Home သတင်း ဒုက္ခသည်စခန်း ‌ဆေးရုံဝန်ထမ်းများ ဆန္ဒထုတ်‌ဖော်မှု ‌ပြေလည်မှုရရှိ၍ ပုံမှန် အလုပ်ပြန်ဆင်း‌တော့မည်

ဒုက္ခသည်စခန်း ‌ဆေးရုံဝန်ထမ်းများ ဆန္ဒထုတ်‌ဖော်မှု ‌ပြေလည်မှုရရှိ၍ ပုံမှန် အလုပ်ပြန်ဆင်း‌တော့မည်

1496

ဇူလိုင် ၁၄ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ အုန်းဖျန်နှင့် မယ်လဒုက္ခသည်စခန်းတွင် ဇူလိုင်လဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ‌ဆေးရုံဝန်ထမ်းများ အလုပ်မဆင်းဘဲ ဆန္ဒထုတ်‌ဖော်ခဲ့မှုကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ လာ‌ရောက် ညှိနှိုင်း‌ဖြေရှင်း‌ပေးမှု ‌ပြေလည်သွားပြီးဖြစ်၍
ဇူလိုင်လ ၁၅ရက်‌နေ့တွင် ပုံမှန် အလုပ်ပြန်ဆင်းကြ‌တော့မည်ဟု စခန်းနှစ်ရှိ ‌ဆေးရုံတာဝန်ရှိသူများက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြော ဆိုသည်။

Aide Medicale Internationale (AMI) ဋ္ဌာနချုပ်မှ Asia Desk Manager (Ms. Sophie Benoliel) ဦး‌ဆောင်သည့်အဖွဲ့သည် ဇူလိုင်လ ၁၁ရက်နှင့် ၁၂ရက်‌နေ့၌ မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းရှိ ‌ဆေးရုံဝန်ထမ်းများနှင့် လာ‌ရောက်‌တွေ့ဆုံခဲ့ရာ ပြဿ နာအားလုံးကို ၎င်းတို့တာဝန်ယူ ‌ဖြေရှင်းပြု‌ပေးသွားမည်ဟု ‌ပြောဆိုခဲ့သည့်အတွက် ‌ပြေလည်မှုရရှိသွားခြင်းဖြစ်သည်ဟု မယ်လ စခန်း ‌ဆေးရုံတာဝန်ခံ ‌စောလယ့်ဒို့‌ဂေက ‌ပြောသည်။

“ပြီးခဲ့တဲ့ တနလင်္ာ‌နေ့က AMI ဗဟိုက ဆရာမ Sophie က ကျ‌နော်တို့ ‌ဆေးဝန်ထမ်း‌တွေနဲ့ လာ‌တွေ့ပြီး‌တော့ရှင်းပြတယ်။ ဒီကို ‌ရောက်မှ ကျ‌နော်တို့ရဲ့လိုလားမှု‌တွေ၊ ခံစားရမှု‌တွေကို သိရတယ်‌ပေါ့။ ဒီအ‌ပေါ်မှာလည်းပဲ ‌ပြေလည်‌အောင် ‌ဖြေရှင်း‌ပေးသွား မယ်လို့ ‌ပြောတယ်။ ဖြစ်ခဲ့တဲ့ကိစ္စက သူတို့ရဲ့ ရှင်းရှင်းလင်းလင်း မလုပ်‌ဆောင်ခဲ့တဲ့ အားနည်းချက်‌တွေ‌ကြောင့်လို့လည်း ဝန်ခံ ‌ပြောသွားတဲ့အတွက် လာမယ့် Friday (ဇူလိုင် ၁၅ရက်)မှာ ကျ‌နော်တို့ ပုံမှန် အလုပ်ပြန်ဆင်းကြ‌တော့မယ်”ဟု ၎င်းက‌ပြောသည်။

အဆိုပါ နှစ်ဖက်ညှိနှိုင်းမှုအရ နားလည်မှုလွဲ‌စေခဲ့သည့် ဒုက္ခသည်စခန်းနှင့် သက်ဆိုင်သည့် အထက်ဝန်ထမ်းများကို အ‌ရေးယူမှု မပြုဘဲ ဝန်ထမ်းများ အလုပ်မဆင်းခဲ့သည့် ရက်များအတွက်လည်း လစာအပြည့်အဝ ‌ပေးသွားမည်ဖြစ်သလို Base staff နှင့် Camp Staff အကြား ခွဲခြားဆက်ဆံမှုမပြုရ ဆိုသည့် သ‌ဘောတူညီချက်များဖြင့် ‌ပြေလည်မှုရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အုန်းဖျန်ဒုက္ခသည်စခန်းမှ ‌ဆေးရုံတာဝန်ခံ ‌စော‌ဝေထူးကလည်း “အဂင်္ါ‌နေ့က head quarter က‌နေပြီး‌တော့ လာရှင်းပြသွား တယ်။ သူတို့ဘက်က အားနည်းချက်ရှိတယ်ဆိုတာကို‌ပေါ့။ သတင်းအချက်အလက် ‌ပေးတဲ့အပိုင်းမှာဖြစ်‌စေ၊ တချို့စာရွက်စာ တမ်း‌တွေမှာ သူတို့‌ရေးထားတဲ့ဟာ‌တွေက မရှင်းမလင်းဖြစ်‌နေတာတို့၊ မပြည့်မစုံဖြစ်‌နေတာတို့ကို ‌ပြေ‌ပြေလည်လည်ရှင်းပြတယ်။ သူတို့ရဲ့မှားယွင်းမှုအတွက်ကိုလည်း ‌တောင်းပန်ပါတယ်‌ပေါ့။ ကျ‌နော်တို့ရဲ့ ‌တောင်းဆိုမှုကိုလည်း အတတ်နိုင်ဆုံး ကြိုးစား‌ပေး‌နေ ပြီး‌ပေါ့‌နော်”ဟု ဆိုသည်။

ယင်းသို့ ညှိနှိုင်း‌ဖြေရှင်းမှု ‌ပြေလည်သွားသည့်အတွက် အုန်းဖျန်‌ဆေးရုံဝန်ထမ်းများအ‌နေဖြင့် လာမည့် ဇူလိုင်လ ၁၅ရက်‌နေ့တွင် ညပိုင်းတာဝန်များကို စတင် ‌ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇူလိုင်လ ၁၈‌နေ့ကျမှသာ အချိန်ပြည့် တာဝန်ယူသွားမည်ဟုလည်း ‌စော‌ဝေထူးက ဖြည့်စွက်‌ပြောဆိုသည်။
IMG_0288
အုန်းဖျန်၊ မယ်လနှင့် နို့ဖိုးဒုက္ခသည်စခန်းများတွင် ကျန်းမာ‌ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တာဝန်ယူသွားရန် American Refugee Committee -ARCအဖွဲ့က ဩဂုတ်လမှစ၍ ‌စောလျင်စွာ ဝင်‌ရောက်တာဝန်ယူမည်ဖြစ်သဖြင့် AMI က ဇူလိုင်လကုန် တွင် လုပ်ငန်းဆိုင်ရာများကို ရပ်ဆိုင်းသွားမည်ဖြစ်သည်။ သို့‌သော် ဝန်ထမ်းများအ‌နေဖြင့် ဩဂုတ်လကုန်အထိ လုပ်ငန်းစာချုပ် (ကွန်ထရက်)ဖြင့် လုပ်ကိုင်‌နေကြခြင်းဖြစ်သည့်အတွက် ‌ထောက်ပံ့‌ပေးရမည်ဟု ဆန္ဒထုတ်‌ဖော်ခဲ့သူများက နားလည်ထားကာ ‌တောင်းဆိုခဲ့ကြသည်။

ယင်းသို့ ကျန်းမာ‌ရေးဆိုင်ရာ အကူအညီ‌ပေး‌ရေးအဖွဲ့များ အ‌ပြောင်းအလဲကာလတွင် AMI တာဝန်ရှိသူအ‌နေဖြင့် ပြီးခဲ့သည့် ဇွန် လ ၁၄ရက်၊ ၁၇ရက်နှင့် ၂၉ရက်‌နေ့များက အဆိုပါစခန်းများသို့ သွား‌ရောက်၍ လုပ်ငန်းဆိုင်ရာ ဝန်ထမ်းများ၏ နစ်နာ‌ကြေးဆိုင် ရာများကို ရှင်းပြ‌ပြောဆိုခဲ့‌သော်လည်း အချို့အချက်များမှာ Base staff နှင့် Camp staff များအကြားတွင် အခွင့်အ‌ရေး ကွဲပြားမှု များအ‌ပေါ် တစုံတရာ ‌ဖြေရှင်း‌ပေးရန် ‌ဆေးရုံဝန်ထမ်းများက လိုလား‌တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယခင်လအထိ စာရင်းအရ မယ်လစခန်းတွင် ‌ဆေးဝန်ထမ်း ၃၃ဝဦး၊ အုန်းဖျန်စခခန်းတွင် ‌ဆေးဝန်ထမ်း ၁၀၂ဦးရှိပြီး အားလုံးမှာ အလုပ်မဆင်းသည့်အတွက် ထိုရက်ပိုင်းအတွင်း ၎င်းစခန်းများရှိ ‌ဆေးရုံများ၌ ‌ဆေးကုသမှုခံယူသူ ပြင်ပနှင့် အတွင်းလူနာများ ‌လျော့နည်းသွားခဲ့သည်။

Premiere Urgence – Aide Medicale Internationale (PU-AMI) သည် နိုင်ငံတကာ အစိုးရမဟုတ်‌သော အဖွဲ့အစည်းတခု ဖြစ်ပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မယ်လ၊အုန်းဖျန်နှင့် နို့ဖိုးဒုက္ခသည်စခန်းများ၌ ကျန်းမာ‌ရေးဆိုင်ရာ ကိစ္စရပ်များကို ဝင် ‌ရောက်‌ဆောင်ရွက်‌ပေး‌နေခြင်းဖြစ်သည်။