို့နဲ့အတူ လူမျိုး၊ စာ‌ပေ၊ သမိုင်းနဲ့ယဉ်‌ကျေးမှု‌တွေဆိုတာ ပါလာပြီးသားပဲ။ ဆို‌တော့ ကျမတို့မှာ ကိုယ့်လူမျိုးကို မချစ်ဘူး၊ တန်ဖိုးမထားဘူးဆိုရင် ဘယ်သူကမှ လာပြီးတန်းဖိုးထားချစ်မြတ်နို်း‌နေမှာ မဟုတ်ဘူး။ လူမျိုးတစ်‌ယောက်နိမ့်ကျတယ်ဆိုရင် တစ်မျိုးသားလုံးနိမ့်ကျ‌နေတာနဲ့ အတူတူပဲ။ ဒါ‌ကြောင့် ကျမတို့ရဲ့ အမျိုးသား‌ရေးကို မ‌မေ့ဖို့လိုတယ်”လို့ ‌ပြောဆိုသွားပါ‌ကြောင်း တင်ပြလိုက်ရပါတယ်။