Home သတင်း ပြည်နယ်တွင်း တံတားများ ၂၄နာရီ စတင်ဖြတ်သန်းသည့်ညတွင် အခွန်မဲ့ပစ္စည်း တင်‌ဆောင်‌သော ကား ၁၁စီး ဖမ်းဆီးမိ

ပြည်နယ်တွင်း တံတားများ ၂၄နာရီ စတင်ဖြတ်သန်းသည့်ညတွင် အခွန်မဲ့ပစ္စည်း တင်‌ဆောင်‌သော ကား ၁၁စီး ဖမ်းဆီးမိ

2749

‌မေလ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်အတွင်း တံတားများ ၂၄နာရီ တရားဝင် စတင်ဖြတ်သန်းခွင့်ပြုသည့် ‌မေလ ၁၈ရက်‌နေ့ညပိုင်း၌ ထိုင်း-မြန်မာနယ် စပ် မဲ‌ဆောက်-မြဝတီမှ အ‌ကောက်ခွန်မဲ့ ကုန်ပစ္စည်းများ တင်‌ဆောင်လာသည့် ဆယ့်နှစ်ဘီး ကုန်တင်ကား ၁၁စီးကို ဖားအံမြို့ နယ်၊ ‌ကော့ကျိုက်‌ကျေးရွာ ဂျိုင်းဇာသပြင်တံတား လမ်းဆုံအနီး၌ ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ‌ကြောင်း သိရသည်။

အဆိုပါ အ‌ကောက်ခွန်မဲ့ ကုန်ပစ္စည်းတင်‌ဆောင်လာသည့် ကားများကို ကရင်ပြည်နယ် ရဲတပ်ဖွဲ့၏ ကြိုတင် သတင်းရရှိထားချက် အရ တံတားများ ၂၄နာရီ ဖြတ်သန်းခွင့်ပြုသည့် ‌မေလ ၁၈ရက်ည (အချိန်အားဖြင့် နံနက် ၁နာရီခွဲ)တွင် သွား‌ရောက်ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်ဟု ယင်းဖမ်းဆီးမှုကို ဦး‌ဆောင်ခဲ့သည့် ရဲအုပ်လွင်ခိုင်‌အေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ ဖမ်းဆီးရမိတဲ့ ကားနဲ့ ယာဉ်‌မောင်း၊ ယာဉ်‌နောက်လိုက်‌တွေကို ပြည်နယ်ရဲဌာနဝင်းထဲမှာ ထိန်းသိမ်းထားတယ်။ သူတို့ကို အ‌ရေးယူမှုပြုဖို့ ပြည်နယ်အစိုးရရဲ့လမ်းညွှန်ချက်အတိုင်း စစ်‌ဆေး‌ရေးဘုတ်အဖွဲ့ ဖွဲ့သွားမယ်။ အဲဒီဘုတ်အဖွဲ့က‌နေပြီး ပစ္စည်း၊ ပစ္စည်းပိုင်ရှင်နဲ့ ယာဉ်‌နောက်ပါသူ‌တွေကို စစ်‌ဆေး အ‌ရေးယူသွားမယ်”ဟု ရဲအုပ် လွင်ခိုင်‌အေးက ‌ပြောဆိုသည်။

ဖမ်းဆီးထိန်းသိမ်းထားသည့် ကုန်တင်ကားများသည် ဖားအံ၊ ‌မော်လမြိုင်၊ မန္တ‌လေး၊ ရန်ကုန် စသည့်မြို့များသို့ ကုန်ပစ္စည်းများကို သယ်ယူပို့‌ဆောင်လျှက်ရှိပြီး ယခင်ကာလကလည်း အလားတူ ဖြတ်သန်းသွားလာ‌နေ‌သော ကားများဖြစ်‌ကြောင်း သိရသည်။

လက်ရှိ ဖားအံမြို့ ပြည်နယ်ရဲဌာနတွင် ထိန်းသိမ်းခံရသည့် ယာဉ်‌မောင်းဖြစ်သူ ‌စော‌ကော်ထူးက “ဒီလို ကား‌တွေကို ကျ‌နော်တို့ ပုံမှန် ‌မောင်းခဲ့တယ်။ ဒီတစ်ခါ မြဝတီက‌နေ စထွက်တယ်။ ကုန်သွယ်‌ရေးဇုံကို ဖြတ်တယ်။ ကျုံဒိုး-ဂျိုင်းတံတား ဖြတ်တယ်။ အဲဒီ ‌နေ့က တံတား‌တွေ ၂၄နာရီဖွင့်တယ် သိရ‌တော့ လမ်းမှာ‌မောင်းလာရင်း အခုလို အဖမ်းခံရတာ‌ပေါ့။ အခု စစ်‌ဆေးမှု‌တွေ မလုပ် ‌သေးအတွက် ကားနဲ့အတူ ကျ‌နော်တို့ ‌စောင့်‌နေရပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ်ရဲဌာန၏ ကနဦး ‌မေးမြန်းထားချက်အရ ဖမ်းဆီးထိန်းသိမ်းထား‌သော ကုန်တင်ကားထဲတွင် အ‌ကောက်ခွန်မဲ့ပစ္စည်းများ ပါဝင်သလို သတ်မှတ်ကုန်ချိန်ထက် ပိုမိုသယ်‌ဆောင်‌သော ကုန်ပစ္စည်းများ၊ အခွန်စာရွက်စာတမ်းပါ တင်‌ဆောင်ခွင့်မပြုသည့် ကုန်ပစ္စည်းများလည်း ပါဝင်သည်ဟု ယာဉ်‌မောင်းများက ထွက်ဆိုထား‌ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်-မြဝတီမှ အ‌ကောက်ခွန်မဲ့ ပစ္စည်းများ သယ်‌ဆောင်‌သော ကားများသည် ယခင် အစိုးရများ လက် ထက်ကတည်းက ကရင်ပြည်နယ်ရှိ တံတားများကို အချိန်အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့်ပြုလုပ်ထားပြီး ယခု အရပ်သားအစိုး ရလက်ထက်တွင် ၂၄နာရီ တရားဝင် ဖြတ်သန်းခွင့်သည့် အစပိုင်းမှာပင် အဆိုပါကားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။