Home သတင်း ကရင်ပြည်နယ်တွင် ပြည်နယ်အဆင့် (၁၆)ဦး ပါဝင်သည့် JMC-S ‌ကော်မတီ ဖွဲ့စည်း

ကရင်ပြည်နယ်တွင် ပြည်နယ်အဆင့် (၁၆)ဦး ပါဝင်သည့် JMC-S ‌ကော်မတီ ဖွဲ့စည်း

1859
ဇူလိုင် ၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွှန့်‌သောင်း

ပြည်တွင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ဆက်လက် အ‌ကောင်အထည်‌ဖော်ရန်အတွက် ကရင်ပြည်နယ်တွင် (၁၆)ဦးပါဝင်‌သော ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ(JMC-S)ကို ဖားအံမြို့ရှိ အစိုးရ တပ်မ‌တော် အမှတ်(၂၂) ‌ခြေမြန်တပ်မဌာနချုပ်၌ ဇွန်လ ၂၉ရက်‌နေ့က ဖွဲ့စည်းခဲ့သည်။

အဆိုပါ JMC-S ‌ကော်မတီ၌ ဥက္ကဌအဖြစ် အ‌ရှေ့‌တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးဝင်း၊ ဒုဥက္ကဌ(၁)အဖြစ် ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ)မှ ပဒို‌စော‌ရွှေ‌မောင်း၊ ဒုဥက္ကဌ(၂)အဖြစ် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) မှ နန်း‌စေအွာ၊ အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စော‌ဖောဒို အပါအဝင် ၁၆ဦး‌ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းနှင့်ပတ်သက်၍ ဒုဥက္ကဌ(၂)ဖြစ်လာသူ နန်း‌စေ အွာက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

နန်း‌စေအွာက “ကျမတို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီကို ပြည်နယ်အဆင့် ဖွဲ့စည်းလိုက် တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ အစိုးရအဖွဲ့ရယ်၊ စစ်တပ်နဲ့ အရပ်သားအဖွဲ့‌တွေ ကိုယ်စားပြုသူ‌တွေ ပါဝင်ပါတယ်”ဟု ‌ပြောသည်။

ထိုသို့ ကရင်ပြည်နယ်တွင် JMC-S ဖွဲ့စည်းသည်မှာ ပြည်‌ထောင်စုအဆင့်မှ တာဝန်‌ပေးချက်အရ ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ယခုလို ဖွဲ့စည်းပြီး‌နောက် တစ်နိုင်ငံလုံးရှိ ပစ်ခတ်ရပ်စဲ‌ရေး ပိုမိုခိုင်မာလာရန်နှင့် အရပ်သားများ ထိခိုက်နစ်နာမှု မရှိ‌စေရန် ‌စောင့်ကြည့် ‌လေ့လာ‌ရေးစနစ်တစ်ရပ် ထူ‌ထောင်သွားမည်ဟု ပြည်‌ထောင်စုအဆင့် (JMC)‌ကော်မတီအဖွဲ့ဝင်ဖြစ်သူ ၈၈ မျိုးဆက်‌ကျောင်းသား ပွင့်လင်းလူမှုအဖွဲ့အစည်းမှ ဦးကိုကိုကြီးက ‌ပြောသည်။

“စစ်ဖြစ်ရခြင်းအ‌ကြောင်းကို ‌လေ့လာရာမှာ စစ်‌ရေးပြဿနာထက် နိုင်ငံ‌ရေးပြဿနာပဲ။ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းလမ်း နဲ့ ‌ဖြေရှင်းဖို့ အ‌ရေးကြီးဆုံးဖြစ်တယ်။ နိုင်ငံ‌ရေးနည်းလမ်းနဲ့ ‌ဖြေရှင်းတဲ့ အ‌တောအတွင်းမှာ အရပ်သား‌တွေ ထိခိုက်ဆုံးရှုံးတာ‌တွေ ကို မဖြစ်ရ‌အောင် သူတို့အတွက် အကာအကွယ်ဖြစ်‌အောင် အတတ်နိုင်ဆုံး ကျ‌နော်တို့ ထိန်းသိမ်းခြင်းအားဖြင့် နိုင်ငံ‌ရေး‌ဆွေး ‌နွေးမှုနဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေမှာ အ‌ထောက်အကူဖြစ်‌စေမယ်လို့ ကျ‌နော်ယုံကြည်တယ်”ဟု ‌ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် (JMC-S)အဖွဲ့၏ အဓိက လုပ်‌ဆောင်ရမည့် လုပ်ငန်းများသည် လက်နက်ကိုင်တပ်ဖွဲ့များ တစ်ဘက်နှင့် တစ်ဘက် စစ်သည်များလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ၊ နယ်‌မြေကျူး‌ကျော်မှုများနှင့် အရပ်သားများ ထိခိုက်နစ်နာမှု မရှိ ‌စေရန် စသည်တို့ကို ‌စောင့်ကြည့်ရမည်ဖြစ်‌ကြောင်း ပြည်‌ထောင်စုအဆင့် (JMC)‌ကော်မတီအဖွဲ့ဝင်ဖြစ်သူ ပဒို‌စောတာဒိုမူးက လည်း ‌ပြောသည်။

လွန်ခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်က JMC ဖွဲ့စည်းရာတွင် အစိုးရ၊ လက်နက်ကိုင်တပ်များနှင့် ပညာရှင်များသာ ပါဝင်ကြ ပြီး အရပ်သားကိုယ်စားပြုသူများ ပါဝင်မှုမရှိသဖြင့် ‌ပြောဆို‌ဝေဖန်မှုများရှိခဲ့သည်။ ယခု NLD အစိုးရသစ်လက်ထက်တွင် ပြည် နယ်အဆင့်အဖြစ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ(JMC-S) ပြန်လည်ဖွဲ့စည်းရာမှာ အရပ် သား ကိုယ်စားပြုသူများလည်း ပါဝင်လာခဲ့ကြသည်။

ဖားအံမြို့ရှိ အမှတ်(၂၂)‌ခြေမြန်တပ်မဌာနချုပ်တွင် ပြုလုပ်‌သော JMC-S ဖွဲ့စည်းခြင်းအခမ်းအနားတွင် လက်နက်ကိုင်အဖွဲ့များဖြစ် ကြသည့် KNU၊ KNU/KNLA (PC)၊ KKO၊ ALP၊ ABSDF နှင့် တပ်မ‌တော် အပါအဝင် အရပ်သား ကိုယ်စားပြုသူများ စုစု‌ပေါင်း ၆ဝ ‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။