Home သတင်း စပါးဖျက်ပိုးတစ်မျိုး‌ကြောင့် ‌ကေအဲန်ယူ လူ‌သောမြို့နယ်တွင် စပါးပျိုးပင် ပျက်စီး‌နေ

စပါးဖျက်ပိုးတစ်မျိုး‌ကြောင့် ‌ကေအဲန်ယူ လူ‌သောမြို့နယ်တွင် စပါးပျိုးပင် ပျက်စီး‌နေ

2297

ဇူလိုင် ၄ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေ လူ‌သော မြို့နယ်၊ ‌ပေး‌ကေး‌ကျေးရွာအုပ်စု၊ ‌သေ့ခယ်မုဒဲ‌ကျေးရွာ အနီးရှိ လယ်ယာ‌မြေ ၄ခုတွင် ဇွန် ၂၈ရက်‌နေ့မှ ယခုချိန် အထိ စပါးဖျက် ပိုးတစ်မျိုး‌ကြောင့် ပျိုးစပါးပင်များ ပျက်စီးလျှက်ရှိသည်ဟု သိရှိရသည်။

စပါးစိုက်ရန် ပျိုးထား‌သော အဆိုပါ ပျိုးစပါးပင်များသည် ပိုးမွှားတို့၏ ကိုက်ဖြတ်ဖျက်ဆီးသဖြင့် နှုတ်ယူပြီး ပြန်လည်စိုက်ပျိုးရန် မရရှိသလို တဖန်ပြန်လည် မျိုး‌စေ့ပျိုးကြဲရန်လည်း အလားတူ ထပ်မံဖြစ်သွား မည်ကို ကာယကံရှင် လယ်သမားများ စိုးရိမ်‌နေကြသည်ဟု ‌ကေအဲန်ယူ ဖာပွန်ခရိုင် တွဲဘက်အတွင်း‌ရေးမှူး ‌စောလွဲ‌ဂေက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီစပါးပိုုးပျက်စီးမှု‌တွေ ဖြစ်ပွား‌တော့ ကျ‌နော်တို့ကို လာတင်ပြတယ်။ ကျ‌နော်တို့ ‌ဒေသမှာ ဒီလို တခါမှ မကြုံခဲ့ ဖူးဘူး။ ဒီလယ်ဖြစ်‌တော့ လယ်သမား‌တွေ‌တော့ စိုးရိမ်ကြတာ‌ပေါ့။ အခုလိုဖြစ်တာ ဒီ‌ဒေသခံမှာ ပိုးမွှားစားတဲ့ ဖား‌တွေ၊ ဇရက်ငှက်၊ ဘုတ်ငှက်‌တွေကို ဖမ်းစားကြတာ များလာတဲ့အတွက် ဖြစ်တယ်လို့ ကျ‌နော်တို့ ဒီက လူ‌တွေ ယူဆကြတယ်”ဟု ‌ပြောသည်။

ယခုလို ပျိုးစပါးပင်များ ဖျက်ဆီးသည့် ပိုး‌ကြောင့် ၎င်း‌ဒေသရှိ အခြားစပါးခင်းများသို့ ကူးစက်သွားမည်ကို ‌ဒေသခံများ စိုးရိမ်လျှက်ရှိကြ‌ကြောင်းနှင့် မည်သို့ ကာကွယ်ရမည်ကို နည်းလမ်းကြံဖန်မရ ဖြစ်‌နေကြ‌ကြောင်း သူက ဖြည့်စွက်‌ပြောသည်။
13578933_249601608753159_1304457693_n
လူ‌သောမြို့နယ်၊ ‌ပေး‌ကေး‌ကျေးရွာအုပ်စုတွင် ‌သေ့ခယ်မုဒဲ အပါအဝင် ‌လေးပူဒန်း၊ ထီးဖိုးထာ့၊ ‌မောယူနီ၊ ထီးဆွဲနီ၊ ကလို‌ဘောခို့၊ ကလို‌ဘောထနှင့် ‌သေခါ့ထာ့‌ကျေးရွာများတည်ရှိသည်။ ၎င်း‌ကျေးရွာများအနက် ‌သေ့ခယ်မူဒဲ‌ကျေးရွာတွင် ပိုးဖျက်ဆီးခံရ‌သော ပျိုးစပါးခင်း ၄ ခုရှိပြီး ဧကအားဖြင့် စုစု‌ပေါင်း ၁၄ ဧက‌ကျော် ရှိ‌ကြောင်း သိရသည်။

ထို့အပြင် ‌ကေအဲန်ယူ ဖာပွန်ခရိုင်၌ ယခင် ဇွန်လဆန်းပိုင်းမှ ယခုဇူလိုင်အထိ ဘူးသို့၊ ဒွဲ့လိုးနှင့် လူ‌သော မြို့နယ်များရှိ ‌ကျေးရွာအများစုတွင် ‌ဒေသခံ‌တောင်သူများ၏ ‌တောင်ယာစပါးစိုက်ခင်းများကို ကြွက်များ ဝင်‌ရောက်ဖျက်ဆီးခံရမှုများ ကြုံ‌တွေ့‌နေရသည်ဟု သိရသည်။