Home သတင်း ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့ကို ‌ဒေသတွင်း လူထု ၃၀ဝ ‌ကျော် ပူး‌ပေါင်းပါဝင်

ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့ကို ‌ဒေသတွင်း လူထု ၃၀ဝ ‌ကျော် ပူး‌ပေါင်းပါဝင်

2174
ဇွန် ၅ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ဇွန်(၅)ရက်‌နေ့တွင် ကျ‌ရောက်သည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့ (World Environment Day)ကို ကရင်အမျိုးသားအစည်းအရုံး-KNUနယ်‌မြေ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ‌စေဖိုးခီး‌ကျေးရွာ၌ ကျင်းပခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) သစ်‌တောဌာန၊ လူမှုအဖွဲ့အစည်းများနှင့် ‌ဒေသခံ လူထုုများအပါအဝင် ၃၀ဝ ‌ကျော် ပူး‌ပေါင်းပါဝင်ခဲ့ကြသည်။

ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးလှုပ်ရှားမှုကွန်ယက်-KESAN နှင့် ကရင်ပညာ‌ရေးဌာန-KED တို့မှ အဓိက ပူး‌ပေါင်းကျင်းပသည့် ယင်းအခမ်းအနားတွင် ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနမှဌာနမှူး ပဒိုမန်းဘထွန်းအပြင် နယ်‌မြေခံတာဝန်ရှိသူများ၊ ကရင်‌ကျောင်းသားကွန်ယက်-KSNG၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA ရဲ‌ဘော်အချို့နှင့် ‌ဒေသတွင်း စာသင်‌ကျောင်း‌ပေါင်း(၁၄) ‌ကျောင်းခန့်မှ ‌ကျောင်းသူ‌ကျောင်းသားများနှင့် ‌ကျောင်းသားမိဘများ တက်‌ရောက်ခြင်းဖြစ်သည်။

KESAN ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာ‌ပေး‌ရေး စီမံကိန်းတာဝန်ခံ ‌စောဆာဒိုးဒို့မူးက “ကျ‌နော်တို့ ဒီက ‌ကျောင်းသူ၊ ‌ကျောင်းသား‌တွေ၊ ‌ကျောင်းသားမိဘ‌တွေ၊ ‌ဒေသခံတာဝန်ရှိသူ‌တွေနဲ့ ‌ရှေးဘိုးဘွား‌တွေ အ‌မွေ‌ပေးခဲ့တဲ့ သစ်‌တောကြီး‌တွေကို သူတို့အ‌နေနဲ့ ထိန်းသိမ်း‌စောင့်‌ရှောက်ဖို့ ‌နောက်ပြီးသစ်‌တော‌တွေကို ပြင်ဆင် ပြုပြင် ‌ပြောင်းလဲဖို့အတွက်ဖြစ်တယ်။ သဘာဝပတ်ဝန်းကျင်ရဲ့ အ‌ရေးပါမှုကို သိလာလို့ရှိရင် ပြုပြင်‌ပြောင်းလဲမှု ကို လူမှုအသိုင်းအဝိုင်းနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပျံ့နှံ့ပြင်ဆင်လုပ်‌ဆောင်မယ်ကို ယုံတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌နေ့အခမ်းအနား မတိုင်ခင် ဇွန် ၄ရက်‌နေ့ညတွင် ယင်း‌ဒေသရှိ ‌ကျောင်းသား‌ကျောင်းသူများ၊ ‌ကျောင်းသားမိဘများအား သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သည့် ပညာ‌ပေးရုပ်ရုင် ပြသခြင်း၊ ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနမှ ဌာနမှူး ပဒိုမန်းဘထွန်းမှ ‌ကေအဲန်ယူ၏ သစ်‌တောမူဝါဒများ၊ ၎င်းတို့ရှာ‌ဖွေ‌တွေ့ရှိထားသည့် ‌တောရိုင်းတိရိစာ္ဆန်များနှင့် သစ်‌တော၏ အ‌ရေးပါမှု များကို ရှင်းလင်းချပြခဲ့ပြီး အခမ်းအနား ပြုလုပ်သည့် ဇွန် ၅ရက်‌နေ့ နံနက်တွင် သစ်‌တောထိန်းသိမ်း‌ရေးနှင့် သစ်‌တောပြုန်းတီးမှု ‌ဘေးထွက်ဆိုးကျိုးမှုများကို ချပြရှင်းသည့်အပြင် အခမ်းအနားအစီအစဉ်အပြီး၌ စု‌ပေါင်းသစ်ပင်များစိုက်ပျိုးခဲ့ကြသည်။

အခမ်းအနားသို့ တက်‌ရောက်လာသည့် ဝါ့မီကလား‌ကျေးရွာမှ ‌ကျောင်းသားမိဘတစ်ဦးဖြစ်သူ ‌စော‌ကျော်ဘ လက်က “အခုလို အစီအစဉ်မျိုး‌လေး‌တွေ ပညာ‌ပေး‌တွေကို ဒီထက်မက ကြိုးစားလုပ်‌ဆောင်‌ပေးရင် ကျ‌နော်တို့ အ‌နေနဲ့လည်း ကြိုးစားပြီး‌တော့ ဒီထက်မက သစ်ပင်‌တွေကိုပိုစိုက်ပျိုးပြီး ထိန်းသိမ်းကာကွယ်သွားမယ်။ တကယ်လို့ ကုမ္ပဏီ‌တွေကလာပြီး သစ်‌တွေထုတ်ယူတာမျိုးလုပ်ရင်လည်း တာဝန်ရှိသူ‌တွေနဲ့အတူ ကျ‌နော်တို့ ‌ဒေသခံ‌တွေအ‌နေနဲ့လည်း တားဆီကာကွယ်သွားမယ် ”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

လူမှုဘဝလုံခြုံ‌ရေးကို မြှင့်တင်‌ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း ဆိုင်ရာ ပညာ‌ပေး‌ရေးလုပ်ငန်းများကို လုပ်‌ဆောင်‌နေသည့် KESANအဖွဲ့မှ ဦး‌ဆောင်ပြီး ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့ကို ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေတွင် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့ကို ‌ကေအဲန်ယူ နယ်‌မြေအပြင် ဖားအံမြို့အပါအဝင် ပြည်တွင်း‌နေရာ အချို့တွင်လည်း ပြုလုပ်ကျင်းပခဲ့ကြသည်။

ဇွန်လ(၅)ရက်‌နေ့ကို ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့(WED)အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအ‌ထွေ‌ထွေညီလာခံမှ ၁၉၇၂ခုနှစ်တွင် လက်မှတ်‌ရေးထိုးထုတ်ပြန်ခဲ့ပြီး (၂)နှစ်အကြာ(၁၉၇၄)ခုနှစ်တွင် အ‌မေရိကန်နိုင်ငံမှ ကမ္ဘာ‌ပေါ်တွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သည်။