Home သတင်း ဝင်း‌ရော်‌ဒေသ ကရင်စာ‌ပေ (လိက်ထူ့လီ) အလယ်တန်း အဆင့်ဖတ်စာ မိတ်ဆက် သင်တန်းပြီးဆုံး

ဝင်း‌ရော်‌ဒေသ ကရင်စာ‌ပေ (လိက်ထူ့လီ) အလယ်တန်း အဆင့်ဖတ်စာ မိတ်ဆက် သင်တန်းပြီးဆုံး

2005

‌မေ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထွီမံထို‌ကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်းတွင် နယ်အသီးသီးမှ သင်တန်းသူသင်တန်းသားများကို ‌မေ လ ၁၃ရက်မှ ၂၃ရက်‌နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချ‌ပေးသည့် ဝင်း‌ရော်‌ဒေသ၏ (၆)ကြိမ်‌မြောက် ဖလုံလိက်ထူ့လီ (ပိုးကရင်စာ ‌ပေ)အလယ်တန်းအဆင့် ဖတ်စာသင် မိတ်ဆက် သင်တန်းဆင်းပွဲကို ‌မေလ ၂၄ရက်‌နေ့က ‌ကျောင်း၏ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ကရင်လူမျိုးများအတွက် ခိုင်မာသည့် စာ‌ပေတစ်ခုဖြစ်လာရန်နှင့် ‌ဒေသတစ်ခုနှင့်တစ်ခု မတူညီသည့် ‌ဝေါဟာရ အသုံးအနှုန်းများ ကို ဆန်းစစ်နိုင်ရန် ရည်ရွယ်ကာ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ မွန်ပြည်နယ်နှင့် တနသင်္ာရီ တိုင်း‌ဒေသကြီးတို့မှ သင်တန်းသူသင်တန်းသား ၂၂၃ဦးအား သင်တန်းဆရာ ၆၃ဦးမှ တစ်ပတ်‌ကျော်ကြာ သင်ကြားပို့ချ‌ပေးခဲ့ပြီး ‌နောက် ယင်းသို့ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းဆရာဖြစ်သူ ‌စော‌ယောင့်သာအဲဆန်က “‌ပြောင်းလဲလာမယ့် နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ပေါ်မူတည်ပြီး အစိုးရ‌ကျောင်းမှာ တိုင်းရင်းသား မိခင်စာ‌ပေ အလယ်တန်းအဆင့် သင်ကြားရမယ်လို့ ထုတ်ပြန်လာခဲ့ရင် ကျ‌နော်တို့ဘက်မှ အဆင်သင့်ဖြစ်‌အောင် ကြိုတင်လုပ်‌ဆောင်ထားတာ‌ပေါ့။ အခု ကျ‌နော်တို့ ‌ဆောင်ရွက်‌နေတဲ့စာ‌ပေက ပိုးကရင်တစ်မျိုးတည်း ရည်ရွယ်လုပ်‌ဆောင်‌နေ တာ မဟုတ်ဘူး‌နော်။ တစ်မျိုးသားလုံးကို ရည်ရွယ်ပြီး ‌ဆောင်ရွက်‌နေတာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
13296275_1541984539443072_846931674_n
သင်တန်းသားတစ်ဦးဖြစ်သူ တနသင်္ာရီတိုင်း‌ဒေသကြီး၊ ပု‌လောမြို့နယ်မှ ‌စောသာထိန်းက “ရွာမှာ ကရင်စာတတ်တဲ့လူက နည်း နည်းပဲ ရှိတယ်။ ဒီသင်တန်းပြီးရင် ရွာမှာကျန်‌နေတဲ့လူငယ်‌တွေကို ပြန်လည်ပြီးသင်‌ပေးသွားမယ်။ ကရင်ဒုံးအက‌တွေ‌ရော၊ တူရိ ယာ‌တွေလည်း သင်‌ပေးတယ်။ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးတဲ့ ရွာ‌တွေ သိလာတယ်။ နယ်စုံက သူငယ်ချင်းသစ်‌တွေလည်း ထပ် တိုးလာတယ်”ဟု ‌ပြောသည်။

ထို‌နေ့တွင် ပြုလုပ်သည့် (လိက်ထူ့လီ) မိတ်ဆက်သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုဥက္ကဋ္ဌ ‌စော ‌အေးမြ၊ ကရင်ရဟန်း‌တော်များအသင်း၊ သင်တန်းဆရာများနှင့် သင်တန်းသူသင်တန်းသားများ အပါအဝင် ပရိဿတ် ၅၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

အဆိုပါ(လိက်ထူ့လီ)အလယ်တန်းဖတ်စာ သင်တန်းတွင် ပထမတန်းမှ အဋ္ဌမတန်းအထိ ဖတ်စာများကို သင်ကြားပို့ချ‌ပေးသည့် အပြင် ကရင်ရိုးရာ ဒုံးအက၊ ရိုးရာ တူရိယာတီးခတ်မှုများကို အတန်းလိုက်ခွဲပြီး သင်ကြားပို့ချ‌ပေးခဲ့သည်ဟု သိရသည်။ လာမည့် နှစ်တွင် ပြုလုပ်မည့် ၇ကြိမ်‌မြောက် (လိက်ထူ့လီ) အလယ်တန်းဖတ်စာသင်တန်းကို မွန်ပြည်နယ်၌ ဆက်လက် ဖွင့်လှစ်သွားမည် ဟု သင်တန်းဆရာများက ‌ပြောသည်။