Home သတင်း မွန်‌ကျေးရွာ ၂ဝ ‌ကျော် လူထုဗဟိုပြုစီမံကိန်း‌ထောက်ပံ့‌ငွေ မရရှိ‌သေး

မွန်‌ကျေးရွာ ၂ဝ ‌ကျော် လူထုဗဟိုပြုစီမံကိန်း‌ထောက်ပံ့‌ငွေ မရရှိ‌သေး

1820

ဇူလိုင် ၂၆ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

လူထုဗဟိုပြုစီမံကိန်းအဖွဲ့နှင့် ‌ကျေးလက်‌ဒေသဦးစီးဌာနတို့ပူး‌ပေါင်း၍ ယခင်နှစ် ‌မေလကစပြီး စီမံကိန်း ‌ထောက်ပံ့‌ငွေကို ကြာအင်းဆိပ်ကြီးမြို့နယ်သို့ ‌ပေးအပ်ရာ၌ မွန်ပြည်သစ်ပါတီ-NMSP ထိန်းချုပ်နယ်‌မြေရှိ မွန်တိုင်းရင်းသား ‌ကျေးရွာ ၂ဝ ‌ကျော်မှာ ယခုထိ ‌ထောက်ပံ့‌ငွေမရရှိ‌သေး‌ကြောင်း ‌ဒေသခံများထံမှ သိရှိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ‌ကျေးရွာအုပ်စု‌ပေါင်း(၅၁)အုပ်စုရှိသည့်အနက် NMSP ထိန်းချုပ်နယ်‌မြေမှ ဆိပ်က‌လေး၊ ဝင်း‌ရော်ဆိပ်ကြီး၊ က‌မော့ စသည့်‌ကျေးရွာအုပ်စု(၃)စုရှိ ‌ကျေးရွာများကို ‌ထောက်ပံ့‌ငွေ ဆိုင်းငံ့ထားရန် NMSP မှ ‌ပြောဆိုလာသဖြင့် ယခုအချိန်ထိ ‌ထောက်ပံ့‌ငွေမ‌ပေးနိုင်‌သေးဘဲ ဖြစ်‌နေသည်ဟု မြို့နယ်၏ ‌ကျေးလက်‌ဒေသဦးစီးဌာနမှ ဦးစီးမှူး ‌စောအာကာက ဇူလိုင် ၂၂ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“မွန်ပြည်သစ်ပါတီက အဲရွာ‌တွေက သူတို့အုပ်ချုပ်တဲ့ နယ်‌မြေဆို‌တော့ အဝင်မခံဘူး။ ဝင်း‌ရော်ဆိပ်ကြီးရွာကို တစ်ခါဝင်တယ်၊ လိုင်ကနီရွာကို တစ်ခါဝင်တယ်၊ အဝင်မခံဘူး။ မလုပ်နဲ့‌ပေါ့။ ကျ‌နော်တို့ လူကြီး‌တွေ ခွင့်မ‌ပေး‌သေးလို့ ခဏ‌လေး ဆိုင်းငံ့ထားဦးပါလို့ ‌ပြောတယ်”ဟု ၎င်းက ဆိုသည်။

ကမာ္ဘ့ဘဏ်၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး‌သော မြို့နယ်များကို ‌ရွေးချယ်ပြီး လူထုဗဟိုပြုစီမံကိန်းအတွက် ‌ငွေ‌ထောက်ပံ့ရာ၌ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာအုပ်စုများအတွင်း လူဦး‌ရေ အနည်းအများအ‌ပေါ်မူတည်၍ ‌ငွေ‌ကြေးပမာဏသတ်မှတ်ကာ ၂၀၁၅ မှ ၂၀၁၈ခုနှစ်အထိ ‌ပေးအပ်သွားမည်ဟု သိရသည်။

ယခုကိစ္စရပ်အ‌ပေါ် NMSP ဗဟို‌ကော်မတီဝင်မှ ဖွံ့ဖြိုး‌ရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က “လုံးဝ ရပ်ထားတာ မဟုတ်ဘူး။ ဆိုင်းထားတဲ့ သ‌ဘောပဲ။ ကျ‌နော်တို့ဘက်က နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကိစ္စ၊ (၂၁)ရာစုပင်လုံကိစ္စနဲ့ ရှုပ်‌နေတာရယ်၊ (NCA)ကိစ္စ မပြတ်‌သေးတာရယ်၊ အဓိကအဲဒါပါပဲ”ဟု ဇူလိုင် ၂၂ ရက်‌နေ့က ‌ပြောသည်။

ထို့အပြင် နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ပြောင်းလဲသည့် အချိန်ကျလျှင် ပြန်ပြီးခွင့်ပြုမှာဖြစ်ပြီး လူထုအကျိုးနှင့် ပတ်သက်၍ အကုန်လုံးလုပ်ရမည်ဖြစ်သလို ယခင်ကလူထုဗဟိုပြုစီမံကိန်းလုပ်ငန်းသ‌ဘေားတရားကို မရှင်းလင်းခဲ့တာ‌ကြောင့် လူထုကိုအ‌ခြေခံပြီး လုပ်သည့်လုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံ‌ရေးအ‌ခြေအ‌နေ ပြန်‌ကောင်းလာလျှင် ခွင့်ပြု‌ပေးသွားမည်ဟု သူက ဆက်‌ပြောသည်။

ဆိပ်က‌လေး‌ကျေးရွာအုပ်စု၊ လှာကဒါ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောတင်ထွန်းကလည်း “ရပ်ဆိုင်းခံထားရတယ် ဆို‌တော့ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး‌တွေလည်း လုပ်လို့မရဲဘူး။ (၁၈)ရွာလုံး‌ပေါင်းပြီး ‌ကျေးရွာဘုန်းကြီး တာဝန် ယူမယ်ဆို‌တော့လည်း မွန်ပြည်သစ်ပါတီနဲ့ရွာသား‌တွေ နားလည်မှုလွဲမှာ စိုးတယ်။ လှာကဒါရွာနဲ့ ဆိပ်က‌လေး ရွာနှစ်ရွာထဲ စီမံကိန်း‌ထောက်ပံ့ ‌ငွေသီးသန့်ခွဲယူပြန်ရင်လည်း အထက်လူကြီး‌တွေက တစ်မျိုးမြင်မယ်။ အခြား ‌ကျေးရွာက လူထု‌တွေကလည်း နားလည်မှုလွဲနိုင်တယ်ဆို‌တော့ မလုပ်ဖြစ်ပြန်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ‌ကျေးရွာအုပ်စု‌ပေါင်း(၅၁)အုပ်စုအနက် (၃၃)အုပ်စုကိုသာ စတင်လုပ်‌ဆောင် ‌နေ‌သေးပြီး ‌ထောက်ပံ့‌ငွေမရရှိ‌သေးသည့် ဆိပ်က‌လေး‌ကျေးရွာအုပ်စု (၁၈)ရွာ၊ ဝင်း‌ရော်ဆိပ်ကြီး‌ကျေးရွာအုပ်စု (၂)ရွာနှင့် က‌မော့‌ကျေးရွာအုပ်စု (၅)ရွာတို့အပြင် ဝဲဇလီ၊ ‌ဗေဒါရီ‌ကျေးရွာ၌လည်း မရရှိ‌သေး‌ကြောင်း သိရသည်။

ပြီးခဲ့သည့် အစိုးရ လက်ထက်စ၍ လူထုဗဟိုပြုစီမံကိန်း‌ထောက်ပံ့ခြင်းအစီအစဉ်ကို ၂၀၁၃ မှ ၂၀၁၆ခုနှစ်အထိ လုပ်‌ဆောင်လာခဲ့ရာ တစ်နို်င်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်‌ပေါင်း ၂၇မြို့နယ်ရှိပြီဖြစ်‌ကြောင်း သိရသည်။