Home ထိပ်တန်းသတင်း ဒီ‌ကေဘီ‌အေ ၉၀၈ တပ်ရင်းမှူ̔းနှင့် အဖွဲ့ဝင်၂ဝ ‌ကျော် ‌ကေအဲန်အယ်‌အေသို့ ဘက်‌ပြောင်း

ဒီ‌ကေဘီ‌အေ ၉၀၈ တပ်ရင်းမှူ̔းနှင့် အဖွဲ့ဝင်၂ဝ ‌ကျော် ‌ကေအဲန်အယ်‌အေသို့ ဘက်‌ပြောင်း

2543
ဇွန် ၁၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)၏ ၉၀၈ တပ်ရင်းမှူး ပါဝင်သည့် တပ်ဖွဲ့ဝင် ၂၁ ဦးသည် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌မော်ခီး ‌ကျေးရွာအုပ်စုအ‌ခြေစိုက် ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ) ၂၀၁ တပ်ရင်းထံတွင် ဇွန်လ ၁၇ရက်‌နေ့က ဘက်‌ပြောင်းလိုက်သည်ဟု သိရသည်။

လယ့်‌ခေါ်အ‌ခြေစိုက် ဒီ‌ကေဘီ‌အေ ၉၀၈တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စော‌နော်ခူ့ ၊ ဒုတပ်ခွဲမှူး ဒုဗိုလ်ကြီး ‌စောကူးနူ့၊ တပ်စုမှူး ဗိုလ်ကြီး ‌စော‌မော့ဖလို့၊ တပ်စုမှူး ဗုိုလ်ကြီး ‌စောလှခိုင်တို့ ဦးစီးသည့် တပ်ဖွဲ့ဝင် အင်အား ၂၁ဦးသည် ‌ကေအဲန်ယ်အယ်လ်‌အေ ၂၀၁တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စောဘူး‌ဖောဦးနှင့် ချိတ်ဆက်ကာ လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ သွား‌ရောက်ပူး‌ပေါင်းပြီး ဘက်‌ပြောင်း လိုက်ခြင်းဖြစ်သည်။

ဒီ‌ကေဘီ‌အေ ၉၀၈တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စော‌နော်ခူ့က “ကျ‌နော်တို့က တစ်ဘက်နဲ့တစ်ဘက် မုန်းတီးတာလည်း ဘာမှမရှိပါဘူး။ အချင်းချင်း အကွဲအပြဲဖြစ်လာဖို့ ရည်ရွယ်ချက်လည်း မရှိပါဘူး။ အခု‌ခေါင်း‌ဆောင်‌တွေ တိုင်းပြည်နဲ့ ငြိမ်းချမ်း‌ရေးအတွက် ‌တောင်းဆို‌နေတဲ့ကာလဖြစ်တယ်။ ပြန်ကြည့်မယ်ဆိုရင် ကျ‌နော်တို့ ကရင်တပ်မ‌တော်ဟာ အကွဲအပြဲတအားများတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့‌တွေ ပြန်လည်ပူး‌ပေါင်းဖို့ လိုအပ်‌နေပြီလို့ ယူဆတဲ့အတွက် အခုလို ပြန်လာပူး‌ပေါင်းတာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘက်‌ပြောင်းလိုက်‌သော အဆိုပါ ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များသည် RPG-7 ၁လက်၊ SKS ၁လက်၊ M79 ၁လက်၊ M16 ၉ လက်၊ ကာဘိုင် ၂လက် 38 ၁လက်၊ HR ၁လက်နှင့် 9MM ၂လက် စုစု‌ပေါင်း လက်နက် ၁၈လက်နှင့်အတူ ကျည်ဆံအ‌မြောက်အများပါရှိသည်ဟု သိရသည်။

‌ကေအဲန်အယ်လ်‌အေ ၂၀၁တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စောဘူး‌ဖောက “ကျ‌နော်တို့ လက်နက်ကိုင် အဖွဲ့များ ပြန်လည်‌ပေါင်းစည်းနိုင်‌ရေးအတွက် ၁၅ကြိမ်‌မြောက်ကွန်ကရက်မှာ ချမှတ်ထားပြီးသား ဖြစ်ပါတယ်။ လုပ်လည်းလုပ်‌ဆောင်‌နေပါတယ်။ အခု ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်‌တွေ ပြန်လည်ပူး‌ပေါင်း လာတဲ့အတွက် ကျ‌နော်တို့ ကရင်အမျိုးသား အားလုံးအတွက် အင်အားဖြစ်တယ်။ နိုင်ငံ‌ရေး အတွက်လည်း အင်အားဖြစ်‌စေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၎င်းဘက်‌ပြောင်းလာ‌သော ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များကို ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်များနှင့်အဆင့်တန်းတူ ထားရှိသွားမှာဖြစ်သလို ၎င်းတို့၏ လုပ်‌ဆောင်ချက်များအ‌ပေါ် မူတည်၍ ထိုက်သင့်‌သော ရာထူး၊ တာဝန်များကို ‌ပေးအပ်သွားမည်ဟုလည်း ဒုဗိုလ်မှူးကြီး ‌စောဘူး‌ဖောက ဖြည့်စွက်‌ပြောဆိုသည်။

‌ကေအဲန်အယ်လ်‌အေ အဖြစ် ဘက်‌ပြောင်းလိုက်‌သော ၎င်းဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်အ‌ခြေစိုက် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး ‌စောလားပွယ် (ခ)နှုတ်ခမ်း‌မွှေး ဦး‌ဆောင်‌သော တပ်ဖွဲ့ဝင်များဖြစ်ကြသည်။

ဗိုလ်ချုပ်ကြီး ‌စောလားပွယ်ဦးစီးသည့် ဒီ‌ကေဘီ‌အေအဖွဲ့သည် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင် သဖြင့် အစိုးရတပ်မ‌တော်နှင့် တစ်နှစ်နီးပါး ပစ်ခတ်မှုဖြစ်ခဲ့ပြီး‌နောက် ၂၀၁၁ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာ ၁၅ရက်‌နေ့တွင် ပြုလုပ်သည့် (အဲန်စီ‌အေ) လက်မှတ်‌ရေးထိုးပွဲတွင် အခြား‌သော လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့နှင့်တူ လက်မှတ်‌ရေးထိုးထား‌သော အဖွဲ့ဖြစ်သည်။

ဒီ‌ကေဘီ‌အေနှင့် အစိုးရတို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ်-အဲန်စီ‌အေကို လက်မှတ်‌ရေးထိုးခဲ့ပြီး‌နောက် တပ်ရင်းမှူး ဦး‌ဆောင်ပြီး တပ်အင်အား ၂၁ဦး ဘက်‌ပြောင်းလာမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု KNLA ဘက်က ‌ပြောသည်။