Home သတင်း ဒုက္ခသည်ပြန်နိုင်မည့် အ‌ခြေအ‌နေတစ်ရပ် နိုင်ငံ‌တော်အတိုင်ပင်ခံမှ ဖန်တီး‌ပေးရန် ဒုက္ခသည်အ‌ရေး‌ဆောင်ရွက်သူများလိုလား

ဒုက္ခသည်ပြန်နိုင်မည့် အ‌ခြေအ‌နေတစ်ရပ် နိုင်ငံ‌တော်အတိုင်ပင်ခံမှ ဖန်တီး‌ပေးရန် ဒုက္ခသည်အ‌ရေး‌ဆောင်ရွက်သူများလိုလား

1869
ဇွန်လ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ဒုက္ခသည်များ ပြန်နိုင်မည့် အ‌ခြေအ‌နေတစ်ရပ်ကို ဖန်တီး‌ပေးရန် ဇွန်လ ၂၃ရက်‌နေ့တွင် စတင်‌တော့မည့် နိုင်ငံ‌တော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်‌ပေါ် အ‌ခြေခံ၍ ဒုက္ခသည်အ‌ရေး‌ဆောင်ရွက်‌ပေး‌နေသည့် ကရင်ဒုက္ခသည် ‌ကော်မတီ(KRC)နှင့် ကရင်နီဒုက္ခသည်‌ကော်မတီ(KnRC)က လိုလား‌ကြောင်း ‌ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံအတွင်း နှစ်‌ပေါင်း(၃၀)‌ကျော်ကြာ ‌နေထိုင်လာခဲ့သည့် မြန်မာတိုင်းရင်းသားဒုက္ခသည်အများစုမှာ မိမိ‌နေရပ်များသို့ ပြန် လိုကြ‌သော်လည်း ‌ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံ‌ရေးတွင် ဒုက္ခသည်များ ပြန်နိုင်မည့် အ‌ခြေအ‌နေတစ်ရပ်ကို ‌ဒေါ်‌အောင်ဆန်းစု ကြည်အ‌နေဖြင့် ဖန်တီး‌ပေး‌စေလို‌ကြောင်း KRC ‌ပြောခွင့်ရသူ ‌နော်ဘလူးမင်းနှိုက်ဇန်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“အစိုးရရဲ့ ရက်(၁၀၀)စီမံကိန်းထဲမှာ ဒုက္ခသည်အ‌ရေးတစ်ခွန်းမှ မပါ‌သေးဘူး။ သူလာရင် ကျမတို့ ‌တွေ့ရဖို့ မ‌သေချာ‌သေး‌ပေ မယ့် ကျမတို့ ပြန်ဖို့ အ‌ခြေအ‌နေတစ်ခုဖြစ်လာ‌အောင်‌ပေါ့။ ကျမတို့ပြန်မယ်ဆိုရင် ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစိတ်ချစွာနဲ့ လူ့အခွင့်အ ‌ရေး ချိုး‌ဖောက်မှု ကင်းမဲ့ပြီး‌တော့မှ လူသားချင်းစာနာတဲ့ ပံ့ပိုးမှုကို လိုအပ်တယ်။ အ‌ရေးကြီးဆုံးက ကျမတို့ ဒုက္ခသည်‌တွေကို အတင်းတွန်းပို့ပြီး‌တော့ ပြန်ဖို့ မလုပ်ဖို့ ‌ပြော‌စေချင်တယ်”ဟု သူမက ‌ပြောဆိုသည်။

ဒုက္ခသည်များ ‌နေရပ်ပြန်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်‌နေမှု အ‌ခြေအ‌နေကို ထိုင်းအစိုးရက သိရှိထားပြီဖြစ်သလို ပြန်ရမည့် အချိန် ‌ရောက်လျှင် အာမခံချက်တစုံတရာ ရှိ‌နေရမည်ဖြစ်ကာ အစိုးရသစ်အ‌နေဖြင့် နိုင်ငံ‌ရေး၊ စစ်‌ရေး အ‌ပြောင်းအလဲအ‌ပေါ် ‌ကျေ‌ကျေ လည်လည် သိရှိပြီး ပြန်လည်‌နေရာချထား‌ရေး အစီအစဉ်မှာ ‌သေချာစွာ ရှိ‌နေရမည်ဟုလည်း သူမက ဆက်‌ပြောသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်မှာ သုံးရက်ကြာမည်ဖြစ်ပြီး ခရီးစဉ်အစ၌ ထိုင်းနိုင်ငံ‌ရောက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သ မားများနှင့် မဟာချိုင်‌ဒေသ၌ ၂၃ရက်‌နေ့တွင် ‌တွေ့ဆုံရန် တာဝန်ရှိသူများက စီစဉ်‌နေကြကာ ခရီးစဉ်‌နောက်ဆုံးရက် ၂၅ရက်‌နေ့ တွင် နယ်စပ်ဒုက္ခသည်စခန်းတစ်ခုသို့ သွား‌ရောက်ရန် ရှိသည်ဟု သိရသည်။

“ကျ‌နော်တို့ ဒုက္ခသည်‌တွေက ‌ပြောင်းလဲ‌နေတဲ့ နိုင်ငံ‌ရေးအ‌ခြေအ‌နေနဲ့ အများကြီး ဆက်စပ်မှုရှိတဲ့အခါကျ‌တော့ အစိုးရအ‌နေနဲ့ အခုရှိ‌နေတဲ့ ဒုက္ခသည်‌တွေက ဒုက္ခသည် အစစ်အမှန်‌တွေ ဖြစ်ပါတယ်။ သူတို့ပြန်သွားလို့ရှိရင် လုံခြုံမှု‌ပေးနိုင်တဲ့ အာမခံချက်ကို ကြိုတင်ပြင်ဆင်ပြီးမှသာလျှင် ပြန်လည်‌နေရာချထား‌ရေးကို ဆက်လက်စီစဉ်‌ပေးဖို့ အစိုးရကို‌ရော ကျန်တဲ့ UNHCR ဖြစ်ဖြစ်၊ ထိုင်းအစိုးရကိုပါ သူမအ‌နေနဲ့ မက်‌ဆေ့ချ်‌ပေးဖို့ လိုအပ်တယ်လို့ မြင်တယ်”ဟု ကရင်နီဒုက္ခသည်‌ကော်မတီ-KnRC အတွင်း‌ရေး မှူး(၁) ‌စောလူးဝစ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒုက္ခသည်များ‌နေရပ်ပြန်သွားမည်ဆိုပါက လက်ရှိ ဒုက္ခသည်ပြန်လည်ချထား‌ရေး‌နေရာများ၌ အစိုးရစစ်တပ်မှ ‌နေရာယူ စခန်းချ ထားမှုများ ရှိ‌နေ‌သေးသလို လုံခြုံ‌ရေးဆိုင်ရာ စိုးရိမ်မှုများရှိ‌နေ‌သေးသည့်အတွက် အတင်းပြန်ပို့မည်ကို ဒုက္ခသည်များဘက်မှ မလိုလား‌ကြောင်း မယ်လဒုက္ခသည်စခန်း ဥက္ကဌ ‌စော‌အောနက်ကလည်း ယ‌နေ့ ‌ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖုိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘမ့်ဒုံယန်း၊ ထမ်းဟင်၊ ကရင်နီအမှတ်(၁) နှင့် အမှတ်(၂) စသည့်မြန်မာဒုက္ခသည်စခန်း ၉ခုတွင် လူဦး‌ရေ တစ်သိန်း‌ကျော်ရှိ‌ကြောင်း သိရသည်။