Home သတင်း ဒုက္ခသည်စခန်း ‌ဆေးရုံဝန်ထမ်းများ အလုပ်မဆင်းဘဲ ဆန္ဒထုတ်‌ဖော်ဆဲ

ဒုက္ခသည်စခန်း ‌ဆေးရုံဝန်ထမ်းများ အလုပ်မဆင်းဘဲ ဆန္ဒထုတ်‌ဖော်ဆဲ

2220

ဇူလိုင် ၈ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ အုန်းဖျန်နှင့် မယ်လဒုက္ခသည်စခန်းနှစ်ခုတွင် စခန်းရှိ ‌ဆေးရုံဝန်ထမ်းများက ဝန်ထမ်းအခွင့်အ ‌ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ AMI တာဝန်ရှိသူများထံ ‌တောင်းဆိုမှုများ ပြုလုပ်ရာ မ‌ပြေလည်သဖြင့် ဇူလိုင်လ ၄ရက်နှင့် ၅ရက်‌နေ့များမှစ၍ အလုပ်မဆင်း‌တော့ဘဲ ဆန္ဒထုတ်‌ဖော်ပြ‌နေကြ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

အုန်းဖျန်စခန်းရှိ ‌ဆေးဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက “စခန်း‌ဆေးဆရာ၊ ဆရာမ‌တွေအားလုံးက သူတို့ရဲ့ ဝန်ထမ်းဆိုင်ရာ အခွင့်အ‌ရေး တန်းတူမရတာရယ်၊ အပြစ်‌ပေးမှုကျ‌တော့ တန်းတူဖြစ်‌နေတာရယ်ကို တူညီမှုဖြစ်‌အောင် ‌တောင်းဆိုတဲ့အ‌ပေါ် တာဝန်ရှိသူ‌တွေက မလိုက်‌လျော‌ပေးတဲ့အတွက် ဆန္ဒပြတဲ့သ‌ဘောနဲ့ အလုပ်မဆင်းဘဲ ‌နေလိုက်ကြတာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အုန်းဖျန်၊ မယ်လနှင့် နို့ဖိုးဒုက္ခသည်စခန်းများတွင် ကျန်းမာ‌ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တာဝန်ယူထားသည့် Aide Medicale Internationale (AMI)အဖွဲ့အ‌နေဖြင့် ယခုနှစ် ဇူလိုင်လကုန်တွင် လုပ်ငန်းပြီးဆုံးကာ ARC အဖွဲ့က ဩဂုတ်လမှစ၍ ဆက်လက် တာဝန်ယူသွားမည်ဖြစ်သည်။ သို့‌သော် ဝန်ထမ်းများအ‌နေဖြင့် ဩဂုတ်လကုန်အထိ လုပ်ငန်းစာချုပ်(ကွန်ထရက်) ဖြင့် လုပ်ကိုင်‌နေကြသဖြင့် ဩဂုတ်လအတွက်ပါ ‌ထောက်ပံ့‌ပေးရမည်ဟု ဆန္ဒထုတ်‌ဖော်သူများက နားလည်ထားကြသည်။

ယင်းသို့ ကျန်းမာ‌ရေးဆိုင်ရာ အကူအညီ‌ပေး‌ရေးအဖွဲ့များ အ‌ပြောင်းအလဲကာလတွင် AMI တာဝန်ရှိသူအ‌နေဖြင့် ပြီးခဲ့သည့် ဇွန် လ ၁၄ရက်၊ ၁၇ရက်နှင့် ၂၉ရက်‌နေ့များက အဆိုပါစခန်းများသို့ သွား‌ရောက်၍ လုပ်ငန်းဆိုင်ရာ ဝန်ထမ်းများ၏ နစ်နာ‌ကြေးဆိုင် ရာများကို ရှင်းပြ‌ပြောဆိုခဲ့‌သော်လည်း အချို့အချက်များမှာ Base staff နှင့် Camp staff များအကြားတွင် အခွင့်အ‌ရေး ကွဲပြားမှု များရှိသည့်အတွက် တစုံတရာ ‌ဖြေရှင်း‌ပေးရန် ‌ဆေးရုံဝန်ထမ်းများက လိုလား‌တောင်းဆိုထား‌ကြောင်း သိရသည်။

ယခင်လအထိ စာရင်းအရ မယ်လစခန်းတွင် ‌ဆေးဝန်ထမ်း ၃၃ဝဦး၊ အုန်းဖျန်စခခန်းတွင် ‌ဆေးဝန်ထမ်း ၁၀၂ဦးရှိပြီး ၎င်းတို့ အားလုံး အလုပ်မဆင်းသည့်အတွက် စခန်းရှိ ‌ဆေးရုံများ၌ ‌ဆေးကုသမှုခံယူသူ ပြင်ပနှင့် အတွင်းလူနာများမှာ ‌လျော့နည်းလာ ပြီး လက်ရှိအချိန်တွင် ၎င်းတို့ကို မဲ‌ဆောက်နှင့် အုန်းဖန်မြို့နယ်ရှိ AMI ကျန်းမာ‌ရေးတာဝန်ခံ ဆရာဝန်များက လာ‌ရောက်ကြည့်ရှု ‌ပေးလျှက်ရှိသည်။
IMG_0166
အမည်မ‌ဖော်လိုသူ ‌ဆေးဝန်ထမ်းတစ်ဦးက “ကျ‌နော်တို့ကို စခန်းထဲက လူ‌တွေက အမျိုးမျိုး နားလည်‌နေကြတယ်။ တချို့က လစာ တစ်လစာ‌လေးနဲ့ ဒီလိုလုပ်တယ်‌ပေါ့။ တချို့ကလည်း ကျ‌နော်တို့ကို လာ‌မေး‌တော့ ရှင်းပြတဲ့အ‌ပေါ် နားလည်ကြသူ‌တွေ လည်း ရှိပါတယ်။ ကျ‌နော်တို့ အားလုံးက‌တော့ ကိုယ့်‌တောင်းဆိုမှုကို တာဝန်ရှိသူ‌တွေက မလိုက်‌လျောသ‌ရွေ့ သူတို့သက်တမ်း ပြီးမဲ့ ဒီလကုန်အထိကို အလုပ်မဆင်းဘဲ‌နေသွားမယ်။ ပြီးမှ အဖွဲ့သစ်နဲ့ ဆက်လုပ်နိုင်ရင် လုပ်မယ်”ဟု ‌ပြောဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြသူ ‌ဆေးဝန်ထမ်းများက စခန်း‌ကော်မတီဝင်များ၊ ဒုက္ခသည်စခန်း‌ကော်မတီမှ တာဝန်ရှိသူများထံ အသိ‌ပေးထားခဲ့ပြီး ညှိနှိုင်း‌ဆွေး‌နွေး‌ပေးရန် ‌တောင်းဆိုထားကြသည်။ အလားတူ မယ်လဒုက္ခသည်စခန်းတွင် စခန်းလုံခြုံ‌ရေး အပါအဝင် စခန်း‌ကော်မတီဝင်များ၊ ကရင်ဒုက္ခသည်‌ကော်မတီ(KRC)မှ တာဝန်ရှိသူများနှင့် စခန်းရှိ ‌ဆေးရုံဝန်ထမ်းများက ယ‌နေ့ မွန်းလွဲပိုင်းတွင် ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေကြသည်ဟုလည်း သိရသည်။

KRC ဘဏ္ဍာ‌ရေးတာဝန်ခံ ‌နော်ဘလူးမင်းနိုက်ဇန်က “ဒီကိစ္စအ‌ပေါ် ကျမတို့က တစ်ဖက်တည်းလည်း နား‌ထောင်‌နေလို့ မရတာမို့ အဖက်ဖက်က ‌ပြောဆိုလာတာကို နား‌ထောင်ပြီး ‌ဆောင်ရွက်သွားရမှာပါပဲ။ အဖြစ်အပျက် အ‌သေးစိတ် ‌သေချာတင်ပြလာ‌ပေးဖို့ ‌တော့ ‌ပြောဆိုထားပါတယ်”ဟု ဆိုသည်။

Premiere Urgence – Aide Medicale Internationale (PU-AMI) သည် နိုင်ငံတကာ အစိုးရဟုတ်‌သော အဖွဲ့အစည်းတခုဖြစ် ပြီး ကျန်းမာ‌ရေးဆိုင်ရာ ကိစ္စရပ်များကို တာ့ခ်ခရိုင်အတွင်းရှိ မယ်လ၊ အုန်းဖျန်နှင့် နို့ဖိုးဒုက္ခသည်စခန်းများ၌ ဝင်‌ရောက်‌ဆောင် ရွက်‌ပေး‌နေ‌သော်လည်း နို့ဖိုးဒုက္ခသည်စခန်းတွင်မူ အလားတူ အ‌ခြေအ‌နေမျိုး မရှိ‌ကြောင်း သိရသည်။