Home ထိပ်တန်းသတင်း နယ်‌မြေခံတပ်မ‌တော်က ရွာသားများထံ သစ် ၁ဝတန်‌ကျော် ‌သေနတ်ပစ်‌ဖောက် ‌တောင်းခံ

နယ်‌မြေခံတပ်မ‌တော်က ရွာသားများထံ သစ် ၁ဝတန်‌ကျော် ‌သေနတ်ပစ်‌ဖောက် ‌တောင်းခံ

2436
ဇွန် ၁ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့နယ်၊ ‌ဝေါ‌လေ‌ဒေသ၊ ကနဲ‌လေးနှင့် ‌မော်ခီး‌ကျေးရွာအ‌ခြေစိုက်သည့် စစ်ဆင်‌ရေးကွပ်ကဲမှုဋ္ဌာနချုပ် (စကခ ၁၉) လက် ‌အောက်ခံ ခလရ(၆၂)တပ်ရင်းမှ တပ်မ‌တော်သားများက ရွာသားများထံ သစ်လုံးများ‌တောင်းရင်း အပြန်အလှန် စကား‌ပြောဆိုရာ မှ ‌သေနတ်ပစ်‌ဖောက်မှုများ ဖြစ်ပွားခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ခလရ(၆၂) ဒုတပ်ရင်းမှူး ဗိုလ်မှူးညွှန့်ဝင်းလှိုင် ဦး‌ဆောင်သည့် တပ်မ‌တော်သား ၈ဦးသည် ‌မေလ ၂၉ရက်‌နေ့ မွန်းလွဲ ၁နာရီခွဲအချိန်တွင် ‌မောခီး‌ကျေးရွာအနီး၌ သစ်စက်‌ထောင်ပြီး သစ်လုပ်ငန်း လုပ်ကိုင်‌နေကြသည့် ရွာသားများအား သစ် ထပ်မံ ‌တောင်းသည်ကို ငြင်းဆန်မှု‌ကြောင့် ပစ်‌ဖောက်မှုဖြစ်ခဲ့ပြီး ရွာသားများမှာ ထိတ်လန့်ခဲ့ရ‌ကြောင်း အမည်မ‌ဖော်လိုသူ ရွာသားတစ် ဦးက ‌မေလ ၃၁ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ရွာသားက “အစက‌တော့ သစ်အလုံး ဆယ်တန် ‌တောင်းတယ်။ ပြီး‌တော့ ခွဲသား တစ်တန်‌ပေးဖို့ ထပ်‌တောင်း တယ်။ ဆယ်တန်လည်း ‌ပေးပြီးပြီ။ ထပ်‌တောင်း‌သေးတယ်ဆို‌တော့ ကုန်ကျစရိတ်လည်း ရှိတယ်။ ‌ပေးဖို့ အခက်အခဲရှိတယ် ‌ပြောတဲ့အခါကျ‌တော့ မ‌ပေးနိုင်လို့ရှိရင် သစ်စက်ဝိုင်းကို ပိတ်ပစ်မယ်လို့ ခြိမ်း‌ခြောက်‌ပြောဆိုတဲ့အပြင် ‌သေနတ် ၂ချက်ပါ ပစ် ‌ဖောက်လိုက်‌တော့ ‌ပေးလိုက်ရတယ်”ဟု ‌ပြောသည်။

၎င်းအပြင် ‌မော်ခီး‌ကျေးရွာအ‌ခြေစိုက် အဆိုပါတပ်စခန်းမှ တပ်မ‌တော်သားအဖွဲ့ဝင်များသည် ၎င်းတို့စခန်း ‌သောက်သုံး‌ရေအ တွက် ‌မော်ခီးရွာသားများမှ ‌ထော်လာဂျီဖြင့် ‌မေလ ၂၇ရက်မှ ၂၉ရက်‌နေ့အထိ သုံးရက် ဆက်တိုက် ‌ရေခပ်‌ပေးခိုင်းခဲ့သလို ‌ရေ သွားခပ်လမ်းတွင် ‌သေနတ်အချက်‌ပေါင်းများစွာ ပစ်‌ဖောက်မှု‌ကြောင့် အထိတ်တလန့် ဖြစ်ရသည်ဟုလည်း ရွာသားများက ‌ပြော ဆို‌နေကြသည်။

ယခုကိစ္စအ‌ပေါ် ထိုနယ်‌မြေတွင် လှုပ်ရှား‌နေသည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA (၂၀၁)တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး‌စောဘူး‌ဖောက “ရွာသားဆီ သစ်‌တောင်းမရလို့ ‌သေနတ်‌ဖောက်တာ မှန်ပါတယ်။ ‌နောက်ပြီး ရွာသား‌တွေခိုင်းတာက ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ‌သေနတ်လိုက်ပစ်တဲ့ကိစ္စက ရွာနဲ့လှမ်းရင်‌တော့ ဘာမှမ‌ပြောလိုပါဘူး။ အခုက ရွာနီးနားမှာဆို‌တော့ ရွာသား ‌တွေ ‌ကြောက်တာ‌ပေါ့။ ဒါက ရွာသား‌တွေကို ခြိမ်း‌ခြောက်ရာ‌ရောက်သလို ရန်လိုတဲ့ပုံစံမျိုးနဲ့လည်း သက်‌ရောက်တယ်”ဟု မှတ် ချက်‌ပေး ‌ပြောဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့အစည်းများအကြား လက်မှတ်‌ရေးထိုးခဲ့‌သော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူညီစာချုပ်(အဲန်စီ‌အေ)အရ နှစ်ဖက် ‌လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ အခန်း(၂)၏ အရပ်သားပြည်သူနှင့် ပတ်သက်၍ ‌စောင့်ထိန်းလိုက်နာရ မည့် ကျင့်ဝတ်စည်းကမ်းများ အပိုဒ်(ဃ)တွင် ပြည်သူများထံမှ ‌ငွေ၊ ပစ္စည်းဥစ္စာ၊ စားနပ်ရိက္ခာ၊ လုပ်အားနှင့် ဝန်‌ဆောင်မှုများကို အဓမ္မ ‌တောင်းခံရယူခြင်း မပြုလုပ်ရဟူ၍ ‌ရေးသား‌ဖော်ပြထားသည်။

‌ဝေါ‌လေ‌ဒေသရှိ ကနဲ‌လေးနှင့် ‌မော်ခီး‌ကျေးရွာစခန်းတွင် အ‌ခြေချ‌နေထိုင်ကြသည့် ခလရ(၆၂)တပ်ရင်းမှာ ဒုရင်းမှူးညွှန့်ဝင်းလှိုင်၊ တပ်ခွဲမှူးထွန်းဦး‌လေး၊ တပ်ခွဲမှူး ဗိုလ်ကြီးဖြိုးဝင်း‌လေး၊ ဗိုလ်ကြီးသန့်ဇင်ထွန်း၊ ဗိုလ်ကြီး‌အောင်မြင့်ထွန်းနှင့် ဗိုလ်ကြီးလူမင်းမြတ်တို့ အပါအဝင် တပ်ဖွဲ့ဝင် ၃၀‌ကျော် အ‌ခြေချလှုပ်ရှားလျှက်ရှိသည်ဟု နယ်‌မြေခံ KNLA တပ်ဖွဲ့ဝင်များ၏ ‌ပြောပြချက်အရ သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ထို‌ဒေသရှိ အစိုးရ တပ်မ‌တော် တာဝန်ရှိသူများအား ‌ကေအိုင်စီမှ သီးသန့် ဆက်သွယ်‌မေးမြန်း၍ မရရှိ‌ပေ။