Home သတင်း ‌ကေအဲန်ယူမှ (၇) ကြိမ်‌မြောက် မျိုးဆက်သစ်‌ခေါင်း‌ဆောင်မှုသင်တန်း‌ကျောင်း စတင်ဖွင့်လှစ်

‌ကေအဲန်ယူမှ (၇) ကြိမ်‌မြောက် မျိုးဆက်သစ်‌ခေါင်း‌ဆောင်မှုသင်တန်း‌ကျောင်း စတင်ဖွင့်လှစ်

1848
ဇွန် ၁၇ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုမှ ဦး‌ဆောင်ဖွင့်လှစ်သည့် (၇)ကြိမ်‌မြောက် မျိုးဆက်သစ်‌ခေါင်း‌ဆောင်မှု သင်တန်း‌ကျောင်း(NGLP)ကို ‌ကေအဲန်ယူနယ်‌မြေ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ‌သေ့‌ဘေ့ထ‌နေရာ၌ ယ‌နေ့ ဇွန် ၁၇ရက်‌နေ့၊ နံနက်(၉)နာရီတွင် စတင်ဖွင့်လှစ်လိုက်သည်။

ယခုနှစ် ဖွင့်လှစ်သည့် သင်တန်းတွင် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ ခရိုင်နှင့် တပ်မဟာ ၇ခုရှိ လူငယ်များ၊ ‌ကေအဲန်ယူဗဟို လက်‌အောက်ခံ ဌာနဆိုင်ရာရှိ လူငယ်များနှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီမှ အပါအဝင် သင်တန်းသူ၊ သင်တန်းသား (၃၆)ဦး တက်‌ရောက်မည်ဖြစ်ပြီး သင်တန်းနှင့်ပတ်သက်၍ ယင်းသင်တန်း ‌ကျောင်း၏ ‌ကျောင်းအုပ်ဖြစ်သူ ပဒို‌စောလစ္စတန်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ရဲ့ မျိုးဆက်သစ်‌ကျောင်းက ‌ကေအဲန်ယူမှာ ဦး‌ဆောင်နိုင်မယ့် ‌နောင်လာမယ့် ‌ခေါင်း‌ဆောင်‌တွေ အတွက် ယ‌နေ့ရှိ‌နေတဲ့ ‌ခေါင်း‌ဆောင်‌တွေက အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဒီ‌ခေါင်း‌ဆောင်‌တွေရဲ့ ‌နေရာမှာ ဆက်ခံနိုင်ဖို့နဲ့ အနာဂါတ် အမျိုးသား‌ခေါင်း‌ဆောင်း‌ကောင်း‌တွေ ‌ပေါ်ထွန်းလာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်”ဟု သူက ‌ပြောသည်။

ထို့အပြင် လက်ရှိတက်‌ရောက်လာသည့် မျိုးဆက်သစ်လူငယ်များအ‌ပေါ်တွင်လည်း ‌ခေါင်း‌ဆောင်များ၏ ‌နေရာများတွင် အမှန်တကယ်ဆက်ခံနိုင်ပြီး အမျိုးသား‌ရေးတာဝန်များကို ပြန်လည်ဦး‌ဆောင်နိုင်မည်ဟု ယုံကြည်‌ကြောင်းလည်း ပဒို‌စောလစ္စတန်က ဖြည့်စွက်‌ပြောသည်။

အဆိုပါသင်တန်း‌ကျောင်းတွင် ကရင်‌တော်လှန်‌ရေးသမိုင်း၊ မြန်မာနှင့်ကမ္ဘာ့သမိုင်း၊ ‌ခေါင်း‌ဆောင်မှုနှင့်စီမံခန့်ခွဲမှု၊ ‌ကေအဲန်ယူမူဝါဒနှင့် လမ်းစဉ်လုပ်ငန်းစဉ်များ၊ နိုင်ငံ‌ရေးသိပ္ပံ၊ ဥပ‌ဒေ‌ရေးရာနှင့် ဖက်ဒရယ်ဖွဲ့စည်းပုံ၊ အ‌ခြေခံစစ် သင်တန်းနှင့် အ‌ထွေ‌ထွေဗဟုသုတများကို တစ်နှစ်ခွဲကြာ စာ‌တွေ့လက်‌တွေ့သင်ကြား‌ပေးမည်ဟု သိရသည်။

‌သေ့‌ဘေ့ထ‌နေရာ၌ ပြုလုပ်ခဲ့သည့် ယင်းသင်တန်းဖွင့်ပွဲသို့ ‌ကေအဲန်ယူဗဟို ‌ကော်မတီနှင့်ဌာနဆိုင်ရာ‌ခေါင်း ‌ဆောင်းများ၊ KNLA စစ်ဘက်အရာရှိကြီးငယ်များနှင့် သင်တန်းသူ၊ သင်တန်းသားများ စုစု‌ပေါင်း ၁၀ဝ နီးပါး တက်‌ရောက်ခဲ့ကြသည်။

‌ကေအဲန်ယူ ‌တောင်ငူခရိုင်မှ ကိုယ်စားပြု တက်‌ရောက်သည့် ‌စောဟာဝတီ‌နေထူးက “ကျ‌နော်အ‌နေနဲ့ ဒီသင်တန်းလာတက်ဖြစ်တဲ့ ရည်ရွယ်ချက်က ကျ‌နော်တို့ မိခင်‌ကေအဲန်ယူက ပို့ချ‌ပေးမယ့် နိုင်ငံ‌ရေးနဲ့ လူငယ်‌တွေရဲ့ လုပ်ငန်းတာဝန်‌တွေကို သင်ယူနိုင်ဖို့၊ ပြီး‌တော့ အနာဂါတ်မှာ ‌ခေါင်း‌ဆောင်‌ကောင်း တစ်‌ယောက်ဖြစ်လာဖို့ ဖြစ်ပါတယ်။ ဒီသင်တန်းက ရလာမယ့် အ‌တွေ့အကြုံ‌တွေကိုလည်း ကိုယ်‌ဒေသမှာ အ‌ကောင်းဆုံး ပြန်အသုံးချနိုင်ဖို့ ရည်ရွယ်ထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင့်‌တော်လှန်‌ရေးပြီးဆုံးသည်ဖြစ်‌စေ၊ မပြီးဆုံးသည်ဖြစ်‌စေ ကရင်အမျိုးသား‌ရေးတာဝန်များကို ဆက်လက် ထမ်း‌ဆောင်ရန်မှာ မျိုးဆက်သစ်လူငယ်များ၏ လက်ထဲ၌သာရှိ‌နေပြီး နိုင်ငံတစ်ခုလုံး၏ ငြိမ်းချမ်းသာယာမှုနှင့် ဖွံ့ဖြိုးမှုများသည်လည်း ပြည်‌ထောင်စုနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူငယ်များ၏ လက်ထဲတွင်သာရှိသည်ဟု ‌ကျောင်း၏‌ကော်မတီအဖွဲ့ဝင် ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက ယ‌နေ့ သင်တန်း ဖွင့်ပွဲအပြီး မှတ်ချက်ပြု‌ပြောဆိုခဲ့သည်။

မျိုးဆက်သစ် ‌ခေါင်း‌ဆောင်မှုသင်တန်း‌ကျောင်းကို ကွယ်လွန်သူ ယခင် KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်းက ကြီးမှူးကာ ၂၀၀၁ခုနှစ်တွင် စတင်ဖွင့်လှစ်‌ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်း‌ကျောင်းကို စာသင်နှစ် (၄)ကြိမ်‌မြောက်မှ စတင်၍ (၂)နှစ်တစ်ကြိမ် ဖွင့်လှစ်လာခဲ့သည်မှာ ယခုအချိန်အထိ ဖြစ်‌ကြောင်း သိရသည်။