Home သတင်း ပြည်တွင်းပုန်း‌ရှောင် ဒုက္ခသည်များအတွက် တန်ဖိုးနည်းအိမ်အလုံး ၃၀ဝ ထပ်မံ‌ဆောက်လုပ်‌ပေး

ပြည်တွင်းပုန်း‌ရှောင် ဒုက္ခသည်များအတွက် တန်ဖိုးနည်းအိမ်အလုံး ၃၀ဝ ထပ်မံ‌ဆောက်လုပ်‌ပေး

1932
ဇွန်လ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ပြည်တွင်းပုန်း‌ရှောင်ဒုက္ခသည်များ(IDPs) အတွက် ရည်ရွယ်ပြီး ‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင်နယ်‌မြေအတွင်းရှိ ‌နေရာ ၃‌နေရာ တွင် ဂျပန်နိုင်ငံမှ နိပွန်‌ဖောင်‌ဒေးရှင်း အကူအညီဖြင့် ‌ဒေသတွင်းကုမ္မဏီ ၇ခုတို့က ပြီးခဲ့သည့် ဧပြီလမှစ၍ တန်ဖိုးနည်း အိမ်ရာအ လုံး ၃၀ဝကို ထပ်မံ ‌ဆောက်လုပ်‌ပေးလျှက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာများကို နိပွန်‌ဖောင်‌ဒေးရှင်းက ‌နေအိမ်တစ်လုံးလျှင် ကျပ် ၆၅သိန်းဖြင့် ‌ငွေ‌ကြေးကူညီမှုအရ ကရင် ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ‌လေးဖ‌ထောတွင် အလုံး ၂၀၀၊ မယ့်ကသာနှင့် မြိုင်သာယာတွင် အလုံး ၅ဝစီ ‌ဆောက်လုပ်သွားမည်ဖြစ်ပြီး သွပ်မိုး၊ သစ်သား၊ smart board (ဘိလပ်‌မြေဆလပ်ပြား)တို့ဖြင့် ‌ဆောက်လုပ်‌ပေး လျှက်ရှိသည်ဟု ၎င်းခရိုင်၏ အတွင်း‌ရေးမှူး ပဒိုမန်းက‌နေဒီက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ခရိုင်မှာ နိပွန်‌ဖောင်‌ဒေးရှင်းရဲ့အကူအညီနဲ့ အရင်က မယ့်ကသာနဲ့ မြိုင်သာယာာမှာ တန်ဖိုးနည်း အိမ်ရာအ လုံး ၁၅၀‌ဆောက်ထားပြီးပြီ။ အခု ဒုတိယအသုတ်မှာ သူတို့ရဲ့‌ငွေ‌ကြေးအကူအညီနဲ့ အလုံး ၃၀ဝ ထပ်‌ဆောက်တာပါ။ အကုန်လုံး က‌တော့ ပြည်တွင်း IDPs ‌တွေ ပြန်လည်‌နေရာချထား‌ပေးဖို့အတွက် ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ‌လေးဖါ့‌ထောတွင် ‌ဆေး‌ပေးခန်းတစ်ခုနှင့် ‌ဆေးဝန်ထမ်းအိမ်ရာ ၂ခု ထပ်မံ ‌ဆောက်လုပ်မည်ဖြစ်‌သော်လည်း အိမ်ရာအ တွက် လိုအပ်သည့် မီးနှင့် ‌ရေ သွယ်တန်းမှုများ မပါဝင်‌သေးသလို လက်ရှိ ‌ဆောက်လုပ်မှုအ‌ခြေအ‌နေမှာ ၂၅ရာခိုင်နှုန်းသာ ပြီးစီး ‌သေး‌ကြောင်း ပဒိုမန်းက‌နေဒီက ‌ပြောသည်။

ဂျပန်နိုင်ငံရှိ နိပွန်‌ဖောင်‌ဒေးရှင်း The Nippon Foundation ၏ ပြန်လည်ထူ‌ထောင်‌ရေး ကူညီ‌ပေးမှု အစီအစဉ်များအရ ကရင် လက်နက်ကိုင်တပ်ဖွဲ့များ နယ်‌မြေအတွင်း ပြန်လည်ထူ‌ထောင်‌ရေး စီမံကိန်း လုပ်ငန်းစဉ်များကို ဦးစွာ အ‌ကောင်အထည်‌ဖော် သွားရန် နိပွန်‌ဖောင်‌ဒေးရှင်းနှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ယခုနှစ် မတ်လ ၂ရက်‌နေ့က ဖားအံမြို့ ဇွဲက ပင်ခန်းမတွင် သ‌ဘောတူခဲ့ခြင်းဖြစ်သည်။

ယင်းသ‌ဘောတူညီမှုများအရ ‌ကေအဲန်ယူ ခရိုင်များဖြစ်သည့် သထုံ၊ ဒူးပလာယာ၊ ဘိတ်-ထားဝယ်၊ ဖားအံခရိုင် အပြင် အခြား ‌သော DKBA၊ KNU/KNLA(PC) နယ်‌မြေများတွင် အိမ်‌ခြေအလုံး‌ပေါင်း ၁၂၅၀၊ စာသင်‌ကျောင်း ၇‌ကျောင်း၊ ‌ဆေး‌ပေးခန်း ၃ခု၊ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုစင်တာ ၁ခု၊ တံတား ၁စင်းနှင့် ‌ရေတွင်း ၅တွင်းကို ဂျပန်ယန်း ၁.၀၈ ဘီလီယံအကုန်ကျခံကာ ကူညီ ‌ဆောက်လုပ်‌ပေးသွားမည်ဖြစ်‌ကြောင်း နိပွန်‌ဖောင်‌ဒေးရှင်း ထုတ်ပြန်ထားသည်။

ဂျပန်အစိုးရက ‌ကျော‌ထောက်‌နောက်ခံ ပြုထားသည့် နိပွန်‌ဖောင်‌ဒေးရှင်းအဖွဲ့သည် ၂၀၁၂‌နောက်ပိုင်းမှ စတင်ကာ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်သည့် နယ်‌မြေအချို့တွင် ပညာ‌ရေး၊ ကျန်းမာ‌ရေးနှင့် စားနပ်ရိက္ခာများကို လူသားချင်း စာနာ‌ထောက် ထားမှု အကူအညီများ‌ပေး‌သောအဖွဲ့ ဖြစ်သည်။

KNU ဘိတ်-ထားဝယ်ခရိုင်၌လည်း နိပွန်‌ဖောင်‌ဒေးရှင်းအကူအညီဖြင့် တန်ဖိုးနည်းအိမ်ရာ အလုံး ၄၀ဝကို ‌မေလဆန်းမှစ၍ တနသင်္ာရီမြို့နယ်၊ ‌မေတ္တာမြို့နယ်ခွဲ၊ ထားဝယ်မြို့နယ်နှင့် ပ‌လောက်မြို့နယ်ခွဲများတွင် အလားတူ တည်‌ဆောက်‌ပေးလျှက်ရှိ ‌ကြောင်း ဘိတ်-ထားဝယ်ခရိုင်တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။