Home သတင်း မဲ‌ဆောက်မှလာသည့် ဂက်စ်ကားများ မြဝတီမြို့တွင် တားဆီးခံခဲ့ရ

မဲ‌ဆောက်မှလာသည့် ဂက်စ်ကားများ မြဝတီမြို့တွင် တားဆီးခံခဲ့ရ

1746
ဇွန် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့မှတဆင့် နယ်စပ်ဂိတ်ကို ဖြတ်‌ကျော်ပြီး မြဝတီမြို့သို့ တရားဝင် ‌ရောက်ရှိလာသည့် ဂက်စ်ကား ၄စီးကို ဇွန်လ ၁၄ရက်(ယမန်‌နေ့) နံနက်ပိုင်းက မြဝတီမြို့ ဘုရင့်‌နောင်‌ဈေး‌ရှေ့တွင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက တားဆီးခဲ့ သည်ဟု သိရသည်။

ထို‌နေ့ နံနက် ၈နာရီခွဲတွင် ဂက်စ်ကားများကို မြဝတီနယ်စပ်‌ဒေသ ‌ရေနံဓါတ်‌ငွေ့ရည်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူနှင့်အတူ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်မဟာ(၇)မှ တပ်ဖွဲ့ဝင်အချို့တို့ သွား‌ရောက်တားဆီးခြင်းဖြစ်ပြီး ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းအသင်း၏ အတွင်း‌ရေးမှူးဖြစ်သူ ‌စော‌အောင်ချစ်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဂက်စ်တင်သွင်းတဲ့ ကိစ္စက အရင်ကတည်းက ပြဿနာ ခဏခဏ ဖြစ်ဖူးတာရှိတယ်။ အခုက ဒီကား‌တွေဟာ တရားဝင် တင် သွင်းတာ ဟုတ်မဟုတ်၊ စည်းကမ်းသတ်မှတ်ချက်‌တွေနဲ့ ညီမညီ ‌မေးမြန်းဖို့ ‌ခေတ္တခဏ တားဆီးခြင်းသာ ဖြစ်ပါတယ်။ ဖမ်းဆီး ခြင်း မဟုတ်ပါဘူး။ ဂက်စ်ကား‌တွေက ပိတ်‌နေလို့ လမ်းရှင်းဖို့ အကူအညီ လိုအပ်တာနဲ့ တပ်ဖွဲ့ဝင်အချို့ ‌ခေါ်လိုက်ခြင်းသာ ဖြစ်ပါ တယ်။ တပ်ဖွဲ့ဝင်‌တွေဆီမှာလည်း လက်နက်ငယ်‌လေး‌တွေ ပါလာ‌တော့ နည်းနည်းရှုပ်သွားတာပါ”ဟု သူက ‌ပြောသည်။

တားဆီးခံရသည့် ဂက်စ်ကား ၄စီးသည် ထို‌နေ့၊ ‌နေ့လည် ၁၁နာရီ‌ကျော်တွင် ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့သို့ ပြန်လည်‌ရောက်ရှိသွား ပြီး ၎င်းကားများမှာ မင်းပြည့်စုံကုမ္ပဏီ CEO ဖြစ်သူ ကို‌ကျော်‌ဇေယျနှင့် ဆက်စပ်သည့် လုပ်ငန်းပိုင်ကားများဖြစ်သည်ဟု ‌ပြောဆို ကြ‌သော်လည်း ‌ကေအိုင်စီမှ မင်းပြည့်စုံကုမ္ပဏီအား ဆက်သွယ်‌မေးမြန်း၍ မရရှိခဲ့‌ပေ။ မင်းပြည့်စုံကုမ္ပဏီမှာ မြဝတီနယ်စပ်‌ဒေသ ‌ရေနံဓတ်‌ငွေ့ရည်လုပ်ငန်းရှင်များအသင်းတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

မဲ‌ဆောက်မှ မြဝတီဘက်ခြမ်းသို့ ဂက်စ်တင်သွင်းဖြန့်ချိမှုနှင့် ပတ်သက်ပြီး တရားဝင် ခွင့်ပြုချက်ရရှိထားသည့် ကရင်လက်နက် ကိုင်အဖွဲ့များမှ ပိုင်ဆိုင်သည့် ကုမ္ပဏီများနှင့် အခြား‌သော စီးပွား‌ရေးလုပ်ငန်းရှင်ကုမ္ပဏီ‌ပေါင်း ၆ခုတို့က မြဝတီနယ်စပ်‌ဒေသ ‌ရေနံဓါတ်‌ငွေ့ရည်လုပ်ငန်းရှင်များအသင်းကို ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့သည်။

၎င်းတို့ဖွဲ့စည်းခဲ့ပြီး‌နောက် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ထိုင်းနိုင်ငံဘက်မှ ဂက်စ် တင်သွင်းဖြန့်ဖြူးမှုများ လုပ် ‌ဆောင်လျှက်ရှိ်‌ကြောင်း အသင်းအတွင်း‌ရေးမှူး ‌စော‌အောင်ချစ်က ‌ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အသင်း၏အဖွဲ့ဝင်များ ဌာနဆိုင်ရာများမှ လာမည့် ဇွန်လ ၁၆ရက်‌နေ့၊ မြဝတီမြို့‌သောင်ရင်းခန်းမတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ညှိနှိုင်း‌ဖြေရှင်းကြမည်ဖြစ်‌ကြောင်း သိရသည်