Home ထိပ်တန်းသတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ အ‌ထောက်အကူပြုနိုင်မည့် တိုင်းရင်းသား‌ရေးရာ မူဝါဒမူကြမ်း(၉)ခု အ‌ချောသတ်‌ဆွေး‌နွေးပြီးစီး

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ အ‌ထောက်အကူပြုနိုင်မည့် တိုင်းရင်းသား‌ရေးရာ မူဝါဒမူကြမ်း(၉)ခု အ‌ချောသတ်‌ဆွေး‌နွေးပြီးစီး

1880

‌မေလ ၃၁ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ဖက်ဒရယ်ပြည်‌ထောင်စုစနစ် ‌ပေါ်ထွန်း‌ရေးအတွက် လာမည့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ၌ ကိုင်စွဲသွားနိုင်မည့် တိုင်းရင်းသား‌ရေးရာမူဝါဒ (မူကြမ်း) ၉ခုကို အ‌ချောသတ်‌ဆွေး‌နွေးခဲ့သည့် ပြည်တွင်း၊ ပြည်ပတိုင်းရင်းသား အဖွဲ့အစည်းများ ပါဝင်‌သော အလုပ်ရုံ‌ဆွေး‌နွေးပွဲ တစ်ခုကို ‌မေလ ၂၉ရက်မှ ၃ဝရက်‌နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို တိုင်းရင်းသားလူမျိုးများ‌ရေးရာစင်တာ (The Ethnic Nationalities Affairs Center-ENAC)မှ ကမကထပြု ကျင်းပ‌ပေးခြင်းဖြစ်ပြီး နှစ်ရက်‌ဆွေး‌နွေးမှု၌ မူဝါဒ မူကြမ်း(၉)ခုအ‌ပေါ် ယခင်‌ဆွေး‌နွေးလာခဲ့သည့် ‌ဆွေး‌နွေးချက် များအတိုင်း လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှု အချို့ပြုလုပ်ခဲ့ကြပြီး အတည်ပြုချက်အချို့လည်း ရယူနိုင်ခဲ့သည်ဟု ကိုယ်တိုင် ပါဝင်ခဲ့သူ ကရင်အမျိုးသားအစည်းအရုံး-KNU ၏ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ပြန်လည် ပြင်ဆင်ဖြည့်စွက်တဲ့အပို်င်း‌တွေတစ်ချို့ရှိပါတယ်။ ကနဦးစပြီး‌တော့မှ ENAC ပြင်ဆင်‌ရေးဆွဲကတည်းက အားလုံးရဲ့ အကြံပြုချက်‌တွေ ကျ‌နော်တို့ရဲ့ ပါဝင်မှု‌တွေက ရှိထားပြီးသားဆို‌တော့ ဒီအ‌ပေါ်မှာ ပြန်လည်ပြင်ဆင်ဖြည့်စွက်တဲ့‌နေရာမှာ သိပ် ကွဲလွဲမှုမရှိပါဘူး။ ‌ဆွေး‌နွေးပွဲရဲ့‌နောက်ဆုံးအ‌ခြေအ‌နေအရ‌တော့ ဒီမူဝါဒအ‌ပေါ်မှာပဲ အ‌ခြေခံပြီး‌တော့မှ ဖြစ်လာမယ့် နို်င်ငံ‌ရေး ‌ဆွေး‌နွေး‌ရေး ပုံကို လိုအပ်သလို ချဉ်းကပ်‌ဆောင်ရွက်သွားဖို့လိုတယ်”ဟု ၎င်းက ‌ပြောသည်။

အဆိုပါ မူဝါဒ(မူကြမ်း) ၉ခုမှာ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လယ်ယာ‌မြေ၊ အခွန်‌ကောက်ခံခြင်း၊ သဘာဝသယံ ဇာတ၊ ဒုက္ခသည်များ အ‌ရေး၊ လူသားချင်း စာနာ‌ထောက်ထားမှုဆိုင်ရာနှင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စသည့်အချက်များဖြစ်ပြီး ၂၀၁၄ခုနှစ်မှ စတင်ကာ လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ EAOs၊ ပြည်တွင်းရှိတိုင်းရင်းသားနိုင်ငံ‌ရေးပါတီ ၁၂ဖွဲ့၊ တိုင်းရင်းသားလူ ထုအ‌ခြေပြုအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ ပြုလုပ်‌သော အလုပ်ရုံ‌ဆွေး‌နွေးပွဲများမှ ထွက်‌ပေါ်လာသည့်မူဝါဒ ဖြစ်သည်။

၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ပြည်တွင်းမှ စည်းလုံးညီညွတ်‌သောလူမျိုးများမဟာမိတ်အဖွဲ့ချုပ်(UNA)မှ ကိုယ်စားလှယ်များ၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌ခေါင်း‌ဆောင်များ၊ ပညာရှင်အချို့နှင့် ပြည်တွင်း၊ ပြည်ပအရပ်ဘက်အဖွဲ့အစည်းများ စသည့် အဖွဲ့‌ပေါင်း ၃၀‌ကျော်မှ ကိုယ်စားလှယ်‌ပေါင်း ၆ဝခန့် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲ၌ ပါဝင်ခဲ့သူ မြန်မာနိုင်ငံ‌ကျောင်းသားလူငယ်များကွန်ယက်-SYCB အတွင်း‌ရေးမှူးအဖွဲ့ဝင် ကို‌ကျော်မင်းထိုက် က“ကျ‌နော်တိုု့ကို အင်အားစုတစ်ခုအ‌နေနဲ့ အမြဲဖိတ်တယ်။ ကျ‌နော်တို့ အားရပါတယ်။ ဘာဖြစ်လဲဆို‌တော့ ‌တော်‌တော်‌လေး စုံစုံလင်လင် သူတို့လုပ်ထားတာ‌လေ။ ပြီးရင် ဒီဘက်က လက်နက်ကိုင် တိုင်းရင်းသား EAOs နဲ့လည်း အချိန်ယူ ညှိနှိုင်းထားတာ ဆို‌တော့ ‌တော်‌တော်‌လေး ပြည့်ပြည့်စုံစုံပုံစံ‌လေး ရလာတာ‌ပေါ့။ ကျ‌နော်တို့ရဲ့ ပါဝင်မှုကလည်း တစ်စုံတစ်ရာရှိ‌တော့ ဒီမူဝါဒက ကျ‌နော်တို့ မူဝါဒလို့ပဲ သ‌ဘောထားပါတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

တိုင်းရင်းသားလူမျိုးများ‌ရေးရာစင်တာ (The Ethnic Nationalities Affairs Center-ENAC)မှ ကမကထပြုပြီး ENAC၊ KNU နှင့် ကရင်အရပ်ဖက် လူမှုအဖွဲ့အစည်းတို့ပါဝင်သည့် အလားတူ ‌ဆွေး‌နွေးမှုမျိုးကို ပြီးခဲ့သည့် ‌မေလ ၁၂ရက်‌နေ့တွင်လည်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းများတွင် အ‌ထောက်အကူ‌ပေးရန်အတွက် လွတ်လပ်‌သော အရင်းအမြစ်နှင့် ပညာ‌ပေး‌ရေးဆိုင်ရာဌာနတစ်ခုအဖြစ် ရပ်တည်လှုပ်ရှားရန် ရည်ရွယ်ကာ ENAC ကို ၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် စတင် တည် ‌ထောင်ခဲ့သည်။