Home သတင်း လူငယ်မူဝါဒ ‌ရေးဆွဲနိုင်ရန် ဇူလိုင် ၂၅ ရက်‌နေ့မှ စတင်ကာ ပြည်နယ်အတွင်း စစ်တမ်းစ‌ကောက်ယူမည်

လူငယ်မူဝါဒ ‌ရေးဆွဲနိုင်ရန် ဇူလိုင် ၂၅ ရက်‌နေ့မှ စတင်ကာ ပြည်နယ်အတွင်း စစ်တမ်းစ‌ကောက်ယူမည်

1528

ဇူလိုင် ၂ဝ ရက်၊ ၂၀၁၆ ခုနှစ်။ နန့်သွာ‌ဖောင်

ကရင်ပြည်နယ် လူငယ်မူဝါဒ ချမှတ်‌ရေးဆွဲနိုင်‌ရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ‌ဒေသအလိုက် စစ်တမ်း‌ကောက်ယူခြင်း လုပ်ငန်းများကို ပြည်နယ်လူမှုအဖွဲ့အစည်းအသီးသီးမှ လူငယ်များ ဦး‌ဆောင်ပြီး ဇူလိုင် ၂၅ ရက်‌နေ့စ၍ စတင်‌ကောက်ယူသွားမည်ဟု ဇူလိုင် ၁၇ ရက်မှ ၁၈ ရက်‌နေ့အထိ ဖားအံမြို့၊ ကန်သာဦးခန်းမ၌ ပြုလုပ်သည့် လူငယ်‌တွေ့ဆုံပွဲတွင် ဆုံးဖြတ်ခဲ့သည်။

စစ်တမ်း‌ကောက်ယူရန် ပြုလုပ်သည့် ၎င်း‌တွေ့ဆုံပွဲတွင် အဓိကအားဖြင့် မူးယစ်‌ဆေးဝါးပြဿနာ၊ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ အလုပ်ကိုင်အခွင့်အလမ်း၊ ငြိမ်းချမ်း‌ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်‌ရေး၊ ‌ရွှေဲ‌ပြောင်းလုပ်သား အ‌ရေး စသည့်ဖြင့် အချက် ၁၇ ချက်ကို အ‌ခြေခံပြီး ‌မေးခွန်း ၉ဝ ခန့် ‌မေးမြန်း‌ကောက်ယူသွားမည်ဟု ကရင်လူမှုအဖွဲ့အစည်းများကွန်ရက် KSCN မှ ‌စောစိန်‌ထွေးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“အဓိကက‌တော့ ကျ‌နော်တို့ ကြိုတင်ပြင်ဆင်မှုအတွက် အချိန်ကလည်း နည်းတယ်‌လေ။ အချက် ၁၇ ချက်ကို ကျ‌နော်တို့ ‌မေးတဲ့ လူ‌တွေကိုယ်တိုင် နားလည်‌အောင် လုပ်ဖို့ ကျ‌နော်တို့ဘက်မှာ အခက်အခဲ‌တွေ ရှိ‌နေပါတယ်။ အခု ‌ကောင်းမယ်ထင်လို့ လူငယ်‌တွေလည်း ဝိုင်းလုပ်ကြတယ်။ ဘာပဲဖြစ်ဖြစ် လူငယ်‌တွေကလည်း လူငယ် မူဝါဒဖြစ်လာဖို့ ဆန္ဒရှိ‌နေကြတာပါ”ဟု ‌စောစိန်‌ထွေးက ‌ပြောသည်။

အဆိုပါ နှစ်ရက်တာ ‌တွေ့ဆုံပွဲသို့ ကရင်၊ မွန်၊ ပအိုဝ်း၊ ဗမာ စသည့် လူငယ် ၈ဝ ‌ကျော်တက်‌ရောက်ခဲ့ပြီး စစ်တမ်း‌ကောက်ယူရာတွင် တစ်ဦးချင်း သို့မဟုတ် အုပ်စုဖွဲ့၍ ‌ကောက်ယူမည်ဖြစ်ကာ ဖားအံမြို့နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖာပွန်မြို့နယ်၊ သံ‌တောင်ကြီးမြို့နယ်နှင့် ထိုင်း-မြန်မာ နယ်စပ်‌ဒေသတစ်‌လျှောက် ရက် ၂ဝ ကြာ ‌ကောက်ယူမည်ဖြစ်‌ကြောင်း သိရသည်။

၎င်း‌တွေ့ဆုံပွဲ တက်‌ရောက်သူ ‌ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့မှ ကိုရန်နိုင်လင်းက “ကျ‌နော်တို့ ဒီမူဝါဒဖြစ်လာရင် ကျ‌နော်တို့ အတွက်ပဲ မဟုတ်ဘူး။ ‌နောင်လာမယ့် လူငယ်‌တွေအတွက်ပါ ဖြစ်တဲ့အတွက် အခြားတံဆိပ်‌တွေ မကပ်ဘဲ လူကို လူလိုမြင်ဖို့ လူမျိုးစုံ၊ အဖွဲ့စည်းစုံတဲ့အတွက် အဓိက ကျ‌နော်အဲဒါ‌တွေ ‌ဆွေး‌နွေးဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် လူငယ်မူဝါဒ ချမှတ်‌ရေးဆွဲနိုင်ရန် အစပြု အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ်ကို ကရင်ပြည်နယ် လူမှု အဖွဲ့အစည်းများကွန်ရက်(KSCN)မှ ဦး‌ဆောင်၍ ဇူလိုင် ၉ ရက်မှ ၁ဝ ရက်‌နေ့အထိ ဖားအံမြို့တွင် ပြုလုပ်ခဲ့ပြီး ယခု ဒုတိယအကြိမ်ပြုလုပ်သည့် ‌ဆွေး‌နွေးပွဲတွင် စစ်တမ်း‌ကောက်ရန် ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။