Home သတင်း KDHW ‌ဆေးသင်တန်း တက်‌ရောက်သူ ကျန်းမာ‌ရေးလုပ်သား ၃၄ ဦး သင်တန်းဆင်း

KDHW ‌ဆေးသင်တန်း တက်‌ရောက်သူ ကျန်းမာ‌ရေးလုပ်သား ၃၄ ဦး သင်တန်းဆင်း

3218
ဇွန်လ ၆ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားအစည်းအရုံး-KNU ၏ လက်‌အောက်ခံ ကရင်ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန-KDHW မှ ဦး‌ဆောင်၍ ကျန်းမာ‌ရေးလုပ်သား (၃၄)ဦး တက်‌ရောက်‌သော ‌ဆေးသင်တန်းတစ်ရပ်ကို ၂၀၁၅ခုနှစ် စက် တင်ဘာလမှ စတင်ကာ တစ်နှစ်နီးပါး သင်ကြားပို့ချ‌ပေးပြီး‌နောက် ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက် မြို့တွင် ဇွန်လ ၃ရက်‌နေ့က သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ရှိ ‌ကျေးလက်ပြည်သူများအား ‌ဆေးကုသမှု‌ပေးနိုင်ရန် မယ်‌တော်‌ဆေးခန်းနှင့် Hope 4 the World တို့၏ ‌ထောက်ပံ့မှုဖြင့် KDHW ဦး‌ဆောင်သည့် ၎င်းသင်တန်းတွင် ‌ကေအဲန်ယူ တပ်မဟာခရိုင် (၇)ခု အပါ အဝင် နယ်စပ်အ‌ခြေစိုက် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့-BPHWTနှင့် မြန်မာနိုင်ငံ ‌ဆေး ပညာရှင်များအသင်း-BMA တို့မှ သင်တန်းသူ၊ သင်တန်းသားများကို သတ်မှတ်ကာလအတွင်း စာ‌တွေ့၊ လက်‌တွေ့များ သင်ကြားပို့ချပြီး‌နောက် ယခုလို သင်တန်းဆင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။

KDHW ဌာန တာဝန်ခံ ပဒို‌စောအဲ့ကလူ‌ရွှေဦးက “ဒီသင်တန်းလုပ်တာက ကျ‌နော်တို့ ပြည်သူလူထု(၅)သိန်းကို ကျန်းမာ‌ရေးဝန်‌ဆောင်မှု‌ပေးဖို့ ‌ကျေးလက်ကျန်းမာ‌ရေးဌာန (၁၀၀)ကို ဖွင့်လှစ်ဖို့ပါ။ ‌ဆေးခန်းတစ်ခုမှာ ‌ဆေး ဆရာ (၂)‌ယောက်၊ မိခင်နဲ့ က‌လေးကို ပြုစု‌စောင့်‌ရှောက်မယ့် ‌ဆေးဆရာနှစ်‌ယောက်နဲ့ လူထုကျန်းမာ‌ရေး ‌ဆေး လုပ်သားက (၂)‌ယောက်ရှိရမယ်။ ဒီလို ‌ဆေးခန်းဌာနမှာ ‌ဆေးလုပ်သားအ‌ရေအတွက် ပြည့်မှီဖို့နဲ့ လူထု‌တွေကို ပြုစု‌စောင့်‌ရှောက်တတ်ဖို့ ဒီသင်တန်း ဖွင့်လှစ်ရခြင်းလည်း ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုသင်တန်းတွင် အသက်ရှူလမ်း‌ကြောင်းဆိုင်ရာ၊ ဆီးစစ်၊ ‌သွေးစစ်ခြင်းဆိုင်ရာ၊ ခွဲစိပ်ကုသခြင်း၊ ‌ရောဂါပိုးပြန့်နှံ့ မှုဆိုင်ရာ၊ က‌လေးကျန်းမာဖွံ့ဖြိုး‌ရေးနှင့် အစားအ‌သောက်ဆိုင်ရာ၊ TB၊ မျက်စိ၊ သွားဖက်ဆိုင်ရာ၊ အရိုးနှင့် ကြွက် သားဆိုင်ရာ၊ မိခင်နှင့် က‌လေးကျန်းမာ‌ရေးဆိုင်ရာ စသည့် ဘာသာရပ်အခန်းလုိုက်(၄၄)ခုကို (၆)လကြာ သီအိုရီ ပိုင်းများ သင်ကြားပို့ချ‌ပေးပြီး မယ်‌တော်‌ဆေးခန်း MTC နှင့် နို့ဖိုးဒုက္ခသည်စခန်းရှိ ‌ဆေးရုံတွင် သုံးလ လက်‌တွေ့ သင်တန်းများ ပြုလုပ်‌ပေးခဲ့သည်ဟု KDHW က ‌ပြောသည်။

ဖားအံခရိုင်မှ သင်တန်းတက်‌ရောက်ခဲ့သူ ‌နော်မု‌နေက “ကျမတို့ ကရင်လူမျိုး‌တွေက ‌ဝေးလံ‌ခေါင်ဖျားတဲ့ ‌တောင် ‌ပေါ်‌ဒေသ‌တွေမှာ‌နေပြီး ကျန်းမာ‌ရေး အသိပညာနဲ့ပတ်သက်ပြီး ဘာကိုမှ နားမလည်ကြဘူး။ ကျန်းမာ‌ရေး ပြုစု ‌စောင့်‌ရှောက်မှုလည်း မရကြဘူး။ ကျမအ‌နေနဲ့ အဲ့လူ‌တွေကို ပြန်ကူညီနိုင်ဖို့ ရည်ရွယ်ပြီး ဒီသင်တန်းလာတက် ခြင်း ဖြစ်တယ်။ ကျမရဲ့‌ဒေသကို ပြန်ပြီး လူထု‌တွေကို အ‌ကောင်းဆုံး ကျန်းမာ‌ရေးပြုစု‌စောင့်‌ရှောက်မှု‌တွေ ပြန် ‌ပေးမယ်”ဟု ‌ပြောသည်။

၎င်းသင်တန်းဆင်းပွဲသို့ ‌ကေအဲန်ယူ တွဲဘက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲ အပါအဝင်၊ KDHW ဌာန တာဝန်ခံ ပဒို‌စောအဲ့ကလူ‌ရွှေဦး၊ နိုင်ငံခြားသား သင်တန်းဆရာ ‌ဒေါက်တာနှစ်ဦး၊ နယ်စပ်အ‌ခြေစိုက် ကျန်းမာ ‌ရေး ဝန်‌ဆောင်မှု‌ပေးသည့် လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်တချို့နှင့် သင်တန်းသူသင်တန်းသား အပါအဝင် စုစု‌ပေါင်း (၆၀)‌ကျော် တက်‌ရောက်ခဲ့သည်။

KDHW ကို ကျန်းမာ‌ရေးပြုစု‌စောင့်‌ရှောက်မှု မရရှိသည့် ကရင်ပြည်နယ်ရှိ ‌ကျေးလက်‌ဒေသခံ ပြည်သူလူထုနှင့် ပြည်တွင်းပုန်း‌ရှောင်စစ်‌ဘေးဒုက္ခသည်များ(IDP)ကို ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးလုပ်ငန်းများကို လုပ်‌ဆောင် ရန်အတွက် ၁၉၅၆ခုနှစ်တွင် ဖွဲ့စည်းခဲ့‌သော ‌ကေအဲန်ယူ၏ လက်‌အောက်ခံဌာနတစ်ခုဖြစ်သည်။ KDHW မှ ဦး ‌ဆောင်၍ ကျန်းမာ‌ရေးလုပ်သားများအတွက် ဖွင့်လှစ်သည့် ‌ဆေးသင်တန်းကို ယခုအကြိမ်အပါအဝင် (၄)ကြိမ် ‌မြောက်ရှိပြီဖြစ်သည်။