Home သတင်း ကရင်ပြည်နယ် ဒုတိယအကြိမ် ဒုတိယပုံမှန် လွှတ်‌တော်အစည်းအ‌ဝေးတွင် အဆို ၅ ရပ် အတည်ပြု

ကရင်ပြည်နယ် ဒုတိယအကြိမ် ဒုတိယပုံမှန် လွှတ်‌တော်အစည်းအ‌ဝေးတွင် အဆို ၅ ရပ် အတည်ပြု

2829
ဇူလိုင် ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွှန့်‌သောင်း

ပြန်လည်စတင်လိုက်သည့် ဇူလိုင် ၂ဝ ရက်မှ ၂၂ ရက်‌နေ့အထိ သုံးရက်ကြာ ပြုလုပ်ခဲ့‌သော ကရင်ပြည်နယ်၏ ဒုတိယအကြိမ်‌မြောက် ဒုတိယပုံမှန်အစည်းအ‌ဝေးတွင် အဆိုပြုချက် ၅ ရပ်ကို ပြည်နယ်လွှတ်‌တော်မှ အတည်ပြုခဲ့သည်။

အဆိုပါ အဆို ၅ ရပ်တို့ကို ပြည်နယ်လွှတ်‌တော်ပြန်လည်စတင်သည့် ပထမ‌နေ့တွင် ကိုယ်စားလှယ်များက တင်သွင်းကြပြီး ဒုတိယ‌နေ့နှင့် တတိယ‌နေ့ အဆိုပြုချက်များကို ပြန်လည်‌ဆွေး‌နွေး အတည်ပြုခြင်းကိစ္စကို လုပ်‌ဆောင်ကြသည်။

ထိုသို့ အဆိုပြုရာ၌ သံ‌တောင်ကြီးမြို့နယ် မဲဆန္ဒအမှတ်(၂)ကိုယ်စားလှယ် ‌စော‌ဂျေ‌အေဝင်းမြင့်က ဖားအံခရိုင်၊ လိပ်သိုမြို့ကို မြို့နယ်အဆင့် တိုးမြှင့်သတ်မှတ်ရန်၊ ‌ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)ကိုယ်စားလှယ် ဦးမင်းကိုခိုင်က လယ်ယာ‌မြေ‌လျှော့နည်းဆုံးရှုံးမှု မရှိ‌စေ‌ရေးအတွက် နည်းဥပ‌ဒေသတ်မှတ် ‌ရေးဆွဲရန်၊ မြဝတီ မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ် ဦးသန့်ဇင်‌အောင်က ဗိုလ်ချုပ်‌အောင်ဆန်း ဓာတ်ပုံအား အစိုးရ ရုံးများ၊ ခန်းမ‌ဆောင်များ၊ စာသင်‌ကျောင်းများနှင့် ထင်ရှားသည့် အ‌ဆောက်အဦးများတွင် မြတ်မြတ်နိုးနိုးဖြင့် ချိတ်ဆွဲရန် စသည့်အဆိုများ ပါဝင်သည်။

ထို့‌နောက် ပြည်နယ်စိုက်ပျိုး‌ရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ဦက တင်သွင်းသည့် ကရင်ပြည်နယ် သဘာဝ‌မြေဩဇာ စနစ်တကျ ထုတ်လုပ်သုံးစွဲသည့် ဥပ‌ဒေကြမ်းသတ်မှတ်‌ရေးဆွဲရန်နှင့် ‌ရေချိုငါးလုပ်ငန်း ဥပ‌ဒေအား ပြန်လည်ဖြည့်စွတ် ဥပ‌ဒေများအတည်ပြုရန် စသည့် အဆိုတို့ကို ပြည်နယ်လွှတ်‌တော်မှ ‌ဆွေး‌နွေးအတည်ပြုခဲ့ကြခြင်းဖြစ်သည်။

အဆိုတင်သွင်းမှု ပြုခဲ့သူ ဝန်ကြီးဦးမြင့်ဦးက “ကရင်ပြည်နယ် သဘာဝ‌မြေဩဇာ စနစ်တကျ ထုတ်လုပ်သုံး စွဲဖို့က ပြည်နယ်အ‌နေဖြင့် အမှန်တကယ် လိုအပ်တဲ့ ဥပ‌ဒေဖြစ်တဲ့အတွက်‌ကြောင့် ဒီအဆိုကို တင်သွင်းရခြင်းဖြစ် တယ်”ဟု ‌ပြောသည်။

လိပ်သိုမြို့ကို မြို့နယ်အဖြစ် တိုးမြှင့်သတ်မှတ်ရန်အဆိုကို ‌ထောက်ခံ‌ဆွေး‌နွေးခဲ့သူ သံ‌တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်‌တော်အမတ် ဦး‌စောလှမြင့်ကလည်း “အိမ်‌ထောင်စု များလာပြီး၊ လူဦး‌ရေ အရ ၅‌သောင်းခန့်ရှိလာပြီ။ ကျ‌နော်တို့ ပြည်နယ်မှာ မြို့နယ်‌တွေနည်းတဲ့အတွက် လွှတ်‌တော်ကိုယ်စားလှယ်‌တွေ နည်းပါးတာကို ‌တွေ့ရပါတယ်။ ဒါ‌ကြောင့် ဒီအဆိုကို ကျ‌နော်‌ထောက်ခံတာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် အတည်ပြုထားပြီးဖြစ်သည့် ဥပ‌ဒေကြမ်းများကို ကိုယ်စားလှယ်များအ‌နေဖြင့် ပြင်ဆင်လိုသည့် အချက် များရှိပါက ပြည်နယ်လွှတ်‌တော် အစည်းအ‌ဝေးကျင်းပပြီးချိန်မှ ရက်‌ပေါင်း ၉ဝ အတွင်း လာမည့် ပြည်နယ် လွှတ်‌တော်အစည်းအ‌ဝေးတွင် ပြန်လည်တင်သွင်းပြင်ဆင်နိုင်‌ကြောင်း ကရင်ပြည်နယ်လွှတ် ‌တော် ဥက္ကဌ ဦး‌စောချစ်ခင်က ‌ပြောသည်။

ကရင်ပြည်နယ် ဒုတိယအကြိမ်‌မြောက် ဒုတိယပုံမှန်အစည်း‌ဝေးတွင် ပြည်နယ်လွှတ်‌တော်မှ အတည်ပြုထား သည့် အဆိုများအား ပြည်နယ်အစိုးရမှ ဆက်လက်‌ဖော်‌ဆောင်ရမည်ဖြစ်ပြီး ယခု အစည်အ‌ဝေးတွင် ပြည်နယ် လွှတ်‌တော် ကိုယ်စားလှယ်များနှင့် အစိုးရဝန်ကြီးများ အားလုံး တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။