Home သတင်း မူးယစ်‌ဆေးဝါးပြဿနာ ‌ဖြေရှင်းမှု ထင်သာမြင်သာ မ‌တွေ့ရ‌သေးဟု ဝင်း‌ရော်‌ဒေသခံ‌ပြော

မူးယစ်‌ဆေးဝါးပြဿနာ ‌ဖြေရှင်းမှု ထင်သာမြင်သာ မ‌တွေ့ရ‌သေးဟု ဝင်း‌ရော်‌ဒေသခံ‌ပြော

2439

ဇူလိုင် ၁၃ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ဝင်း‌ရော်‌ဒေသအတွင်း မူးယစ်‌ဆေးဝါးပြဿနာကို ယခင်အစိုးရမှ လက်ရှိအစိုးရလက်ထက်ထိ ထင်သာမြင်သာရှိ‌သော ‌ဖြေရှင်း ‌ဆောင်ရွက်ခြင်းမျိုး မ‌တွေ့ရ‌သေး‌ကြောင်း ဇူလိုင်လ ၁ဝရက်‌နေ့က ခလယ်တံခွန်တိုင် တိုက်နယ်၊ အထက်တန်း‌ကျောင်း မြ‌ရွှေ ပြည်ခန်းမ၌ ပြုလုပ်သည့် လွှတ်‌တော်ကိုယ်စားလှယ်နှင့် ‌တွေ့ဆုံပွဲတွင် ‌ဒေသခံများက ‌ဆွေး‌နွေး‌ပြောဆိုခဲ့ကြသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောရှ‌ဖောင်အွာနှင့် ကရင်ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ် ဖြစ်သူ တင်မျိုးဦးတို့ သွား‌ရောက်သည့် ၎င်း‌တွေ့ဆုံပွဲတွင် ထီမံထို၊ တမို့‌ဝေါင်း၊ ထီဖိုးနှိုင်း၊ တံခွန်တိုင်၊ ပူလိန်း၊ ကွမ်က‌သောင်၊ ဒိုင် လွတ်၊ ဖားပြနှင့် ကျုံခဝန်‌ကျေးရွာများမှ ရပ်မိရပ်ဖ ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြပြီး မူးယစ်‌ဆေးဝါးပြဿနာကိစ္စအ‌ပေါ် ယင်းသို့ တင်ပြခဲ့ကြခြင်းဖြစ်သည်။

တံခွန်တိုင်‌ကျေးရွာမှ ‌စော‌အောင်မြင့်က “မူးယစ်‌ဆေးဝါးပြဿနာနဲ့ပတ်သက်ပြီး အရင်အစိုးရတုန်းက လွှတ်‌တော်ကိုယ်စားလှယ် ‌တွေကိုလည်း တင်ပြခဲ့တယ်။ ခုချိန်ထိလည်း ထင်သာမြင်သာ မ‌တွေ့ရ‌သေးဘူး။ လူငယ်‌တွေ‌ရော၊ လူကြီး‌တွေ‌ရော၊ မူးရူး‌နေကြ တယ်။ မိသားစုလည်း တာဝန်မယူနိုင်‌တော့ဘူး။ ကိုယ့်ကိုယ်ကိုလည်း တာဝန်မယူနိုင်ဘူး ဖြစ်‌နေတယ်။ မူးယစ်‌ဆေးဝါး ‌ရောင်း ဝယ်‌ဖောက်ကားမှုကို‌တော့ ကျ‌နော်တို့ လုံးဝ ကန့်ကွက်တယ်”ဟု ‌တွေ့ဆုံပွဲတွင် ‌ဆွေး‌နွေး‌ပြောဆိုခဲ့သည်။

ထို့အပြင် မျိုးဆက်သစ်လူငယ်များ အနာဂတ်‌ကောင်းစား‌ရေးအတွက် မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးလုပ်ငန်းကို ဥပ‌ဒေ‌ကြောင်း အရ ထိ‌ရောက်စွာအ‌ရေးယူ ‌ဆောင်ရွက်မှုများ လုပ်‌ဆောင်‌ပေးသင့်သလို မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးလုပ်ငန်းစဉ်တွင် ‌ကျေး ရွာတာဝန်ရှိသူများနှင့် ပြည်သူလူထုများအ‌နေဖြင့်လည်း ပူး‌ပေါင်းပါဝင်ရမည်ဟုလည်း ‌တွေ့ဆုံပွဲသို့ တက်‌ရောက်လာသည့် ‌ဒေသ ခံအချို့က သုုံးသပ်‌ပြောဆိုကြသည်။

၎င်း‌ပြောဆိုချက်အ‌ပေါ် ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောရှ‌ဖောင်အွာက “မူးယစ်‌ဆေးဝါး ပြ ဿနာက တစ်နယ်လုံးအတိုင်းတာနဲ့ ဖြစ်‌နေတယ်။ အနာဂတ်လူငယ်‌တွေအ‌နေနဲ့ သိပ်အဆင်မ‌ပြေဘူး။ အစိုးရ ရက်(၁၀၀)စီမံ ချက်ထဲမှာလည်း ပါပါတယ်။ ပြည်နယ်အစိုးရထံ‌မေးပြီး‌တော့ ပြည်‌ထောင်စုလွှတ်‌တော်သို့ အဆိုတင်သွင်းသွားမယ်”ဟု ဇူလိုင်လ ၁ဝရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသတွင် ယခင်နှစ်က မူးယစ်‌ဆေးဝါး‌ကြောင့် မိခင်အရင်းကို ဓားဖြင့် ခုတ်သတ်ခဲ့‌သောအမှု အပြင် မူးယစ်‌ဆေးသုံးစွဲပြီး ‌သေ‌ကြောင်းကြံစည်မှု၊ မူမမှန်စိတ်‌ကြောင့် မိသားစုဝင်များကို ဓားဖြင့်ခုတ်သတ်မှုများ အများစု ဖြစ် ပွားခဲ့ပြီး ‌ဆေးဖြတ်စခန်းသို့ သွား‌ရောက်ကုသရသည့် ‌ဒေသခံ ရွာသား ၁ဝဦးခန့်ရှိသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ‌ပြောသည်။

ခလယ်တံခွန်တိုင် တိုက်နယ်၊ တံခွန်တိုင်ရဲစခန်းမှူး ‌စော‌အောင်ဝင်းထိုက်က “‌မေလက‌နေစပြီး ရွာ‌တွေမှာ ‌နေ့ကင်းလှည့်တယ်။ ညကင်းလှည့်တယ်။ မူးယစ်‌ဆေးဝါးနဲ့ပတ်သက်ပြီး မှုခင်းပညာ‌ပေးလုပ်တယ်။ အဖွဲ့တစ်ချို့ရဲ့‌နောက်ကွယ်မှာ ဆက်စပ်မှု‌တွေ ရှိ တဲ့အတွက် ‌ဆောင်ရွက်ရတာ အခက်အခဲ ရှိတယ်။ အားလုံးပူ‌ပေါင်း‌ဆောက်ရွက်မှသာ မူးယစ်ကင်းစင် နယ်‌မြေဖြစ်လာမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်‌ဟောင်း မန်း‌စောမြဝင်းကလည်း “လက်နက်ကိုင်အဖွဲ့အစည်း ‌တွေ၊ ရပ်မိရပ်ဖ၊ ပြည်သူ့ရဲ အားလုံးပူး‌ပေါင်း‌ဆောင်ရွက်မှ ဒီ‌ဒေသက မူးယစ်‌ဆေးဝါးပြဿနာ ‌ဖြေရှင်းနုိုင်မယ်။ ‌ရောင်းဝယ် ‌ဖောက်ကားမှု‌တွေ သိ‌နေ‌သော်လည်း သတင်း‌ပေးတိုင်ကြား‌ပြောဆိုဖို့ မ‌ပြောရဲဘူး‌ပေါ့‌နော်။ ‌အောက်‌ခြေက‌နေ လူငယ်‌တွေ မူး ယစ်‌ဆေးဝါး သုံး‌နေတာကိုလည်း ပညာ‌ပေး အ‌ရေးယူမှု‌တွေ လုပ်ရပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် ‌တွေ့ဆုံပွဲတွင် ‌စောရှ‌ဖောင်အွာနှင့် ဦးတင်မျိုးဦးတို့ဘက်က လွှတ်‌တော် အ‌တွေ့အကြုံချပြခြင်း၊ မြို့နယ်တစ်မြို့နယ်လျှင် နိုင်ငံ‌တော်မှ ဘတ်ဂျက်ကျပ်သိန်း (၁၀၀၀)ချထား‌ပေးမှုအ‌ပေါ် ၎င်းတို့မဲဆန္ဒနယ်မှ ‌ဒေသခံလူထု၏ လိုအပ်ချက်များကို ဖြည့် ဆည်း‌ပေးနိုင်ရန် ‌မေးမြန်းခြင်းနှင့် မူးယစ်‌ဆေးဝါးပြဿနာ၊ စာသင်‌ကျောင်း၊ လမ်းတံတားများ၏ လိုအပ်ချက်များကို ‌ဒေသခံများ ဘက်က ပြန်လည်တင်ပြ ‌ဆွေး‌နွေးခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ရက်‌နေ့တုန်းကလည်း ခလယ်‌ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံး၌ လွှတ်‌တော်ကိုယ်စားလှယ်နှင့် အလားတူ ‌ဒေသ ခံ လူထု‌တွေ့ဆုံပွဲတွင်လည်း ‌ဒေသခံများဘက်မှ မူးယစ်‌ဆေးဝါကိစ္စရပ်များနှင့် ပတ်သက်ပြီး တင်ပြ‌ဆွေး‌နွေးခဲ့ကြ‌သေးသည်။