Home ထိပ်တန်းသတင်း ‌သောက်‌ရေခပ်-၂စီမံကိန်း‌ကြောင့် နစ်မြှုပ်သွားသည့်ပလက်ဝတံတားကို ၂၀၁၈အပြီးပြန်‌ဆောက်‌ပေးမည်ဟု ‌ဆောက်လုပ်‌ရေးဝန်ကြီး‌ပြောဆို

‌သောက်‌ရေခပ်-၂စီမံကိန်း‌ကြောင့် နစ်မြှုပ်သွားသည့်ပလက်ဝတံတားကို ၂၀၁၈အပြီးပြန်‌ဆောက်‌ပေးမည်ဟု ‌ဆောက်လုပ်‌ရေးဝန်ကြီး‌ပြောဆို

1936
ဇွန်လ ၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

‌သောက်‌ရေခပ်-၂ ‌ရေအားလျှပ်စစ်စီမံကိန်း‌ကြောင့် နစ်မြှုပ်သွားသည့် ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်၊ ‌ဘောဂလိမြို့နယ်ခွဲ မှ ပလက်ဝတံတားကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလကုန်အပြီး ပြန်တည်‌ဆောက်‌ပေးသွားမည်ဟု ယ‌နေ့ပြုလုပ်သည့် အမျိုးသားလွှတ် ‌တော်အစည်းအ‌ဝေးတွင် ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌နော်ခရစ္စထွန်းက ‌သောက်‌ရေခပ်-၂ ‌ရေအားလျှပ်စစ်စီမံကိန်း‌ကြောင့် ၂၀၁၁ခုနှစ်တွင် နစ်မြှုပ်သွားသည့် ပလက်ဝတံတားကို သတ်မှတ်ချိန်အတွင်း ပြန်လည်တည်‌ဆောက်‌ပေးရန် အစီစဉ်ရှိမရှိ အမျိုးသားလွှတ်‌တော် အစည်းအ‌ဝေး၌ ‌မေးမြန်းမှုအ‌ပေါ် ပြည်‌ထောင်စုဝန်ကြီးက ယင်းသို့ ‌ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ပလက်ဝတံတား တည်‌ဆောက်ရန် ‌မြေစမ်းသပ်ခြင်း၊ ‌ဆောင်ရွက်ပြီးစီးပြီး တံတားဒီဇိုင်းကို၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံးချင်း ကုမ္ပဏီအား အပ်နှံထားပါတယ်။ ၂၀၁၆ ‌ဖေ‌ဖော်ဝါရီမှာ အကြိုဒီဇိုင်းရခဲ့ပြီး တံတား‌နေရာချထားကြည့်‌တော့ ‌ရေလည်တိုင်နှစ်ခုရဲ့ ‌ရေစပ်မှာ ကျ‌ရောက်တဲ့အတွက် မိုးတွင်းကာလမှာ လုပ်ငန်း‌ဆောင်ရွက်ဖို့ ခက်ခဲမှာဖြစ်တဲ့အတွက် ဒီဇိုင်းပြန်လည် ညှိနှိုင်းလျှက်ရှိ ပါတယ်။ တံတားဦးစီးဌာနနဲ ့‌ရွှေစွမ်းအင်ကုမ္ပဏီတို့ ‌မေလ ၂၆ရက်‌နေ့ ညှိနှိုင်းအစည်းအ‌ဝေးအရ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာကုန်အပြီး ‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီးဦးဝင်းခိုင်က ‌ပြောသည်။

‌သောက်‌ရေခပ် -၂ ‌ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၈ခုနှစ်၊ ‌မေလ ၂ရက်‌နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးနှင့် ‌ရွှေစွမ်းအင်ကုမ္ပဏီ တို့ စာချုပ် ချုပ်ဆိုကာ စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ပလက်ဝတံတားမှာ ၂၀၁၁ခုနှစ်တွင် ‌ရေနစ်မြှုပ်ခဲ့ရာ ကုမ္ပဏီက ‌ဒေသခံများ သွားလာ‌ရေးအတွက် ဇက်‌ရေယာဉ်ဖြင့် ပို့‌ဆောင်‌ပေး‌နေ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

သို့‌သော် ကား၊ ဆိုင်ကယ်၊ လူ အချို့‌ရေထဲပြုတ်ကျသည့် မ‌တော်တဆဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားခဲ့သလို ‌ဒေသခံများ ကုန် စည်ကူးသန်း‌ရောင်းဝယ်‌ရေး၊ သာ‌ရေးနာ‌ရေး စသည့်ကိစ္စရပ်များအတွက် အချိန်မှီ သွားလာနိုင်ခြင်းမရှိသည့် အခက်အခဲများကို ရင်ဆိုင်‌နေရကာ တံတားအသစ်ပြန်‌ဆောက်ရန် ၂၀၁၄၊ ၂၀၁၅ခုနှစ်များတွင် တစ်ကြိမ်စီ ‌ဒေသခံများ ဆန္ဒထုတ်‌ဖော်ခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။

‌ဒေသခံ ‌စောအယ်‌ကော်က “တံတား‌ရေမြှုပ်သွားတာ ကြာပြီ။ အခုထိ လာမ‌ဆောက်‌ပေးဘူး။ တစ်ဖက်ကမ်းကို သွားလို့ရ‌အောင် ကုမ္ပဏီက ဇက်အကြီးနဲ့ ကူး‌ပေးတယ်။ ဘယ်အဆင်‌ပြေမလဲ၊ ကျ‌နော်တို့ ကူးသန်း‌ရောင်းဝယ်လုပ်ရတာ အရမ်းခက်ခဲတယ်။ သွားချင်တဲ့အချိန် သွားလို့ မရဘူး။ သူတို့ ဇက်တစ်ခါကူးရင် အကြာကြီး ‌စောင့်ရတယ်။ ‌နေလည်း အရမ်းပူ‌တော့ အရိပ်ခိုမယ့် ‌နေရာမရှိဘူး။ ကျ‌နော်တို့ကို ဒုက္ခ‌ပေးတုန်းပဲ။ တံတား မြန်မြန်‌ဆောက်‌ပေးပါလို့ ပြန်‌တောင်းဆိုပါတယ်”ဟု ‌မေလအတွင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြန်‌ဆောက်‌ပေးမည့် ပလက်ဝတံတားမှာ ‌တောင်ငူ၊ သံ‌တောင်ကြီး၊ ‌ဘောဂလိ၊ ‌မော်ချီး ဆက်သွယ်ထားသည့် ပြည်‌ထောင်စု လမ်း‌ပေါ်တွင် တည်ရှိပြီး ကားကြီး၊ ကား‌သေးများနှင့် ဆိုင်ကယ် အပါအဝင် ‌နေ့စဉ် လူ ၃,၀၀ဝခန် ့ဇက်‌ရေယာဉ်ဖြင့်သာ ဖြတ် သန်းသွားလာ‌နေရသည့်အတွက် သွားလာဆက်သွယ်‌ရေး အခက်အခဲ ကြုံ‌တွေ့‌နေရခြင်းဖြစ်သည်။