Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် အ‌ထောက်အကူပြုနိုင်ရန် တိုင်းရင်းသား‌ရေးရာမူဝါဒကြမ်း ၉ ခုကို သုံးသပ်‌ဆွေး‌နွေး

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် အ‌ထောက်အကူပြုနိုင်ရန် တိုင်းရင်းသား‌ရေးရာမူဝါဒကြမ်း ၉ ခုကို သုံးသပ်‌ဆွေး‌နွေး

1626

‌မေလ ၁၃ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ဖက်ဒရယ်ပြည်‌ထောင်စုစနစ်‌ပေါ်ထွန်း‌ရေးအတွက် ပြုလုပ်မည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ၌ အ‌ထောက်အကူ အပြုနိုင်ရန် ‌ရေးဆွဲထားသည့် တိုင်းရင်းသား‌ရေးရာမူဝါဒကြမ်း(မူကြမ်း) ၉ခုကို တိုင်းရင်းသားလူမျိုးများ ‌ရေးရာစင်တာ(ENAC)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ကရင်လူမှုအဖွဲ့ အစည်းတို့က ‌မေလ ၁၂ ရက်‌နေ့က ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် ‌တွေ့ဆုံပြီး သုံးသပ်‌ဆွေး‌နွေးခဲ့ကြသည်။

ENAC မှ ကမကထပြု၍ စီစဉ်ခဲ့သည့် အဆိုပါ ‌တွေ့ဆုံပွဲတွင် သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းတို့ ‌ရေးဆွဲထားသည့် မူကြမ်း (၉) ခုအ‌ပေါ် တိုင်းရင်းသားများ၏ ဘုံလိုလားချက်တစ်ခုရရှိလာ‌ရေးအတွက် ရည်ရွယ်လုပ်‌ဆောင်ခြင်းဖြစ်‌ကြောင်း ENAC မှ Program Manager ကို‌ယောထုန်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီမူကြမ်းက အားလုံးပါဝင်‌ရေးမူကို အ‌ခြေခံပြီး တိုင်းရင်းသားအားလုံး(လက်မှတ်ထိုးတဲ့အဖွဲ့‌ရော မထိုးတဲ့ အဖွဲ့)ရဲ့ ဘုံလိုလားချက်‌တွေ ပါဝင်လာ‌အောင် လုပ်‌ဆောင်ခြင်းဖြစ်တယ်။ လာမယ့်နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ ‌တွေမှာ ဒီမူဝါဒ‌တွေဟာ တိုင်းရင်းသား‌တွေဘက်က ကိုင်ထားမယ့် မူဝါဒ‌တွေဖြစ်ပြီး ဖွဲ့စည်းပုံမှာ ဒီမူဝါဒ‌တွေ ပါသွားဖို့ ဖြစ်တယ်”ဟု ၎င်းက ‌ပြောသည်။

တိုင်းရင်းသားများဘက်မှ ‌ရေးဆွဲထားသည့် ယင်းမူဝါဒကြမ်းများသည် ၂၀၁၄ ခုနှစ်မှစတင်ကာ လက်နက် ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ EAOs၊ ပြည်တွင်းရှိ တိုင်းရင်းသားနိုင်ငံ‌ရေးပါတီ ၁၂ ဖွဲ့၊ တိုင်းရင်းသား လူထုအ‌ခြေပြုအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများပြုလုပ်‌သော အလုပ်ရုံ‌ဆွေး‌နွေးပွဲများမှ ထွက်‌ပေါ် လာသည့် မူဝါဒဖြစ်သည်။
DSC_0026
မူကြမ်းတွင် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ ‌မြေယာ၊ သဘာဝ သယံဇာတ၊ စိုက်ပျိုး‌ရေး၊ ပြည်တွင်း‌နေရပ်စွန့်ခွာ တိမ်း‌ရှောင်သူ( IDPs)နှင့် ဒုက္ခသည်ဆိုင်ရာ၊ လူသားချင်း စာနာ‌ထောက်ထားမှုအကူအညီ၊ အခွန်‌ကောက်ခံခြင်း၊ ကုန်သွယ်‌ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာမူဝါဒတို့ ပါဝင်‌ကြောင်း သိရသည်။

မဲ‌ဆောက်တွင် ပြုလုပ်သည့် ၎င်း‌တွေ့ဆုံပွဲတွင် KNU အပါအဝင် ကရင်လူမှုအဖွဲ့အစည်းများဖြစ်သည့် KWO၊ KYO၊ CIDKP၊ KSNG၊ KHRG၊ BPHWT၊ BMA၊ MTC၊ KDHW၊ FTUK၊ KESAN၊ KED၊ KRC တို့မှ ကိုယ်စား လှယ်များက တစ်ဖွဲ့ချင်းစီ အဖွဲ့ခွဲကာ သုံးသပ်၊ ‌ဆွေး‌နွေးဖြည့်စွက်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

‌တွေ့ဆုံပွဲ တက်‌ရောက်သည့် ကရင်ပညာ‌ရေးဌာန KED မှ တာဝန်ခံပဒို‌စောလား‌စေးက “ကျ‌နော်တို့ KNU မှာလည်း သက်ဆိုင်ရာမူဝါဒ ‌တွေ ရှိတယ်။ အခုလုပ်တာကလည်း တိုင်းရင်းသား‌တွေ အားလုံးရဲ့ ဘုံလိုလားချက်‌တွေရ‌အောင် လုပ်ခြင်းဖြစ်တဲ့အတွက် ကျ‌နော်တို့တင်ပြတဲ့ လိုလားချက်‌တွေဟာ ဒီအထဲမှာ ပါသွားရင် စည်းလုံးမှုပိုရှိပြီး ပိုအား‌ကောင်းလာမယ်။ စည်းလုံးမှုပိုရှိလာရင် ကျ‌နော်တို့ လိုလားချက်‌တွေ အတွက် စကား‌ပြောတဲ့ အခါမှာလည်း ပိုပြီး‌လေးနက်မှုရှိလာမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါမူကြမ်းများကို လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းတစ်ခုချင်းစီ၏ သက်ဆိုင်ရာ နယ်‌မြေများသို့ သွား‌ရောက်ကာ ‌ဆွေး‌နွေးအကြံပြုချက်များကို ရယူထားသလို ‌မေလ ၁၄ ရက်‌နေ့တွင် သျှမ်းပြည်ပြန်လည် ထူ‌ထောင်‌ရေး‌ကောင်စီ/ရှမ်းပြည်တပ်မ‌တော်(RCSS/SSA)အပြင် ၎င်းနှင့် သက်ဆိုင်သည့် လူမှုအဖွဲ့အစည်း များနှင့် ထပ်မံ‌တွေ့ဆုံပြီး‌နောက် ‌မေလ ၂၉ နှင့် ၃ဝ ရက်‌နေ့တွင် မူဝါဒကြမ်း (၉)ခု စလုံးကို အ‌ချောသတ် သွားမည်ဖြစ်‌ကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးများ‌ရေးရာစင်တာ ENAC ကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စတင်တည်‌ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ငြိမ်းးချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းများတွင် အ‌ထောက်အကူ‌ပေးရန်အတွက် လွတ်လပ်‌သော အရင်းအမြစ်နှင့် ပညာ‌ပေး‌ရေးဆိုင်ရာဌာနတစ်ခုအဖြစ် ရတည်လှုပ်ရှား‌နေ‌ကြောင်း သိရသည်။