ဇူလိုင်လ ၂၀၁၆ခုနှစ်
“ဒီကဒ်(Food card)တစ်ခုကို ရပြီး စားနပ်ရိက္ခာကို တိုက်ရိုက်သွားပြီး ထုတ်ယူလုို့ရတယ် ဆိုပေမယ့်လည်း
စခန်းတာဝန်ရှိသူနဲ့ ကေအာရ်စီတို့ရဲ့ ဦးဆောင်မှုအောက်မှာပဲရှိတယ်ဆိုတာ ပြန်လည်သတိရ ရမှာဖြစ်ပါတယ်”
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများကို စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနေသည့် (The border consortium-TBC) အဖွဲ့မှ ယခု ဇူလိုင်လကုန်ပိုင်းမှစ၍ အကူအညီဖြန့်ဝေရေး စနစ်သစ်တစ်ခုအဖြစ် ရိက္ခာကဒ်စနစ်ကို စမ်းသပ်လုပ်ဆောင်ရန် ပြင် ဆင်လျှက်ရှိသည်။ အဆိုပါ စားနပ်ရိက္ခာကဒ်စနစ်ဖြင့် ကုန်ပစ္စည်းအစား ပေးဝေသော စားနပ်ရိက္ခာ၏ တန်ဖိုးနှင့်ညီမျှသည့်ငွေကို ကဒ်ထဲတွင် ထည့်ထားပြီး စခန်းသူစခန်းသားများမှ ၎င်းတို့၏စားသုံးကုန်များကို သတ်မှတ်ထားသည့်ဆိုင်များ၌ ၎င်းတို့ကိုယ်တိုင် သွားရောက်ဝယ်ယူရမည့် စနစ်မျိုးဖြစ်သည်။ ယခုကိစ္စကို စီစဉ်ဆောင်ရွက်နေသူ ကရင်ဒုက္ခသည်ကော်မတီ (KRC)၏ ဘဏ္ဍာ ရေးမှူး နော်ဘလူးမင်းနိုက်ဇန်ကို ကေအိုင်စီက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာကို ကဒ်စနစ်နဲ့ ထုတ်ပေးသွားမယ့် ကိစ္စနဲ့ပတ်သက်ပြီး ဒုက္ခသည်ပြည်သူတွေကို ဘာ များ အသိပေးချင်ပါသလဲ။
ဒီ Cash transfer System နဲ့ပတ်သက်ပြီးတော့ ဒုက္ခသည်တွေအတွက် ကြည့်မယ်ဆိုရင် တကယ့်အသစ်စက်စက်ပါ။ တစ် ကြိမ်တစ်ခါမှ အတွေ့အကြုံ မရှိခဲ့ဖူးဘူး။ သို့သော်လည်းပဲ ဒီအပြောင်းအလဲအပေါ်မှာ ကျမတို့ သေသေချာချာ လုပ်ကြည့်မယ် ဆိုရင် ကောင်းမကောင်းဆိုတာက ကျမတို့ ဖြတ်သန်းမှုအပေါ် သိလာရလိမ့်မယ်။ အရင်အနှစ် ၃ဝအတွင်းမှာ ရိက္ခာသွားထုတ် တာ သူတို့ကိုယ်တိုင်ပဲ သွားထုတ်ကြတယ်။
တစ်လမှာ နှစ်ကြိမ်ထုတ်ပေးတဲ့နေရာမှာ ဆန်၊ ဆား၊ ငါးပိ၊ မီးသွေး ဒါတွေပဲ ရှိတယ်။ အခုက ပြောင်းလဲပေးလိုက်တာ တစ်လကို နှစ်ကြိမ်သွားပြီး တန်းစီဖို့ မလိုအပ်တော့ဘူး။ ကဒ်တစ်ခုပေးပြီးတော့ ကဒ်ထဲမှာ သင့်တော်လုံလောက်တဲ့ငွေကို ဖြည့်ထည့်ထား ပေးမယ်။ သူတို့မှာ အခွင့်အရေး အပြည့်အဝရှိတယ်။ ဈေးဆိုင်ဖွင့်တဲ့အချိန်မှာ သူတို့ သွားထုတ်ချင်တဲ့အခါ သွားထုတ်ယူလို့ ရ တယ်။ ရိက္ခာသွားထုတ်ဖို့ ခွင့်တောင်းစရာ မလိုအပ်တော့ဘူး။ လွတ်လွတ်လပ်လပ် သွားရမယ်။ အဲဒီမှာ ရှိတဲ့ စားနပ်ရိက္ခာတွေ ကတော့ အသား၊ ကြက်ဥ၊ သူတို့ တစ်ခါမှ မရဖူးတဲ့ဟာတွေ ရမယ်။ သူတို့မိသားစုအတွက် လုိုအပ်တဲ့အပေါ်မှာပဲ ထုတ်ယူနိုင်ဖို့ အတွက် ဖြစ်တယ်။ ဒါကြောင့် အရင်က ရိက္ခာပေးဝေမှုနဲ့ အခုပြောင်းလဲလိုက်တဲ့ အခြေအနေက တော်တော်လေးကို ကွာခြား သွားတယ်။ ဒါတွေက သူတို့ဘဝရဲ့ အတွေ့အကြုံအသစ်တစ်ခုအတွက် သင်ယူရလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။
မေး။ ။ ဒုက္ခသည်စခန်းမှာ ဒီလို စားနပ်ရိက္ခာကဒ်စနစ် ကျင့်သုံးသွားမယ့်အပေါ်မှာ ဒုက္ခသည်တွေအတွက် ဖြစ်လာမယ့် အကျိုး ကျေးဇူးနဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်နိုင်မလဲ။
ဒီအစီအစဉ်က ဗြုန်းကနဲ စတင်တဲ့အစီအစဉ်တော့ မဟုတ်ဘူးပေါ့နော်။ လုပ်နိုင်ဖို့က အချိန်တော်တော်ယူရတယ်။ နှစ်နဲ့ချီ စတင် လုပ်ဆောင်ရပါတယ်။ သို့သော်လည်း အခြေအနေက တစ်ထပ်တည်းမကျတဲ့အတွက် အခုမှ စတင်လာတာ ဖြစ်ပါတယ်။ စတင် လုပ်ဆောင်ပေမယ့်လည်း ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သင်တန်း ၂လတောင် လုပ်ပေးရတယ်။ ပြီးတော့ ဈေးဆိုင်ရောင်းတဲ့လူနဲ့ ဝယ်မယ့်လူတွေကို စကားပြောရတယ်။ ဒါကြောင့် နှစ်ဖက်စလုံး အကျိုးဖြစ်ထွန်းစေမယ်လို့ ကျမ မြင်တယ်။ ရောင်းတဲ့လူက သူတို့ရောင်းချင်တဲ့အရာကို အဲဒီမှာရောင်းပြီး ပိုက်ဆံတစ်ခါတည်း ရရှိလိမ့်မယ်။
ပြီးတော့ ဝယ်တဲ့လူကလည်း သူတို့ ဝယ်ချင်၊ စားချင်တဲ့ အစားအစာကို ပိုက်ဆံမရှိသော်လည်းပဲ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိ တယ်။ နောက်တစ်ချက်က သူတို့ရဲ့ မိသားစုအတွက် သူတို့ ကိုယ်တိုင် စီမံခန့်ခွဲလို့ရတယ်။ တစ်လစာငွေနဲ့ မိသားစုအတွက် ဘယ်လောက်လုံလောက်မလဲ၊ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ နားလည်လာလိမ့်မယ်။ တစ်ခါမှ မဖြတ်သန်းဖူးသေးတဲ့အတွက် စစချင်းကတော့ အခက်အခဲရှိပါလိမ့်မယ်။ သို့သော် နို့ဖုိုးဒုက္ခသည်စခန်းမှာ လုပ်ကြည့်တဲ့ နှစ်ရက်တာအတွင်းမှာ ဈေးဆိုင်ရောင်း တဲ့လူက စိတ်ပျော်သလို ဈေးဝယ်တဲ့လူဘက်ကလည်းပဲ ဝမ်းသာကြတယ်။ ကျမအနေနဲ့ မြင်တာက အကျိုးကျေးဇူးတစ်ခု ဖြစ် စေပါတယ်။ အခက်အခဲမရှိဘူးရယ်လို့တော့ မဟုတ်ပါဘူး။ ကြီးမားတဲ့ အခက်အခဲကိုတော့ မရှိနိုင်ဘူးလို့ မြင်ပါတယ်။
မေး။ ။ အခု ကျင့်သုံးသွားမယ့် စားနပ်ရိက္ခာကဒ်စနစ်ကို ကရင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူတစ်ဦးအနေနဲ့ ဘယ်လိုမြင်ပါ သလဲ။
ကျမအနေနဲ့မြင်တာက ဒီကဒ်ကို အသုံးမပြုခင်က အနှစ်သုံးဆယ်လောက်မှာ တစ်လ၊ တစ်လမရောက်ခင်မှာ ထောက်ပံ့မှု အစီ အစဉ်လုပ်ဆောင်ပေးတဲ့သူတွေက ရိက္ခာသယ်ဖို့အတွက် မော်တော်ကားတွေကို အသုံးပြုရတယ်။ အဲသလိုပဲ ရိက္ခာထုတ်တဲ့နေ ရာမှာ လမ်းမှာ ဖိတ်ကျတာ၊ ပျောက်ရှသွားတာတွေ ရှိခဲ့တယ်။ ပြီးတော့ သယ်ယူပို့ဆောင်ခဆိုတာလည်း နည်းနည်းပါးပါး ကုန် တာ မဟုတ်ပါဘူး။ ဒုတိယ တစ်ချက်က သိုလှောင်ဂိုဒေါင်ထဲကို ပြန်ပြီးထည့်ဖို့ဆိုလည်း ကုန်တင်၊ ကုန်ချခက ကုန်ကျစရိတ် အများကြီးကုန်တယ်။ တတိယတစ်ချက်က တာဝန်ရှိသူတွေသွားပြီး ရိက္ခာပေးဝေနေရတယ်။ အဆင့် တစ်ဆင့်၊ နှစ်ဆင့်၊ သုံးဆင့်တောင် သွားရတယ်။ လွယ်ကူတဲ့အလုပ် မဟုတ်ဘူး။ အခုက အိမ်ထောင်စုတိုင်းရဲ့ လက်ထဲမှာ ကဒ်ရှိတဲ့အတွက် အိမ် ထောင်စုကိုယ်စီက သူတို့ကိုယ်တိုင် သွားထုတ်ကြတဲ့အပေါ်မှာ စီစဉ်ပေးတဲ့သူတွေက ရောင်းတဲ့လူတွေပဲဖြစ်တယ်။ ရောင်းတဲ့လူ တွေက ရောင်းချင်တဲ့ပစ္စည်း စုပြီးတော့ ရောင်းကြတယ်။ ဒါကြောင့် တစ်ဖက်က ပြန်ကြည့်ရင် TBC ရဲ့သယ်ယူပို့ဆောင်ရေး စရိတ်က အကုန်အကျ အများကြီး သက်သာပါတယ်။
နောက်တစ်ခုက အချိန်လည်း မကုန်တော့ဘူး။ တစ်ယောက်ပြီးတစ်ယောက်၊ တစ်စုပြီးတစ်စု သွားရောက်တန်းစီရတာမျိုးလည်း မရှိတော့ဘူး။ ဖိတ်တာ၊ ကျတာ၊ ပျောက်ရှတာတွေ လျော့နည်းလာမယ်။ မရှိတော့ဘူးလို့လည်း ပြောရင်လည်း ပြောလို့ရတယ်။ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်၊ ကုန်တင်၊ ကုန်ချစရိတ်တွေ မကုန်တော့တဲ့အပေါ်မှာ လိုအပ်မှုရှိတဲ့ အိမ်ထောင်စု တွေအတွက် ပြန်ပြီး အထောက်အပံ့ ဖြစ်စေတယ်လို့ ကျမတို့ ယုံကြည်တယ်။ ဒါကြောင့် စခန်းတစ်ခု၊ နှစ်ခု၊ အစမ်းလုပ်ဆောင်မှု သုံးလလုပ်ပြီးတဲ့အခါ ရိက္ခာထုတ်လို့ အဆင်ပြေတယ်ဆိုရင် ဒုက္ခသည်စခန်းအားလုံး အကျိုးကျေးဇူးဖြစ်စေတာကြောင့် လုပ် သွားမယ်လို့ပဲ မြင်တယ်။ ကျမတို့ သွားမြင်တွေ့ရတဲ့ အချို့နိုင်ငံတွေဆိုရင် အနှစ် ၂၀ကျော် လုပ်ဆောင်တဲ့အတွက် သူတို့ ဝမ်း သာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝယ်တဲ့သူအတွက်ကော၊ ရောင်းတဲ့လူအတွက်ပဲ အကျိုးကျေးဇူးဖြစ်စေတယ်။ ကျမတို့က အခု ပဲ စတင်လုပ်ဆောင်တဲ့အတွက် ချောမွေ့မှု မရှိဘူး။ အခက်အခဲတွေ ရှိကောင်းရှိနိုင်မယ်။ ဒါပေမယ့် လွယ်ကူလာမယ်ဆိုရင် ဒီအ ခက်အခဲတွေက ရှိလာမှာမဟုတ်သလို ကုန်ကျစရိတ်နည်းလာမယ်။ အကျိုးကျေးဇူးတော့ ဖြစ်လာမှာလို့ပဲ ကျမအနေနဲ့ အဲလို မြင်ပါတယ်။
မေး ။ ။ ဒီစားနပ်ရိက္ခာကဒ်ကို အသုံးပြုသွားရမယ့် ဒုက္ခသည်ပြည်သူတွေအနေနဲ့ အသုံးပြုပုံ အသုံးပြုနည်းကို ကောင်းကောင်းမွန် မွန် နားလည်သဘောပေါက်အောင် ဘယ်လို အကြုံပြချင်ပါသလဲ။
အရင်က အိမ်ထောင်စုတစ်စုက သူတို့မှာ ရွေးချယ်စရာ ဘာမှမရှိခဲ့ဘူး။ အခုက စားစရာရိက္ခာက အမျိုးမျိုးရှိထားတဲ့အတွက် ကြောင့် သူတို့ကိုယ်တိုင် ရွေးချယ်နိုင်တယ်။ သူတို့ကိုယ်တိုင်လည်း စဉ်းစားချင့်ချိန်နိုင်မယ်။ ဥပမာ….ပိုက်ဆံ သုံးရာပဲ သူများက ပေးတယ်။ လေးရာလောက် သွားသုံးတယ်ဆိုရင် ဒါက မဖြစ်သင့်ဘူးလေ။ သေသေချာချာ တွက်ချက်ပြီးတော့ ပိုက်ဆံကျန်မယ် ဆိုရင်လည်း ကျန်တဲ့ပိုက်ဆံက ကိုယ့်အတွက်ပါပဲ။ ထို့အတူပဲ ဘာအခက်အခဲတွေ ဖြစ်လာနိုင်သလဲဆိုရင်တော့ ဥပမာ… အချို့ လူတွေက စာမသင်ဖူးတဲ့အပေါ်မှာ စာဖတ်မတတ်ကောင်း ဖြစ်နိုင်မယ်။ ဒါပေမယ့်လည်း သူတို့တွေအတွက်ကိုတော့ သီးသန့် လုပ်ပေးမယ်။ ဥပမာ…ကိန်းဂဏန်း မသိပေမယ့်လည်း အရောင်အားဖြင့် သတ်မှတ်ပေးမယ်။ သူ့အတွက် သွားပြီးထုတ်ယူနိုင်ဖို့ အမှတ်အသားတစ်ခုအနေနဲ့ ဖြစ်မယ်။
နောက်တစ်ခုက ဘာအခက်အခဲ ဖြစ်လာနိုင်မလဲဆိုတော့ ဥပမာ.. အိမ်ထောင်ဦးစီးတစ်ယောက်က မအားလပ်ရင် အဲဒီအိမ် ထောင်စုရဲ့ မိသားစုဝင်က သွားပြီး ထုတ်ယူမယ်ဆိုတဲ့အပေါ်မှာ အကယ်၍ သူ့ကိုယ်သူ နားမလည်ဘူးဆိုရင် သူကိုယ်တိုင် သွား ထုတ်ပြီး သူ့စိတ်ကြိုက် လုပ်သွားလို့ရနိုင်တယ်လို့ တွေးမိပြီး လုပ်ကောင်းလုပ်သွားနိုင်တယ်။ ဒါကတော့ သူ့ကို သေသေချာချာ နားလည်အောင် ရှင်းပြမယ်ဆိုရင် ဒါတွေက ဖြစ်မလာနိုင်ဘူး။
နောက်အခက်အခဲတစ်ခုက လွတ်လွတ်လပ်လပ် သွားထုတ်ယူလို့ရတယ်ဆိုတဲ့အခါ အရင်ကလို စီစဉ်ပေးဖို့ မလိုအပ်တော့တဲ့အ တွက်ကြောင့် စခန်းခေါင်းဆောင်၊ စခန်းကော်မတီတွေက သူတို့အတွက် အလုပ်လုပ်ပေးဖို့ မလိုအပ်တော့ဘူးလို့ ယူဆသွားရင် စခန်းရဲ့ အုပ်ချုပ်မှု စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတော့တဲ့ အခြေအနေမှာ ဖြစ်လာနိုင်ပါတယ်။
သို့သော်လည်းပဲ ဒုက္ခသည်တွေကို ပြန်ပြီး အသိပေးလိုတာက ဒီအစီအစဉ် လုပ်ဆောင်ချက်တွေက စခန်းအားလုံးရဲ့ ပူးပေါင်း လုပ်ဆောင်မှု၊ KRC ရဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အတွက်ပဲ ဖြစ်လာတာဖြစ်တယ်။ စခန်းတာဝန်ရှိသူနဲ့ KRC တို့ ပူးပေါင်းလုပ် ဆောင်မှုသာ မလုပ်ရင် ဘယ်သူမှ ဒီအစီအစဉ်ကို လာလုပ်လို့ မရပါဘူး။ သူတို့အတွက် အကျိုးကျေးဇူးဖြစ်လာဖို့ အကြောင်း လည်း ရှိမလာနိုင်ပါဘူး။ သူတို့ သိထားသင့်တာက ဒီကဒ်တစ်ခုကို ရပြီး စားနပ်ရိက္ခာကို တိုက်ရိုက်သွားပြီး ထုတ်ယူလုို့ရတယ် ဆိုပေမယ့်လည်း စခန်းတာဝန်ရှိသူနဲ့ ကေအာရ်စီတို့ရဲ့ ဦးဆောင်မှုအောက်မှာပဲရှိတယ်ဆိုတာ ပြန်လည်သတိရ ရမှာဖြစ်ပါတယ်။
မေး။ ။ အခုလက်ရှိ အခြေအနေမှာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးက အမျိုးမျိုး ပြောဆိုသံတွေ၊ တိုက်တွန်း ဝေဖန်သံတွေ ရှိနေပါ တယ်။ ဒီအပေါ်မှာ KRC အနေနဲ့ဖြစ်စေ ဒုက္ခသည်တွေကို ဘယ်လိုပြောဆိုပေးချင်ပါသလဲ။
အခုလက်ရှိ ဒုက္ခသည်ပြည်သူတွေကို ဒီလိုအသိပေးချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကျော်က မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်က ထိုင်းနိုင်ငံကိုရောက်လာပြီး ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီးပါပြီ။ သူတို့ပြောဆိုဆွေးနွေးမှုအထဲမှာ ဒုက္ခသည် တွေ နေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်ကပြောဆိုချက်က နေရပ်ပြန်ရေးက အခက်အခဲ မရှိပါဘူး။ သို့သော် လည်းပဲ ပြန်လို့ရှိရင် စားနပ်ရိက္ခာ၊ နေရာ၊ ဆေးဝါး၊ ပညာရေး၊ ရေရှည်တည်တံ့တဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို ပြင်ဆင်ရ တာတွေ၊ ဒုက္ခသည်တွေ ပြန်တဲ့အချိန်ကျရင် ရှေ့ဆက်ပြီးတော့ ဘယ်ကိုမှ သွားစရာမလိုတော့တဲ့ အခြေအနေမျိုးရောက်မှ ပြန် သင့်တယ်။
အခုအချိန်မှာက သူတုို့ကိုယ်တိုင်က ကြိုတင်ပြင်ဆင်မှု မလုပ်ရသေးဘူး။ ပြန်လို့မရသေးတဲ့အပေါ်မှာ ထိုင်းအစိုးရဘက်ကလည်း လက်ခံတယ်။ မြန်မာအစိုးရဘက်က ကြိုတင်ပြင်ဆင်မှု မရှိသေးတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ဒုက္ခသည်တွေကို ပေးမပြန် သေးဘူး။ ပြန်မပို့သေးဘူး။ ဒါကို ကျမတို့က ကောင်းကောင်းလက်ခံတယ်။ ဒီနိုင်ငံ နှစ်နိုင်ငံက နားလည်ပြီး ကြိုတင်ပြင်ဆင်ကြ မယ်။ ဒါကြောင့် ဒုက္ခသည်ပြည်သူတွေကို ပြောချင်တာက စိတ်မယောင်ပါနဲ့ ဦးဆောင်မှုအဆင့်ဆင့်ရှိတယ်။ အချိန်တန်ရင် ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်တဲ့အထိ ထောက်ပံ့မှုအကူအညီတွေရမှ နေရပ်ကို ပြန်ရရှိဖို့ စီစဉ်ပေးမယ်။
မေး။ ။ ဒုက္ခသည်တွေကို ထောက်ပံ့မှု အကူအညီတွေလည်း တဖြည်းဖြည်းနဲ့ လျော့နည်းလာတဲ့အပေါ်မှာ ဘဝရပ်တည်နိုင်ရေး က ခက်ခဲလာတယ်။ ဒီအပေါ်မှာ အကူအညီပေးတဲ့ အလှူရှင်တွေကို ဆရာမအနေနဲ့ ဘာများပြောချင်ပါသလဲ။
အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို အသိပေးချင်တာက ဒုက္ခသည်တွေ ပြန်လို့မရသေးတဲ့အချိန်မှာ အရင်တုန်းက စာနာစိတ် ထားရှိတဲ့အတိုင်း ဒုက္ခသည်တွေကို ဆက်လက်ပြီး ကူညီပေးဖို့၊ သူများနိုင်ငံမှာ ရှိနေတုန်း အတောအတွင်းမှာပေါ့။ တစ်ဖက်မှာ လည်းပဲ ဒုက္ခသည်တွေ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ပညာရေးအပိုင်းမှာဖြစ်စေ၊ အသက်မွေးဝမ်းကျောင်းပြုပညာဖြစ်စေ ဆက် လက် ထောက်ပံ့ပေးစေချင်သေးတယ်။ ပြီးတော့ ဘယ်နိုင်ငံမှာပဲနေနေ ရာသီဥတုအပြောင်းအလဲတွေကြောင့် နာမကျန်းတဲ့ ရောဂါတွေ ဖြစ်ပွားလာနိုင်တယ်။ အခု မိုးတွင်းမှာဆို ငှက်ဖျားရောဂါတို့၊ သွေးလွန်တုပ်ကွေးရောဂါတို့၊ ဝမ်းရောဂါတို့ ဖြစ်ပွားလာ နိုင်ပါတယ်။ ဒါကြောင့် ဆေးဝါးတွေကို အကူအညီပေးတဲ့အဖွဲ့တွေအနေနဲ့ ကိုယ်ချင်းစာစိတ်၊ နားလည်မှုစိတ်ဖြင့် အကူအညီတွေ မလျှော့ပဲ အရင်ကလိုပဲ ကူညီပေးဖို့၊ ပြီးတော့ ဒုက္ခသည်တွေနေရပ်ပြန်ပြီး အေးချမ်းစွာ နေထိုင်ရတဲ့အချိန်ထိ ဆက်လက်ကူညီ ပေးဖို့ ကျမတို့ မျှော်လင့်တယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ စားနပ်ရိက္ခာကဒ်စနစ်ကို ကျင့်သုံးသွားမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
Food Card နဲ့ပတ်သက်ပြီး ကျမအနေနဲ့မြင်တာက တတိယနိုင်ငံကိုရောက်ရှိသွားတဲ့ ဒုက္ခသည်တွေကိုလည်း သူတို့ ရောက်ရှိ နေတဲ့နေရာမှာ ဒီလို Food Cardလို မျိုးပဲ စီစဉ်ဆောင်ရွက်ပေးတယ်။ ဆိုတော့ နိုင်ငံခြားရောက်ရင် သုံးရမှာ။ အခုက တစ်ခါမှ မသုံးဖူးသေးဘူး။ အခုမှ စတင်အသုံးပြုသွားမယ့်အပေါ်မှာ ဒုက္ခသည်အနေနဲ့ စိတ်ကို ရဲရဲတင်းတင်းထားပြီး စမ်းကြည့်စေချင် တယ်။ ကြိုးစားကြည့်ပြီးတော့ သူတို့လည်း အတွေ့အကြုံရလာမယ်။ စိတ်တွေလည်း ပျော်လာမယ်။ ကိုယ့်ဖာသာကိုယ် ထုတ်နိုင် တယ်။ ရွေးချယ်နိုင်တယ်။ သူတို့ စားချင်တဲ့အရာကိုဖြစ်စေ၊ သူတို့မိသားစုကို စီမံခန့်ခွဲတဲ့နေရာမှာ အခက်အခဲ မရှိလာစေဖို့ ရရှိ လာတဲ့ စားနပ်ရိက္ခာအတွက် ငွေတွေကို ဆုံးဖြတ်ပြီးတော့ သူတို့အတွက် သင်ယူမှုတစ်ခုဖြစ်မယ်။ ပြန်ကြည့်မယ်ဆိုရင် ထိန်း သိမ်းမှု၊ စီမံခန့်ခွဲမှုကိစ္စရပ်တွေကို သင်တန်းပေးရမယ်။ အခုက သူတို့စပြီး လုပ်ရမယ်ဆိုတော့ အကောင်းကို သင်ယူခွင့်ရမယ် ဆိုတာ ကျမပြောချင်တယ်။