Home သတင်း ဖျားနာကူးစက်ခံရသူ ထီးကလိရွာသား ၁၁၅ဦး အားလုံးနီးပါး ပြန်လည်‌ကောင်းမွန်လာ

ဖျားနာကူးစက်ခံရသူ ထီးကလိရွာသား ၁၁၅ဦး အားလုံးနီးပါး ပြန်လည်‌ကောင်းမွန်လာ

1730

ဇွန် ၂၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

‌ကော့ကရိတ်မြို့နယ်၊ ထီးဝူးသန်‌ကျေးရွာအုပ်စုမှ အိမ်‌ခြေ ၆၇လုံးရှိ‌သော ထီးကလိရွာတွင် ရာသီ‌ကြောင့် ဇွန်လအတွင်း ဖျားနာ‌ရောဂါ ကူးစက်ခံရသူ စုစု‌ပေါင်း ၁၁၅ဦးတို့ကို ‌တောင်ကြာအင်း‌ကျေးရွာအုပ်စု ကျန်းမာ‌ရေးဌာနမှ ကွင်းဆင်းကုသခဲ့ ရာ အားလုံးနီးပါး ပုံမှန်အတိုင်း ပြန်လည်‌ကောင်းမွန်လာပြီ ဖြစ်သည်ဟု သိရသည်။

ထီးကလိ‌ကျေးရွာတွင် ယခုလ ဇွန်လ ၂ဝရက်‌နေ့မှစ၍ တုပ်‌ကွေးသဏ္ဍာန်တူ ‌ရောဂါတစ်မျိုးဟု ယူဆရသည့် အဆိုပါဖျားနာ ‌ရောဂါ ဖြစ်ပွားခြင်း‌ကြောင့် ရွာအတွင်းရှိ ‌ကျောင်းသူ‌ကျောင်းသား ၆၂ဦးနှင့် လူကြီး ၅၃ဦးတို့ ကူးစက်ခံခဲ့ရကာ ယင်းကဲ့သို့ သွား‌ရောက်‌ဆေးကုသမှုပြုလုပ်ပြီး‌နောက် အ‌ခြေအ‌နေ ပြန်လည်‌ကောင်းမွန်လာခြင်းဖြစ်သည်ဟု ထီးဝူးသန်‌ကျေးရွာ အုပ် ချုပ်‌ရေးမှူး ‌စောက‌ပေမှူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “‌ရောဂါစဖြစ်တာက‌တော့ လွန်ခဲ့တဲ့အပတ်မှာ စဖြစ်တယ်။ ‌ကျောင်း‌နေတဲ့ က‌လေး‌တွေက ဖျားနာကြတာများ‌တော့ ‌ကျောင်းကို‌တော့ နှစ်ရက်သုံးရက်‌လောက်‌တော့ ပိတ်ထားရတယ်။ ‌ဆေးဆရာ ဆရာမ‌တွေ ရွာအထိ လာ‌ရောက်ကုသ‌ပေး ‌တော့ အခုချိန်မှာ လူနာ နည်းနည်းပါးပါး‌လောက်ပဲ ကျန်‌တော့တယ်။ ‌ကျောင်းလည်း ပြန်လည်ဖွင့်‌နေပါပြီ”ဟု ‌ပြောသည်။

ထိုသို့ ‌ရောဂါ‌ဝေဒနာ ခံစားခဲ့ရသူများသည် ‌ကော့ကရိတ်မြို့ရှိ ပြည်သူ့‌ဆေးရုံသို့ သွား‌ရောက်ကုသခံရသည့် လူနာတစ်ဦး တစ်‌ယောက်မျှ မရှိဘဲ ကျန်မား‌ရေးဌာနမှ ဆရာ၊ ဆရာမများက ရွာအတွင်းသို့ ‌နေ့စဉ်‌နေ့တိုင်းဖြင့် ယခုအချိန်ထိ ပုံမှန် လာ ‌ရောက်ကြည့်ရှု ကုသ‌ပေးလျှက်ရှိသည်ဟု ‌စောက‌ပေမူးက ထပ်မံ ‌ပြောဆိုသည်။

ထီးကလိရွာသို့ သွား‌ရောက်ကွင်းဆင်းကုသ‌ပေးသည့် ဆရာ၊ ဆရာမများက ‌သွေးလွန်တုပ်‌ကွေးအပြင် ငှက်ဖျားပိုးကိုလည်း စစ်‌ဆေး‌ပေးလျှက်ရှိ‌ကြောင်းနှင့် ခြင် မ‌ပေါက်ပွားလာ‌စေရန် ကျန်းမာ‌ရေး အသိပညာ‌ပေးမှုများ လုပ်‌ဆောင်‌ပေး‌နေ‌ကြောင်း ‌ကော့ကရိတ်မြို့နယ် ဒုတိယအုပ်ချုပ်‌ရေးမှူးဖြစ်သူ ဦးစန်းလွင်ကလည်း ယခုလို ‌ပြောသည်။

“အ‌ခြေအ‌နေက‌တော့ အားလုံး‌ကောင်းလာပါပြီ။ ကျ‌နော်တို့ဘက်ကလည်း ‌နေ့စဉ်‌နေ့တိုင်း ကွင်းဆင်းစစ်‌ဆေး‌ပေး‌နေပါ တယ်။ အထူးသဖြင့် ‌ဒေသခံ‌တွေက ကျန်းမာ‌ရေးအသိအားနည်း‌နေ‌သေးတာရယ်၊ စိုးရိမ်မှုများ‌နေတာ‌တွေ ‌တွေ့ရပါတယ်။ ကုသမှုနဲ့ စစ်‌ဆေးမှု၊ ပညာ‌ပေးမှု‌တွေလည်း လုပ်‌ဆောင်‌ပေးပါတယ်။ အခု‌တော့ ဘာမှ‌တော့ စိုးရိမ်စရာ အ‌ခြေအ‌နေ မရှိ ‌တော့ပါဘူး”ဟု ၎င်းက ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်၊ ထီးဝူးသန်‌ကျေးရွာအုပ်စုတွင် ထီးဝူးသန်ရွာ အပါအဝင် ထီးကလိရွာ၊ ရွာက‌လေးရွာနှင့် ‌အောက်ရွာ စုစု‌ပေါင်း ၄ရွာရှိပြီး ထီးကလိရွာ၌သာ ယခုကဲ့သို့ ဖျားနာ‌ရောဂါကူးစက်ခံရမှု အများဆုံး ဖြစ်ပွားခြင်း ဖြစ်သည်။