Home အမြင်သဘောထား နန်းဆုံ‌ဖော့အွာအတွက် အမှတ်တရ လက်‌ရွေးစင်‌ခွေ ထုတ်သွားမယ့်အ‌ပေါ် အမြင်သ‌ဘောထားများ

နန်းဆုံ‌ဖော့အွာအတွက် အမှတ်တရ လက်‌ရွေးစင်‌ခွေ ထုတ်သွားမယ့်အ‌ပေါ် အမြင်သ‌ဘောထားများ

2546

ဇူလိုင် ၂၉ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က နှလုံး‌ရောဂါနဲ့ ၂၂ အရွယ်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ နာမည်‌ကျော် ကရင် လူငယ်အမျိုးသမီး အဆို‌တော် နန်းဆုံ‌ဖော့အွာကို ရည်စူးပြီး အမှတ်တရ လက်‌ရွေးစင် သီချင်း‌ခွေတစ်‌ခွေကို ယခုနှစ် နိုဝင်ဘာ ၇ရက်‌နေ့(ကရင်ပြည်နယ်‌နေ့)မှာ ထုတ်‌ဝေဖြန့်ချိသွားဖို့ ရှိပါတယ်။ အဲဒီ သီချင်း‌ခွေဟာ ကရင်အဆို‌တော် ညီအစ်ကို ‌မောင်နှမအချို့ ပါဝင်သီဆိုသွားမှာ ဖြစ်ပြီး‌တော့ နန်းဆုံ‌ဖော့အွာ သက်ရှိထင်ရှားစဉ်က သီဆို‌အောင်မြင်တဲ့ သီချင်း‌တွေ ဖြစ်ပါတယ်။

ဖားအံမြို့ဇာတိ ဖြစ်သူ နန်းဆုံ‌ဖော့အွာဟာ ငယ်စဉ်ကတည်းက သီချင်းဆိုတာအပြင် ဒုံးအကနဲ့ သရုပ်‌ဆောင်မှာ လည်း ဝါသနာပါသူ ဖြစ်ပါတယ်။ ပညာ‌ရေးမှာ‌တော့ မြန်မာစာနဲ့ ‌ကျောင်းပြီးခဲ့ပါတယ်။ အနုပညာ ‌လောကမှာ ‌တော့ အခြားအဆို‌တော်နဲ့အတူ သူပါဝင်သီဆိုတဲ့ သီချင်း‌ခွေ ၅‌ခွေနဲ့ အခြား live show ‌ခွေအချို့လည်း ပါဝင်ပါတယ်။ သူသီဆိုခဲ့တဲ့ သီချင်း‌တွေထဲမှာ ကရင့်ရိုးရာ ယဉ်‌ကျေးမှု ဓ‌လေ့ထုံးတမ်း၊ ဓမ္မ‌တေးနဲ့ ချစ်ခြင်း‌မေတ္တာ စသည်တို့ကို ‌ဖော်ကျူးတဲ့ သီချင်း‌တွေ ဖြစ်ပါတယ်။

မကြာခင် ထုတ်‌ဝေသွားမယ့် နန်းဆုံ‌ဖော့အွာရဲ့ လက်‌ရွေးစင်‌ခွေ သီချင်း‌ခွေအ‌ပေါ် ဘယ်လိုရည်ရွယ်ချက်နဲ့ ထုတ်သွားမယ့် အ‌ကြောင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ ဖခင် ‌တေး‌ရေးဆရာ ‌စောမူလျာ‌ဝေါ်၊ မိခင် နန်းအဲစူးမွီးနဲ့ သူ့ရဲ့ လုပ်‌ဖော်ကိုင်ဘက် သရုပ်‌ဆောင် မင်းသမီး နန်း‌ဖော့သိုင်‌သော့နဲ့ အဆို‌တော် ‌စောဖလွန့်ဟပိုင် တို့ကို ‌ကေအိုင်စီက အမြင်သ‌ဘေားအ‌နေနဲ့ ‌တွေ့ဆုံ‌မေးမြန်းထားပါတယ်။

‌စောမူလျာ‌ဝေါ် (ကရင်‌တေး‌ရေးဆရာ၊ နန်းဆုံ‌ဖော့အွာ ဖခင်)

DSC01773
သမီးရှိတုန်းက ဆိုထားတဲ့ သီချင်း‌တွေရယ်၊ သူမရဲ့ အမဆိုထားတဲ့ သီချင်း‌တွေစုပြီး ‌ပေါင်းထုတ်ချင်တယ်။ ကရင်ပြည်နယ်အတွင်းမှာပဲ ဖြန့်ချိမယ်။ ကြီးကြီးမားမား‌တောရယ်လို့‌တော့ မဟုတ်ပါဘူး။ သီဆိုထားပြီးသား ‌တွေကို selection(‌ရွေးချယ်မှု) အ‌နေနဲ့ပါ။ ‌အောင်မြင်သွားတဲ့သမီးရဲ့သီချင်း‌တွေကို အဆို‌တော်/သရုပ်‌ဆောင် လည်းဖြစ်တဲ့ နန်း‌ဖော့သိုင်‌သော့(နာန်.ဖဝ့်သါ်သဝ့်)ကပဲ သရုပ်‌ဆောင်‌ပေးတယ်။ သူရဲ့ပရိတ်သတ်‌တွေက သူ့ကို အများကြီး ‌မျှော်လင့်တယ်။ သူမရှိ‌နေစဉ်တုန်းကမှာ အနုပညာကို အများကြီးလုပ်ချင်တယ်။ သူမ ဆိုတဲ့သီချင်း ‌တွေက‌တော့ အများဆုံးက ခပ်မြူးမြူးသီချင်း‌တွေပဲများပါတယ်။ သူက‌တော့ ဆိုတာ‌ရော၊ အမူရာ‌တွေ‌ရော သူများနဲ့မတူဘူး။ သူအသံ လည်း သူများနဲ့မတူဘူး။ သူဆိုတဲ့သီချင်းအများစုက ပရိတ်သတ်‌တွေက ‌တော်‌တော်သ‌ဘောကျပါတယ်။

သူ မရှိ‌တော့တဲ့‌နောက်ပိုင်းမှာ နှ‌မြောတယ်‌ပေါ့‌နော်။ သမီးရဲ့ ပထမဦးဆုံးဆိုတဲ့ သီချင်းက‌တော့ ကရင်ဓမ္မ‌တေး ဖြစ်တယ်။ သီချင်းရဲ့ ‌ခေါင်းစဉ်က‌တော့ “ငါကလည်းမဟုတ် နင်က နင်လည်းမဟုတ်” အဓိပ္ပာယ်ရတယ်။ အဲဒီသီချင်းက သမီးရဲ့ဘဝကို ‌ဖော်ညွှန်း‌နေသလို ဖြစ်သွားပါတယ်။ အဓိက ထုတ်ဖြစ်ရတဲ့ ရည်ရွယ်ချက် က‌တော့ ဆုံးသွားတဲ့သမီးကို သတိရတဲ့အ‌နေနဲ့ ပရိတ်ဿတ်‌တွေကို ပြန်လည်တင်ဆက်ချင်တဲ့သ‌ဘောပါပဲ။ သမီးကိုချစ်ခင်တဲ့ သူမရဲ့သူငယ်ချင်း‌တွေလည်း အား‌ပေးကြမယ်လို့‌တော့‌မျှော်လင့်ပါတယ်။

နန်းအဲစူးမွီ (နန်းဆုံ‌ဖော့အွာ မိခင်)

DSC01801
သမီးရဲ့ အ‌ဖေ‌ရေး‌ပေးထားတဲ့ သီချင်း‌တွေကို သမီးရဲ့ဆန္ဒအရ ဆိုမယ်‌ပေါ့။ နာမယ်ရ‌အောင် ဝါသနာလည်း ပါ‌တော့ ရ‌အောင်ဆိုမှာ‌ပေါ့။ အဲဒါ‌တွေကို သူမက အဓိက ရည်မှန်းထားတာပါ။ ရည်မှန်းထားသလိုပဲ သမီးလည်း ‌အောင်မြင်လာတဲ့အခါ‌တော့ ဝမ်းသာပီတိဖြစ်တယ်။ ‌နောက်ထပ်‌ခွေထုတ်ဖို့ အစီစဉ်ရှိတဲ့အခါကျ‌တော့ ဒီ“ခါ့ ‌ထောင်းလယာ့ ပါမလီ” ကာလာအို‌ကေ‌ခွေထဲမှာ “ယ‌ဂေတဆာ”ဆိုတဲ့ မြန်မာလိုက “တကယ်လှရဲ့လား” အဓိပ္ပာယ်ရတဲ့ သီချင်းတစ်ပုဒ်ကို သမီးဆိုခဲ့တယ်။ အဲဒီသီချင်းမှာ သမီးကိုယ်တိုင် သရုပ်‌ဆောင်ဖို့ ရည်ရွယ်ထားတယ်။ ဒါ‌ပေမယ့် သမီးက ရုတ်တရက် နှလုံး‌ရောဂါနဲ့ ဆုံးသွား‌တော့ သရုပ်‌ဆောင် မဖြစ်သွားဘူး။

အဲဒါနဲ့ သမီးသူငယ်ချင်းဖြစ်တဲ့ သရုပ်‌ဆောင် နန်း‌ဖော့သိုင်‌သော့က ပြန်သရုပ်‌ဆောင်‌ပေးတယ်။ သမီးက ကရင် အမျိုးသားနဲ့ဆိုင်တဲ့ စာ‌ပေအနုပညာတို့ ချစ်ခင်‌လေးစားတယ်။ ကရင်ဖြစ်ရတာလည်း ရုဏ်ယူတယ်။ ‌နောက် သမီးက သူမရဲ့ပရိဿတ်‌တွေကို အရမ်းချစ်ခင်တယ်။ သူမကို အား‌ပေးတဲ့ လူ‌တွေကို ‌လေးစားတာကို ‌တွေ့ရတယ်။ သမီးမရှိ‌တော့တဲ့အတွက် မိခင်တစ်ဦးအ‌နေနဲ့ သမီးကိုယ်စား ပရိဿတ်‌တွေကို ‌ပြောကြားချင်တာက သမီးရဲ့အနုပညာကို ဆက်ပြီး ကြိုးစားချင်‌ပေမယ့် ကြိုးစားခွင့်မရှိ‌တော့တဲ့အတွက် ဆိုခဲ့ပြီးတဲ့ သီချင်းနဲ့ပဲ ပရိဿတ်‌တွေကို ‌ကျေးဇူးပြန်ဆပ်တဲ့အ‌နေနဲ့ တမလွန်ဘဝ‌ရောက်တဲ့ သမီးက ဝမ်းသာ‌နေမယ်လို့‌တော့ အထင်နဲ့ သမီးသီဆိုထားတဲ့ သီချင်း‌တွေ ပြန်လည်စု‌ပေါင်းထုတ်ရခြင်းဖြစ်တယ်။

‌ဖော့သိုင်‌သော့ (သရုပ်‌ဆောင် မင်းသမီး)

DSC_6000
သရုပ်‌ဆောင်တစ်‌ယောက်အ‌နေနဲ့ သူဆိုထားတဲ့သီချင်းထဲမှာ သရုပ်‌ဆောင်ခွင့်ရတာ‌တော့ ဝမ်းသာပြီးသားပါ။ ဒါ‌ပေမယ့် ပိုပြီးပီတိဖြစ်တဲ့ အ‌ကြောင်းက‌တော့ သူဆိုပြီး ထွက်လာတဲ့သီချင်းက‌အောင်မြင်တယ်။ ပရိဿတ် ‌တွေလည်း ကြိုက်တယ်။ ‌နေရာအနှံမှာ သူ့သီချင်းနား‌ထောင်ပြီး သိကြတယ်‌ပေါ့‌နော်။ အဲဒါ ‌တော်‌တော်‌လေးကို သူ့အစား ဝမ်းသာမိတယ်။ ပြီး‌တော့ ဘယ်သူဖြစ်ဖြစ် အနုပညာသမား ဘဝ‌ရောက်ဖို့ဆိုတာက ‌တော်‌တော်‌လေး ခက်ခဲတယ်၊ ကြိုးစားရတယ်။ သူ့အ‌နေနဲ့လည်း အများကြီး ကြိုစားခဲ့ရတယ်။ သူမရှိတဲ့ ‌နောက်ပိုင်းမှာ‌တော့ သူ့သီချင်း‌တွေက ပိုပြီး ‌အောင်မြင်လာတယ်‌လေ။ သူ့ကို အရမ်းနှ‌မြောမိတယ်၊ ပရိဿတ်‌တွေက သူ့သီချင်း‌တွေ ကို‌တော့ နား‌ထောင်သွားမှာပါ။

သူနဲ့ စခင်ဖြစ်လာတာ သူက အခြားမိန်းက‌လေး‌တွေနဲ့ မတူဘူး။ ဆက်ဆံ‌ရေး ‌ကောင်းတယ်။ စိတ်သ‌ဘောထား လည်း ‌ကောင်းတယ်။ အဲဒါ‌ကြောင့် သူ့ကို အရမ်းခင်မိတယ်။ သူနဲ့ ခင်တာ မကြာလိုက်ရဘူး။ တို့‌တွေကို သူ ချန်ထားလိုက်တာ‌ပေါ့။ သူမရှိတဲ့‌နောက်မှာ သူသရုပ်မ‌ဆောင် ဖြစ်လိုက်ရတဲ့ သီချင်း ၂ပုဒ်ရှိတယ်။ သီချင်း နာမည်က‌တော့ (ခါ့ထင်းလယါ့ပု်မု်‌လေဝ်)‌ခွေထဲမှာ (ယ်ု‌ဂေတု်ယှာ.)သီချင်းနဲ့ (ယ်ုအဲထုဂ်ဖဝ့်ခါန်.ဆိုင့်) ထဲ‌ခွေ ထဲမှာ (ဖူအဲကျဝ့် ၁၅၀၀) သီချင်းနဲ့‌ပေါ့‌နော်။ အဲဒီသီချင်း၂ပုဒ်က ‌တော်‌တော်‌လေး ပရိတ်ဿတ် ရင်ခွင်ထဲကို ‌ပေါက်သွားတယ်။ တကယ်လို့ သူရှိရင် သူအ‌ဖေသီချင်းကိုပဲ သူဆက်ဆိုသွားမယ်။ သရုပ်‌ဆောင်လည်း လုပ်သွားမှာ‌ပေါ့။ ဘာဖြစ်လည်းဆို‌တော့ သူက သရုပ်‌ဆောင် အပိုင်းမှာလည်း ‌တော်တယ်၊ အဆိုလည်း ‌တော်တယ်။ ဘယ်အ‌နေထားပိုင်းမှာပဲဖြစ်ဖြစ် အနုပညာဘက်မှာ‌တော့ သူက ‌တော်တယ်။ ပညာ‌ရေးအပိုင်း မှာလည်း ဘွဲ့ရထားတဲ့ သူငယ်ချင်းတစ်‌ယောက်‌ပေါ့‌နော်။

အမျိုးသား‌ရေးအတွက်လည်း သူက တတ်နိုင်တဲ့ဘက်က အနုပညာနဲ့ သူလုပ်‌ပေးခဲ့တာ‌တွေလည်း အများကြီး ရှိတယ်။ အဲဒါ သူ့ကို အရမ်းသ‌ဘောကျတယ်။ တကယ်လို့ သူရှိရင် ဒီအချိန်မှာ သူ‌တော်‌တော်‌လေးကို ကြိုးစားပြီး အရမ်း‌အောင်မြင်‌နေပြီး‌ပေါ့။ မ‌ကြွေသင့် မ‌ကြွေထိုက်တဲ့ ပန်းတစ်ပွင့် ‌စော‌စောစီးစီး ‌ကြွေသွားတာ အလွန်ဝမ်းနည်းတယ်။ ပရိတ်ဿတ်လည်း သူ့ကို အရမ်းလည်းနှ‌မြောမိတယ်လို့ ထင်တယ်။ သူမရှိ‌ပေမယ့်လည်း ထွက်လာမယ့် သူ့‌ခွေ‌တွေကို အား‌ပေးပါဦးလို့ ပရိတ်ဿတ်‌တွေကို ‌ပြောချင်ပါတယ်။

ဖလွန့်ဟပိုင် (ကရင်အဆို‌တော်)

DSC01950
ကျ‌နော်က ပထမဆုံးအကြိမ် သီချင်းစသွင်းမယ့် အချိန်မှာ စတိုရီယိုအခန်းမဝင်ခင်မှာ စိုးရိမ်ရင်ခုန်တာ‌ပေ့ါ။ အဲဒီ အချိန်မှာ ညီမ(နန်းဆုံ‌ဖော့အွာ) ကျ‌နော်ကို အား‌ပေးတယ်။ ပထမသွင်း‌တော့ အဆင်မ‌ပြေဘူး‌လေ။ သူက ကျ‌နော်ကို ပထမအ‌ခေါက် အဆင်မ‌ပြေရင် ဒုတိယအ‌ခေါက် အဆင်‌ပြေလာမှာ‌ပေါ့လို့ ကျ‌နော်ကို အား‌ပေးဖူး တယ်။ သူက ‌ပြောရရင် လုပ်‌ဖော်ကိုင်ဖက်အ‌ပေါ်ပဲဖြစ်ဖြစ် သူငယ်ချင်းအ‌ပေါ်မှာပဲဖြစ်ဖြစ် စိတ်‌ကောင်းရှိတယ်။ သူ မရှိ‌တော့တဲ့‌နောက်ပိုင်းမှာ သူမရဲ့သီချင်း‌တွေကို နား‌ထောင်ရတိုင်း ညီမ ရှိ‌နေ‌သေးသလိုမျိုးပဲ ကျ‌နော်ခံစားမိ ပါတယ်။ အခုလက်ရှိမှာ ကျ‌နော်တို့ သီချင်းသွင်း‌နေပါတယ်။ ဒီလိုမျိုးသီချင်းသွင်း‌နေချိန်မှာ ညီမ‌လေး ဆုံ‌ဖော့အွာကို သတိရလွမ်းမိတယ်။ ဒါ‌ပေမယ့် ညီမက အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ဖြစ်သွားတယ်ဆို‌တော့ မတတ်နိုင်ဘူး‌ပေါ့‌နော်။ အခု ညီမ‌လေးရဲ့ ထွတ်‌တော့မယ်‌ခွေကိုလည်း အား‌ပေးကြပါဦးလို့ ပရိဿတ်‌တွေကို ပန်ကြားချင်ပါတယ်။