Home သတင်း ကရင်လူငယ်အစည်းအရုံး၏ (၅)ကြိမ်‌မြောက် ညီလာခံကို ဖားအံခရိုင် ‌လေးဝါး၌ ကျင်းပမည်

ကရင်လူငယ်အစည်းအရုံး၏ (၅)ကြိမ်‌မြောက် ညီလာခံကို ဖားအံခရိုင် ‌လေးဝါး၌ ကျင်းပမည်

2228
ဇွန် ၈ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကရင်လူငယ်အစည်းအရုံး(KYO)၏ ငါးကြိမ်‌မြောက် ညီလာခံကို လာမည့် ဇွန်လ ၂ဝရက်မှ ၂၄ရက်‌နေ့အထိ ကရင်အမျိုးသားအ စည်းအရုံး-KNU၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ‌လေးဝါး(‌လော်ခီးလာ)စခန်း၌ ကျင်းပသွားမည်ဟု KYO အတွင်း‌ရေးမှူးဖြစ်သူ ‌စောအယ်ထူးစိုးက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

အဆိုပါ ညီလာခံ၌ KYO ၏ ဖွဲ့စည်းပုံများကို ပြန်လည်ပြင်ဆင်ဖြည့်စွက်မှုများ၊ ပြီးခဲ့သည့် (၄)နှစ်တာကာလ လှုပ်ရှား‌ဆောင်ရွက် ချက်များနှင့် ‌ရှေ့လုပ်ငန်းစဉ်များကို ပြန်လည်‌ဆွေး‌နွေးမှုအပြင် KYO ၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင်များကုို ပြန်လည် ‌ရွေး‌ကောက်တင်‌မြှောက်သွားမည်ဟု ‌စောအယ်ထူးစိုးက ယခုလို ‌ပြောသည်။

“ကျ‌နော်တို့အ‌နေနဲ့ ကျ‌နော်တို့ရဲ့ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ဖြည့်စွက်တာ၊ ‌နောက်ပြီး ‌လေးကြိမ်‌မြောက် ညီလာခံတုန်းက ချ မှတ်ခဲ့တဲ့ ‌ရှေ့လုပ်ငန်းစဉ်အရ ‌ကေဝိုင်အို ဗဟို၊ ခရိုင်၊ ဒုက္ခသည်စခန်းနဲ့ ပြည်ပ‌ရောက် KYO အဖွဲ့ဝင်‌တွေရဲ့ လှုပ်ရှားမှု‌တွေကို ပြန်လည်သုံးသပ်ကြမယ်။ ‌နောက်ပြီး လာမယ့် ‌ရှေ့လုပ်ငန်းစဉ်အတွက် ဘာ‌တွေ လုပ်‌ဆောင်သွားမလဲဆိုတာကို ချမှတ်သွား မယ်”ဟု ၎င်းက ‌ပြောဆိုသည်။

ယခု ညီလာခံတွင် KYO ဗဟိုနှင့် KNU ခရိုင်(၇)ခုမှ KYO လူငယ်ကိုယ်စားလှယ်များ မယ်လ၊ မယ်လအူး၊ မယ်ရာမို၊ အုန်းဖျန်၊ နို့ဖိုး၊ ဘမ့်ဒုံယန်း၊ ထမ်းဟင် စသည့်နယ်စပ်ဒုက္ခသည်စခန်း (၇)ခုမှ လူငယ်ကိုယ်စားလှယ် များ၊ ကိုရီးယားနိုင်ငံရာက် KYO ကရင်လူငယ်များနှင့် ပြည်တွင်းမှ ကရင်လူငယ်ကွန်ယက်-KYN ၏ လူငယ်ကိုယ်စားလှယ်အချို့လည်း တက်‌ရောက်ရန်ရှိသည် ဟု KYO က ဆိုသည်။

KYO ဗဟိုသည် ဖွဲ့စည်းပုံအရ ညီလာခံကို ‌လေးနှစ်တစ်ကြိမ် ကျင်းပရမည်ဖြစ်‌သော်လည်း ယခု ငါးကြိမ်‌မြောက်ညီလာခံကို အဖွဲ့ တွင်း အ‌ခြေအ‌နေများအရ ငါးနှစ်ကြာမှ ကျင်းပနိုင်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် (၄)ကြိမ်‌မြောက်ညီလာခံကို ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလ တွင် KNU ဖာပွန်ခရိုင်၌ ကျင်းပခဲ့သည်။

ယခင် (၄)ကြိမ်‌မြောက် ညီလာခံတွင် ဥက္ကဌအဖြစ် ‌စော‌ရောကီခူ့၊ ဒုဥက္ကဋ္ဌ ‌စောအယ်ကလူ‌စေးနှင့် အတွင်း‌ရေးမှူး ‌စောအယ်ထူးစိုး၊ အတွင်း‌ရေးမှူး(၁) ‌စောဂျက်ပစီ၊ အတွင်း‌ရေးမှူး (၂)‌နော်‌အေ‌ဘေ‌နေးဇာတို့ကို ညီလာခံတက်‌ရောက်သူများက လျှို့ဝှက်မဲ‌ပေးစနစ်ဖြင့် အသီးသီး‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြသည်။

KYO ကို အာဇာနည်‌ခေါင်း‌ဆောင် မန်းဘခိုင်၊ မန်းဝင်း‌မောင်နှင့် မန်း‌ကျော်စိန်တို့ ဦး‌ဆောင်ပြီး ၁၉၄၆ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ သို့‌သော် အဖွဲ့အတွင်း လူငယ်‌ခေါင်း‌ဆောင် အချင်းချင်းအကြား သ‌ဘောထားကွဲလွဲမှုများ ဖြစ်‌ပေါ်ခဲ့သဖြင့် အဖွဲ့၏ လှုပ်ရှားမှုရပ်တန့်သွားခဲ့သည်။ ယင်း‌နောက် KNU ကို အ‌ထောက်အကူပြုရန်နှင့် ကရင်မျိုးဆက်သစ် လူငယ်‌ခေါင်း‌ဆောင်များကို ‌မွေးထုတ်ရန် ရည်ရွယ်၍ ၁၉၈၉ ခုနှစ်၊ KNU ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် KYO ကို ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းခဲ့သည်။