Home သတင်း မိုင်ဂျာယန် စုံညီအစည်းအ‌ဝေးတွင် ကာကွယ်‌ရေးဆိုင်ရာအပါအဝင် အ‌ခြေခံအချက် ၁ဝချက် ဘုံသ‌ဘောထားရရှိ

မိုင်ဂျာယန် စုံညီအစည်းအ‌ဝေးတွင် ကာကွယ်‌ရေးဆိုင်ရာအပါအဝင် အ‌ခြေခံအချက် ၁ဝချက် ဘုံသ‌ဘောထားရရှိ

2339

ဇူလိုင် ၂၉ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအ‌ဝေး တတိယ‌နေ့ဖြစ်သည့် ဇူလိုင် ၂၈ရက်‌နေ့တွင် ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စု၏ ကာကွယ်‌ရေးနှင့် လုံခြုံ‌ရေးဆိုင်ရာ အ‌ခြေခံရမည့် မူများထဲမှ အချက် ၁ဝချက်ကို ဘုံသ‌ဘောထားအဖြစ် စုစည်းရရှိနိုင်ခဲ့‌ကြောင်း သိရသည်။

ယင်းကိစ္စအ‌ပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက “တင်သွင်းတဲ့ စာတမ်း ၂ ခုအ‌ပေါ်မှာ တူတဲ့ဟာ‌တွေ ‌ပေါင်းလိုက်တယ်။ မတူတဲ့ဟာ‌တွေကို ဆက်လက် ‌ဆွေး‌နွေးမယ်ဆိုတဲ့ သ‌ဘောထားရှိတယ်။ အဓိကက‌တော့ ဒီ‌နေ့ ကာကွယ်‌ရေးဆိုင်ရာ အ‌ခြေခံမူ‌တွေကိုပဲ စုစည်းနိုင်ခဲ့ပါတယ်”ဟု ‌ပြောသည်။

အစည်းအ‌ဝေး၏ တတိယ‌နေ့တွင် ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ UNFC နှင့် NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ ၈ ဖွဲ့တို့မှ ပြုစုထားသည့် ဖက်ဒရယ်ဒီမိုက‌ရေစီပြည်‌ထောင်စု၏ အမျိုးသားကာကွယ်‌ရေးနှင့်လုံခြုံ‌ရေးဆိုင်ရာ မူဝါဒအ‌ခြေခံမူများနှင့် ပတ်သက်ပြီး တင်သွင်းသည့် စာတမ်း ၂ ‌စောင်အ‌ပေါ်တွင် အ‌ခြေခံ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ‌ဆွေး‌နွေးရာတွင် ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေးတွင် ဖက်ဒရယ်တပ်မ‌တော်အားအရပ်ဘက် အုပ်ချုပ်မှု‌အောက်တွင် ထားရှိ‌ရေး၊ ပြည်‌ထောင်စုဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် နိုင်ငံသားများအားကာကွယ် ‌ရေးအပါအဝင် ၁ဝ ချက်ကိုသာ ဘုံသ‌ဘောထားအဖြစ်စုစည်းနိုင်ခဲ့ပြီး ကျန်ရှိသည့်အချက်များကို ဆက်လက် ‌ဆွေး‌နွေးစုစည်းရန် အလုပ်အဖွဲ့ကိုလည်း တတိယ‌နေ့ အစည်းအ‌ဝေးတွင် ဖွဲ့စည်းနိုင်ခဲ့‌ကြောင်း သိရသည်။

‌လေးရက်ကြာ ပြုလုပ်မည့် ၎င်းအစည်းအ‌ဝေးတွင် ၂၁ ရာစုပင်လုံညီလာခံကျင်းပ‌ရေးအတွက် အကြိုညှိနှိုင်း‌ရေး နှင့် အနာဂတ်ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စုတည်‌ဆောက်ခြင်းဆိုင်ရာ နိုင်ငံ‌ရေးဘုံသ‌ဘောထားတို့အ‌ပေါ် အ‌ခြေခံပြီး ‌ခေါင်းစဉ်ကြီး ‌လေးခုဖြစ်သည့် ပင်လုံလက်စွဲစာတမ်း‌ဆွေး‌နွေးခြင်း၊ ဖက်ဒရယ်ဒီမိုက‌ရေစီပြည်‌ထောင် စု တည်‌ဆောက်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေများအတွက် အ‌ခြေခံမူမျာ၊ လုံခြုံ‌ရေးနှင့် ကာကွယ်‌ရေး ဆိုင်ရာ အ‌ခြေခံမူများနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာ မူ‌ဘောင်ပြန်လည်ပြင်‌ရေးတို့ကို ‌ဆွေး‌နွေးကြမည်ဟု အစည်းအ‌ဝေး တတိယ‌နေ့‌မြောက် ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။
13873034_336648183334008_5030255380903366738_n
ထို့အပြင် ပြည်‌ထောင်စုတပ်မ‌တော်အား အရပ်ဘက်အုပ်ချုပ်မှု‌အောက်တွင် ထားရှိ‌ရေးကိစ္စကိုလည်း အစည်း အ‌ဝေး၌ ‌ဆွေး‌နွေးခဲ့ကြပြီး အစည်းအ‌ဝေး‌ဆွေး‌နွေးမှုအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း တင်သွင်း လာသည့် စာတမ်းများအ‌ပေါ် ဘုံသ‌ဘောထားများပိုမိုစုစည်းနိုင်ရန် ဆက်လက်‌ဆွေး‌နွေးကြမည်ဖြစ်သည်။

အဆိုပါ အစည်းအ‌ဝေး တတိယ‌နေ့တွင် သဘာပတိအဖြစ် CNF ဒုဥက္ကဌ ‌ဒေါက်တာဆလိုင်းလျန်မှုန်းဆာ‌ခေါင်း၊ တွဲဖက်သဘာပတိ(၁)အဖြစ် ANC ဥက္ကဌ‌ဒေါက်တာခင်‌မောင်၊ UNA အဖွဲ့ဝင် မန်း‌ကျော်ငြိမ်းတို့မှ တွဲဖက် သဘာပတိ(၂)အဖြစ် တာဝန်ယူပြီး အစည်းအ‌ဝေး၏ ‌နောက်ထပ် ဇူလိုင် ၂၉ရက်‌နေ့တွင် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု ဆိုင်ရာမူ‌ဘောင်ပြန်လည်သုုံးသပ်ကြမည်ဖြစ်သည်။

မိုင်ဂျာယန် စုံညီအစည်းအ‌ဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ ၁၈ ဖွဲ့မှ ကိုယ်စားလှယ်များ၊ ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများမဟာမိတ်မှ ကို်ယ်စားလှယ်များ၊ တိုင်းရင်းသားညီ‌နောင် ဖက်ဒ‌ရေးရှင်းမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ကိုယ်စားလှယ်များအပြင် ကမ္ဘာ့ကုလသမဂ္ဂအ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vijay Nambiar နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၏ အာရှ‌ရေးရာအထူးကိုယ်စားလှယ် Sun Guoxing နှင့် ‌လေ့လာသူများ စုစု‌ပေါင်း ၂၁၆ ဦး တက်‌ရောက်ခဲ့ကြသည်။