Home သတင်း KNU ‌မြေယာမူဝါဒများကို သိရှိနားလည်ရန် ကရင်ပြည်နယ် ‌ကျောက်တံခါး‌အောက်ရွာတွင် အလုပ်ရုံ‌ဆွေး‌နွေး

KNU ‌မြေယာမူဝါဒများကို သိရှိနားလည်ရန် ကရင်ပြည်နယ် ‌ကျောက်တံခါး‌အောက်ရွာတွင် အလုပ်ရုံ‌ဆွေး‌နွေး

2180

‌မေလ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ‌တောင်ငူခရိုင်ရှိ သစ်‌တောကြိုးဝိုင်း သတ်မှတ်ခံရ‌သော‌ဒေသများတွင် ‌ဒေသခံအတွက် KNU ‌မြေယာမူဝါဒများကို သိရှိနားလည်ရန် ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ် လိပ်သိုမြို့နယ်ခွဲ ‌ကျောက်တံခါး‌အောက်ရွာ၌ ‌မေလ ၁၂ရက်‌နေ့တွင် ခရိုင်သစ်‌တောနှင့် လယ်ယာ‌မြေ ဌာနတာဝန်ခံများက လယ်ယာ‌မြေဥပ‌ဒေနှင့် နည်းဥပ‌ဒေအလုပ်ရုံ‌ဆွေး‌နွေးပွဲ သွား‌ရောက်ပြုလုပ်ခဲ့သည်။

KNU ‌မြေယာမူဝါဒများကို ၎င်း‌ဒေသရှိ ‌ဒေသခံများအ‌နေဖြင့် သ‌ဘော‌ပေါက်နားလည်ပြီး လက်ခံနိုင်ရန်၊ မိမိကိုယ်ပိုင်‌မြေနှင့် ဘိုးဘွားပိုင်‌မြေယာများကို မည်သို့ ကာကွယ်ရန် စသည်တို့ကို အ‌ခြေခံသ‌ဘောတရား အဖြစ် သိရှိထား‌စေလိုသည့်အတွက် သွား‌ရောက်ရှင်းပြ‌ပေးခြင်းဖြစ်သည်ဟု KNU ‌တောင်ငူခရိုင်မှ လယ်ယာ‌မြေဌာန အတွင်း‌ရေးမှူး ပဒို‌စော‌ဟေတလယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ဒေသခံ‌တွေ လုပ်ကိုင်စား‌သောက်တဲ့‌နေရာ‌တွေက သစ်‌တောကြိုးဝိုင်း ‌မြေဧရိယာထဲမှာ ရှိတယ်။ ထုတ်လို့ မရ‌သေးဘူး။ ‌ကော်သူး‌လေသစ်‌တောဌာနက‌နေ ပြည်သူ‌တွေ လုပ်ကိုင်စား‌သောက်တဲ့‌နေရာကို သစ်‌တောအဖြစ် က‌နေ ပယ်ဖျက်ရရင် ပယ်ဖျက်ပြီး လုပ်စားပိုင်ခွင့်‌ပေးလိုက်မယ်။ ဒီ‌ဒေသမှာရှိတဲ့ သူ‌တွေက ‌မြေယာ‌တွေကို တိုင်းချင်တယ်ဆိုရင် ကျ‌နော်တို့ဘက်က မှတ်ပုံတင်‌ပေးဖို့ လာတိုင်း‌ပေးမယ်။ ‌မြေဂရမ်‌တွေ ထုတ်‌ပေးဖို့အတွက် ‌ပြောပြသွားတယ်”ဟု ၎င်းက ‌ပြောသည်။

အလုပ်ရုံ ‌ဆွေး‌နွေးပွဲတွင် KNU ‌မြေယာမူဝါဒနှင့် လယ်ယာ‌မြေဥပ‌ဒေများအပြင် သဘာဝသယံဇာတ ထိန်းသိမ်းခြင်းနှင့် KNU မှ ထုတ်‌ပေးလျှက်ရှိသည့် လယ်ယာ‌မြေဂရမ်ပုံစံတို့ကို ‌ဒေသခံများအား ချပြ‌ဆွေး‌နွေးခဲ့သည်ဟုလည်း KNU ‌တောင်ငူခရိုင်မှ လယ်ယာ‌မြေဌာနက ‌ပြောဆိုသည်။
13225166_691704457636870_1174608649_o
အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ သစ်‌တောကြိုးဝိုင်းဧရိယာအတွင်းရှိကြသည့် ‌ကျောက်တံခါး၊ ‌ကျောက်ချီး‌တောင်၊ မင်းလန်း‌တောင်၊ တာနိတိုက် စသည့် ‌ကျေးရွာအုပ်စုများမှ ‌ကျေးရွာ‌ပေါင်း ၁၂ရွာမှ ကိုယ်စားလှယ် ၇ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲ တက်‌ရောက်သည့် ‌ကျောက်တံခါး‌ကျေးရွာမှ ‌စောကလူ‌ထော်က “ကျ‌နော်တို့‌ဒေသခံ‌တွေက လုပ်ကိုင်စား‌သောက်ဖို့ ‌နေရာဆိုလို့ ဒီ‌နေရာပဲရှိတယ်။ ဒီလိုပဲ ခုတ်ရှင်းပြီး လုပ်ကိုင်စား‌သောက်‌နေကြတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ဒါ‌ပေမယ့် KNU က ‌မြေဂရမ်‌တွေထုတ်‌ပေးမယ်၊ လွတ်လပ်စွာ လုပ်ကိုင်စား‌သောက် နိုင်ပြီး သစ်‌တောကြိုဝိုင်းဧရိယာလို့ သတ်မှတ်တာ မဟုတ်ရင်‌တော့ လိုချင်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လိပ်သိုမြို့‌မြောက်ဘက်ရှိ ၎င်း‌ဒေသတွင် ယခင်ကိုလိုနီလက်ထက်ကတည်းကပင် သစ်‌တောကြိုဝိုင်းဧရိယာ အဖြစ် သတ်မှတ်ထားခြင်းခံရပြီး ‌ကျေးရွာအများစု ‌ဒေသခံများသည် မည်သည့် ‌မြေဂရမ်ပိုင်ဆိုင်မှု လုပ်ထားခြင်း မရှိခဲ့‌ကြောင်းနှင့် လက်ရှိအချိန်တွင် လယ်ယာ‌မြေပြဿနာတစုံတရာ မရှိ‌သော်လည်း လုပ်ကိုင်စား‌သောက် ‌နေထိုင်သည့် ‌နေရာများသည် လုပ်ကိုင်သူ၏ တရားဝင်ပိုင်ဆိုင်ထားခြင်းဖြစ်သည်ဟု ‌ဒေသခံများက ခံယူလျှက်ရှိ‌ကြောင်း သိရသည်။