Home သတင်း ‌ကျောင်းတက်ချိန် ကရင်ဝတ်စုံဝတ်ဆင်သည့်‌နေ့ အစိုးရထံမှ ခွင့်ပြုချက်ရယူ‌ပေးရန် ‌ကျောင်းတာဝန်ရှိသူများ လိုလား

‌ကျောင်းတက်ချိန် ကရင်ဝတ်စုံဝတ်ဆင်သည့်‌နေ့ အစိုးရထံမှ ခွင့်ပြုချက်ရယူ‌ပေးရန် ‌ကျောင်းတာဝန်ရှိသူများ လိုလား

3026
ဇွန်လ ၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အစိုးရစာသင်‌ကျောင်းများတွင် ကရင်အမျိုးသားရိုးရာဝတ်စုံ ဝတ်ဆင်ရမည့်‌နေ့ကို တရားဝင် ဝတ် ဆင်ခွင့်ရ‌အောင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)အ‌နေဖြင့် နိုင်ငံ‌တော်အစိုးရထံမှ ခွင့်ပြုချက်ရယူ‌ပေးရန် ဝင်း‌ရော်‌ဒေ သရှိ ‌ကျောင်းတာဝန်ရှိသူများက လိုလားကြသည်။

ဝင်း‌ရော်‌ဒေသရှိ အစိုးရစာသင်‌ကျောင်းများတွင် တနလင်္ာနှင့် ‌သောကြာ‌နေ့ကို ကရင်တိုင်းရင်းသားဝတ်စုံဝတ်ဆင်ရမည်ဟု ဝင်း ‌ရေးမြို့နယ်(KNU)ပညာ‌ရေးဌာန၏ ညွှန်ကြားချက်ထုတ်ထား‌သော်လည်း ‌ကျောင်းသူ‌ကျောင်းသားများက ယင်းသို့ ဝတ်ဆင်သွား ရန် အစိုးရပညာ‌ရေးဌာန၏ ခွင့်ပြုချက်မဟုတ်သည့်အ‌ပေါ် ‌ကျောင်းဆရာများအား ဖိအားများ ကြုံ‌တွေ့မှုရှိသည်ဟု ဖားပြ‌ကျေးရွာ အထက်တန်း‌ကျောင်းဆရာ ‌စောမိုး‌အောင်က ‌ပြောသည်။

ဆရာ‌စောမိုး‌အောင်က “ဒီမှာက‌တော့ တနလင်္ာနဲ့ ‌သောကြာ‌နေ့‌တွေမှာ ရိုးရာဝတ်စုံဝတ်ရမယ်ဆိုပြီး ကရင်ပညာ‌ရေးဌာနက ညွှန် ကြားထားတာပါ။ ဌာနက ခွင့်ပြုချက်မဟုတ်‌တော့ အထက်က လူကြီး‌တွေ ‌ကျောင်းလာစစ်တဲ့အခါမှာ ‌ကျောင်းမှတ်တမ်းဓာတ်ပုံ ရိုက်တဲ့အခါမှာ‌ရော ကိုယ့်တိုင်းရင်းသားဝတ်စုံဝတ်ရမယ့်‌နေ့နဲ့ ဆုံတဲ့ရက်ဆိုရင် ဌာနက မညွန်ကြားဘဲနဲ့ လုပ်‌နေတယ်ဆိုပြီး နည်းနည်း ဖိအားဖြစ်တာ‌ပေါ့။ ကရင်ပညာ‌ရေးဌာနက ညွန်ကြားချက်‌တွေကို သက်ဆိုင်ရာ အစိုးရဌာန‌တွေနဲ့ ‌တွေ့ဆုံညှိနှိုင်း အတည်ပြုထုတ်ပြန်ရင် ပို‌ကောင်းမယ်”ဟု ‌မေလ (၃၀)ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ အစိုးရပညာ‌ရေးဌာနက တရားဝင် အသိအမှတ်ပြု‌ပေးမှသာ ပညာ‌ရေးဝန်ထမ်း‌တွေအ‌နေဖြင့် မိမိတို့ တိုင်းရင်းသားစာ ‌ပေ၊ ယဉ်‌ကျေးမှုများကို ယခုထက်မက ပို၍ လုပ်‌ဆောင်လာနိုင်မည်ဖြစ်သလို မိမိတို့၏ ရိုးရာဝတ်စုံကို ဝတ်ဆင်ခွင့်ရသည့်အ‌ပေါ် ‌ကျောင်းသူ‌ကျောင်းသားအ‌နေဖြင့်လည်း ပြည်‌ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်နှင့် ယဉ်‌ကျေးမှုချစ်စိတ်များ ပိုမို နိုးကြားလာ‌စေ မည်ဖြစ်‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

ဝင်း‌ရော်‌ဒေသရှိ အစိုးရ စာသင်‌ကျောင်းများ၌ သတ်မှတ်ထား‌သော‌နေ့တွင် ကရင်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ရန်၊ နိုင်ငံ‌တော် အလံ၏ ညာဘက်‌ထောင့်တွင် ကရင်အမျိုးသားအလံ လွှင့်ထူသွားရန်နှင့် ကရင်စာသင်ကြားသည့်‌ကျောင်းများတွင် ကရင်စာ‌ပေ ကို ရုံးသုံးစာအဖြစ် သင်ကြားရန်နှင့် ‌ကျောင်း‌ရှေ့ဆိုင်းဘုတ်ကို ကရင်ဘာသာဖြင့် ‌ရေးထိုးရန်တို့ကို ဝင်း‌ရေးမြို့နယ် (KNU)ပညာ ‌ရေးဌာနမှ ယခင် ပညာသင်နှစ်ကတည်းက နှုတ်အားဖြင့် ညွှန်ကြားထား‌သော်လည်း ယခုနှစ် ‌မေလ(၂၁)ရက်‌နေ့တွင် စာထုတ် ပြန်၍ အသိ‌ပေးထားသည်ဟု သိရသည်။

တံခွန်တိုင်ရွာ မူလွန်‌ကျောင်းအုပ် ‌စောဆန်းဦးကလည်း “‌မေလ ‌နောက်ဆုံးအပတ်မှာ သက်ဆိုင်ရာကို အသိ‌ပေးခဲ့တယ်။ မြို့နယ် ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့အ‌နေနဲ့ မဆုံးဖြတ်‌ပေးနိုင်ဘူး ‌ပြောတာ‌ပေါ့‌လေ။ တိုင်းရင်းသား‌ရေးရာဌာန‌တွေ‌ရော၊ လွှတ် ‌တော်ကိုယ်စားလှယ်အဖွဲ့က‌နေတစ်ဆင့် ညွှန်ကြားလာရင်‌တော့ ပိုပြီး‌ကောင်းတာ‌ပေါ့ဆိုပြီး အကြံပြု‌ပြောတာ‌ပေါ့‌နော်။ လက်ရှိ ညွန်ကြားချက်‌တွေကို ကျ‌နော်တို့ဘက်က အ‌ကောင်အထည်‌ဖော်ဖို့ဆိုတာက အခက်အခဲ‌လေး‌တော့ ရှိတာ‌ပေါ့”ဟု ဆိုသည်။

ယခုကိစ္စအ‌ပေါ် ကရင်ကဗျာဆရာ ‌စော‌ယောင့်သာအဲဆန်က “ကိုယ့်ရဲ့တိုင်းရင်းသားဝတ်စုံဝတ်ခြင်းအားဖြင့် ယဉ်‌ကျေးမှုအ ပိုင်းလည်း ထိန်းသိမ်းရာ‌ရောက်တယ်‌ပေါ့။ တက္ကသိုလ်‌ကျောင်း‌တွေမှာ‌တောင် သူ့ရဲ့သက်ဆိုင်ရာ၊ သက်ဆိုင်ရာ တိုင်းရင်းသား ရိုးရာဝတ်စုံ‌တွေ ဝတ်‌နေကြတာပဲ။ ရိုးရာဝတ်စုံဝတ်တယ်ဆိုတာကလည်း လူမျိုးတစ်မျိုးရဲ့ ဝိ‌သေသလက္ခဏာပါပဲ။ တိုင်းရင်းသား တစ်ခုတည်း မဟုတ်ဘဲနဲ့ အခြားတိုင်းရင်းသား‌တွေရဲ့ ယဉ်‌ကျေးမှုအ‌ငွေ့အသက်‌လေးပါ ‌ပေါ်လွင်‌အောင် တရားဝင် ‌ဆောင်ရွက် ‌ပေးဖို့ လိုအပ်မယ်”ဟု ‌ကေအိုင်စီသို့ မှတ်ချက်ပြု ‌ပြောဆိုသည်။

ဝင်း‌ရော်‌ဒေသတွင် ကရင်‌ကျေးရွာရှိ အစိုးရစာသင်‌ကျောင်းများ၌ သတ်မှတ်ထားသည့်‌နေ့တွင် မိမိတို့၏ ကရင်ရိုးရာဝတ်စုံများကို ယခင်နှစ်ကတည်းက ယခုနှစ်အထိ နားလည်မှုဖြင့် ဝတ်ဆင်ကြပြီး မွန်နှင့် ရှမ်း‌ကျေးရွာရှိ အစိုးရ စာသင်‌ကျောင်းများတွင်လည်း သက်ဆိုင်မိမိတို့ တိုင်းရင်းသားယဉ်‌ကျေးမှုအလိုက် တနလင်္ာနှင့် ‌သောကြာ‌နေ့များတွင် မိမိတို့ ရိုးရာဝတ်စုံများကို နားလည်မှုဖြင့် အလားတူ ဝတ်ဆင်လျှက်ရှိကြသည်။