Home သတင်း ‌သောက်‌ရေခပ်-၂ ‌ရေကာတာ‌ကြောင့် မြှုပ်သွားသည့် ပလက်ဝတံတား အမြန်ဆုံး ပြန်‌ဆောက်‌ပေး‌စေလို

‌သောက်‌ရေခပ်-၂ ‌ရေကာတာ‌ကြောင့် မြှုပ်သွားသည့် ပလက်ဝတံတား အမြန်ဆုံး ပြန်‌ဆောက်‌ပေး‌စေလို

2269

‌မေ ၃ ရက်၊၂၀၁၆ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ ‌ဘောဂလိမြို့နယ်ခွဲတွင် ‌သောက်‌ရေခပ်-၂ ‌ရေအားလျှပ်စစ်‌ရေကာတာ စီမံကိန်း‌ကြောင့် ‌ရေမြှုပ်သွားရသည့် ပလက်ဝ‌ချောင်းတံတားကို အသစ်ပြန်လည်‌ဆောက်‌ပေးခြင်းမရှိ‌သေးသဖြင့် အမြန်ဆုံး တည်‌ဆောက်‌ပေး‌စေလို‌ကြောင်း ‌ဒေသခံများက ‌မေ ၂ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ‌သောက်‌ရေခပ်-၂ ‌ရေကာတာ ပိတ်‌လှောင်ခံရ၍ ပလက်ဝ‌ချောင်းတံတားနှင့် ဥယျာဉ်ခြံ အ‌မြောက်အများ ဆုံးရှုံးပျက်စီးခဲ့သည့်အတွက် ယင်းအစား တံတားအသစ်နှင့် ဥယျာဉ်ခြံ‌မြေများကို ပြည်လည် တည်‌ဆောက်‌ပေးမည်ဟု တာဝန်ရှိသူများက ‌ပြောဆိုခဲ့‌သော်လည်း ယ‌နေ့အထိ မတည်‌ဆောက်‌သေးသဖြင့် ‌ဒေသခံများ သွားလာ‌ရေးအခက်အခဲကြုံ‌နေရသည်ဟု ‌ဘောဂလိမြို့ခံဖြစ်သူ ‌စောအယ်‌ကော်က ‌ပြောသည်။

“တံတား‌ရေမြှုပ်သွားတာ ကြာပြီ။ အခုထိ လာမ‌ဆောက်‌ပေးဘူး။ တစ်ဖက်ကမ်းကို သွားလို့ရ‌အောင် ကုမ္ပဏီက ဇက်အကြီးနဲ့ ကူး‌ပေးတယ်။ ဘယ်အဆင်‌ပြေမလဲ၊ ကျ‌နော်တို့ ကူးသန်း‌ရောင်းဝယ်လုပ်ရတာ အရမ်းခက်ခဲတယ်။ တံတားမရှိ‌တော့ သွားချင်တဲ့ အချိန်သွားလို့ မရဘူး။ သူတို့ ဇက်တစ်ခါကူးရင် အကြာကြီး ‌စောင့်ရတယ်။ ‌နေလည်း အရမ်းပူ‌တော့ အရိပ်ခိုမယ့် ‌နေရာမရှိဘူး။ ကျ‌နော်တို့ကို ဒုက္ခ‌ပေးတုန်းပဲ။ တံတား မြန်မြန်‌ဆောက်‌ပေး ပါလို့ ပြန်‌တောင်းဆိုပါတယ်”ဟု ‌စောအယ်‌ကော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌သောက်‌ရေခပ်-၂‌ရေကာတာ တည်‌ဆောက်သည့်‌နေရာမှာ ပဲခူးတိုင်း‌ဒေသကြီး၊ ထန်းတစ်ပင်မြို့နယ်အတွင်း ဖြစ်‌သော်လည်း ပိတ်‌လှောင်ထားသည့် ‌ရေ‌ကြောင့် ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ် ‌သောက်‌ရေခပ် ‌ချောင်းနှင့် ဆက်ပြီး ‌ရေစီးဝင်‌သော ‌ချောင်းလက်တက်များမှ ‌ရေတက်ကာ ဥယျာဉ်ခြံများစွာ ‌ရေမြှုပ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်‌ပြောသည်။

ထို့အတူ ၎င်း‌ဒေသရှိ အရပ်ဖက်ကရင်လူမှုအ‌ခြေပြုအဖွဲ့မှ ‌မြေယာပြန်လည်ထိန်းသိန်း‌ရေးနှင့် သိမ်းဆည်းခံ‌မြေ ပြန်ရရှိ‌ရေး‌ကော်မတီ ဥက္ကဌ ‌စောဒိုထူးက “ပလက်ဝတံတားကို ဒီနှစ်မှာ တည်‌ဆောက်ဖို့ရှိတယ်လို့ Asia World ကုမ္ပဏီက တံတားကန်ထရိုက်လုပ်တဲ့ သူတစ်‌ယောက်က အလွတ်သ‌ဘော‌ပြောတာ ရှိတယ်။ တကယ့်အပြင်မှာ ‌ဆောက်ဖို့ အရိပ်အ‌ရောင်‌တောင် မ‌တွေ့ရ‌သေးဘူး။ တံတား‌ဆောက်ဖို့ ကျ‌နော်တို့ဦး‌ဆောင်ပြီး နှစ်‌ခေါက် ‌တောင်းဆိုဆန္ဒထုတ်‌ဖော်ခဲ့ဖူးတယ်။ သံ‌တောင်ကြီးမြို့နယ် အုပ်ချုပ်‌ရေးမှူးက‌တော့ ‌ဆောက်‌ပေး‌တော့မယ်လို ့ ‌ပြောတာပဲရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ရေကာတာစီမံကိန်း‌ကြောင့် အသိမ်းခံရသည့် ‌ဒေသခံအိမ်ခြံ‌မြေများ၊ ‌ရေမြှုပ်သွားသည့် ဥယျာဉ်ခြံ‌မြေ တို့ကို ပြန်လည်ရရှိရန်နှင့် ‌ရေမြှုပ်သွားသည့် ပလက်ဝတံတား‌ဆောက်လုပ်‌ပေးရန် ပြီးခဲ့သည့် ၂၀၁၄၊ ၂၀၁၅ ခုနှစ်တို့တွင် ‌ဒေသခံများက တစ်ကြိမ်စီ စု‌ပေါင်းဆန္ဒထုတ်‌ဖော်‌တောင်းဆိုထား‌ကြောင်း သိရသည်။

‌သောက်‌ရေခပ်-၂ ‌ရေကာတာမံကိန်းကို လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် Asia World (‌ခေါ်) ‌ရွှေစွမ်းအင်ကုမ္ပဏီတို့မှ ၂၀၀၆ခုနှစ်တွင် အကျိုးတူ ပူး‌ပေါင်းတည်‌ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ယင်း‌ရေကာတာကို ပိတ်‌သော‌ကြောင့် ‌ရေဝပ်ဧရိယာ ‌မြေဧက ၃ သိန်း‌ကျော်ရှိခဲ့သည်။ ထို‌ရေများသည် ‌ဒေသခံများ၏ လယ်ယာ၊ ဥယျာဉ်ခြံ အများအပြား ‌ရေနစ်မြှုပ်ခဲ့ရခြင်းဖြစ်‌ကြောင်း သိရသည်။