Home ထိပ်တန်းသတင်း ကရင်လက်နက်ကိုင် သုံးဖွဲ့ ပြန်‌ပေါင်းစည်း‌ရေး လူထုဆန္ဒခံယူပွဲ ပြုလုပ်

ကရင်လက်နက်ကိုင် သုံးဖွဲ့ ပြန်‌ပေါင်းစည်း‌ရေး လူထုဆန္ဒခံယူပွဲ ပြုလုပ်

2093
ဇွန် ၁၈ ရက်၊ ၂၀၁၆ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်လက်နက်ကိုင် အဖွဲ့ သုံးဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုက‌ရေစီအကျိုးပြုကရင့် တပ်မ‌တော်(DKBA)နှင့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC)တို့ တစ်ဖွဲ့တည်း ပြန်‌ပေါင်းစည်း‌ရေး အတွက် ‌ကော့ကရိတ်မြို့နယ်၊ အင်းဖကြီးရွာ၊ ဘုန်း‌တော်ကြီး‌ကျောင်းခန်းမ၌ လူထုဆန္ဒခံယူပွဲကို ဇွန် ၁၇ ရက်‌နေ့တွင် ‌ဒေသခံများ ဦး‌ဆောင်ကာ ပြုလုပ်ခဲ့သည်။

‌ဒေသတွင်းရှိ ပြည်သူများ၏ ဆန္ဒနှင့်ပတ်သက်၍ ဆိုင်ရာလက်နက်ကိုင်အဖွဲ့များ သိရှိ‌စေရန် အဆိုပါ လူထု ဆန္ဒခံယူပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားတွင် လက်နက်ကိုင်အဖွဲ့များ ပြန်‌ပေါင်းစည်းရန် လိုလား‌ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်ဟု လူထုဆန္ဒခံယူပွဲ ဖြစ်‌မြောက်‌ရေး ဦး‌ဆောင်စီစဉ်သူ ‌ကော့ကရိတ်မြို့ နယ်‌တောင်ပိုင်းအ‌ခြေစိုက် သွီးလူမှုဖွံ့ဖြိုး‌ရေး ကွန်ရက်တာဝန်ခံ မန်းသိန်း‌ဇော်က ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ အခုလုပ်တဲ့ပွဲက ‌ဒေသခံလူထု‌တွေလုပ်တဲ့ပွဲ၊ လူထု‌တွေ ဖြစ်‌စေချင်တဲ့အရာကို ‌ဖော်ထုတ်တဲ့ပွဲ၊ လက်နက်ကိုင်‌ခေါင်း‌ဆောင်‌တွေ လူထုရဲ့သ‌ဘောထားကို သိဖို့လူထုအသံကို ‌ဖော်ထုတ်တဲ့ ပွဲဖြစ်တယ်။ သူတို့ ‌ပြောတာကိုလည်း အားလုံးမှတ်တမ်းယူထားတယ်။ ဒီမှာ တက်‌ရောက်တဲ့ လူထုအားလုံးက ‌ပေါင်းသင့်တယ်။ ‌ပေါင်းရမယ်။ အဲလိုတစ်သံတည်းပဲ ‌ပြောကြတာ ‌တွေ့ရတယ်”ဟု မန်းသိန်း‌ဇော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

နံနက် ၁ဝ မှ ၁၂ ရီ‌ကျော်အထိ ပြုလုပ်ခဲ့သည့် ယင်းဆန္ဒခံယူပွဲတွင် တက်‌ရောက်လာသူများက ကရင့်လက် နက်ကိုင်အဖွဲ့များ တစုတစ်စည်းတည်း အမျိုးသား‌ရေးလုပ်‌ဆောင်‌နေသည်ကို လိုလား‌ကြောင်း၊ KNU ၏ မူဝါဒ လုပ်ငန်းစဉ်‌အောက်တွင် အတူတကွလုပ်ကိုင်ကာ ငြိမ်းချမ်း‌ရေးအတွက် လက်မှတ်ထိုးရာတွင်လည်း တဖွဲ့တည်း ထိုးရန် လိုလား‌ကြောင်း အခမ်းအနားတက်‌ရောက်လာသည့် ‌ဒေသခံများက ‌ဆွေး‌နွေးခဲ့ကြသည်။

အခမ်းအနားတက်‌ရောက်သည့် ‌ကော့ကရိတ်မြို့နယ်၊ ‌တောင်ပိုင်းမှ လူထု‌ခေါင်း‌ဆောင်တဦးဖြစ်သူ မန်းမြ‌အေးက “လူထုဟာ လက်နက်ကိုင်အဖွဲ့‌တွေရဲ့ မိခင်လည်း ဖြစ်တယ်။ လက်‌အောက်ခံလည်း ဖြစ်တယ်။ အဲဒီ‌တော့ လက်နက်ကိုင်‌တွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့သူ့လမ်းစဉ်၊ သူ့မူဝါဒနဲ့သွားပြီး တချို့‌တွေက မှန်တာ၊ မှားတာ မသိတဲ့အခါ လူထု‌တွေကအင်မတန်မှ စိတ်ဆင်းရဲစရာဖြစ်တယ်။ ပြီး‌တော့ ဥပ‌ဒေစိုးမိုးနိုင်ဖို့ ဒီ‌ဒေသမှာ အများကြီး လိုအပ်တဲ့ အခါကျ‌တော့ ကရင်လက်နက်ကိုင်‌တွေ မူဝါဒတစ်ခုတည်း မလုပ်ရင် လူထု‌တွေ ဘယ်‌တော့မှ ဘဝလုံခြုံမှု မရှိဘူး။ ကျ‌နော်တို့‌တွေ ဒီလိုခံစားရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လူထုဆန္ဒခံယူပွဲသို့ ‌ဒေသတွင်း လက်နက်ကိုင်များ၏ ‌ကောင်းကျိုး၊ ဆိုးကျိုးဒဏ်ကို ခံစားခဲ့ရသည့် ‌ဒေသခံ အများစု တက်‌ရောက်ခဲ့သလို ‌ဒေသအတွင်းရှိ ကရင်လက်နက်ကိုင် အဖွဲ့များမှ မိသားစုဝင်များ အပါအဝင် လူဦး‌ရေ ၁,၀၀ဝ ‌ကျော် တက်‌ရောက်ခဲ့သည်။

လက်ရှိတွင် KNU၊ DKBA၊ KNU/KNLA-PC တို့ပါဝင်သည့် ကရင့်လက်နက်ကိုင်အဖွဲ့များ ညီညွတ်‌ရေး ‌ကော်မတီကို ဖွဲ့စည်းထားပြီး ‌ကော်မတီအ‌နေဖြင့် တဖွဲ့တစည်း ပြန်လည်‌ပေါင်းစည်း‌ရေးအတွက် လုပ်‌ဆောင် မည်ဟု ‌ပြောဆိုထားသည်။