Home သတင်း ‌တော်လှန်‌ရေးအဖွဲ့များထုတ်‌ပေးသည့် ‌မြေယာပိုင်ဆိုင်ခွင့်ကို အစိုးရ အသိအမှတ်ပြုရန် KNU တိုက်တွန်း

‌တော်လှန်‌ရေးအဖွဲ့များထုတ်‌ပေးသည့် ‌မြေယာပိုင်ဆိုင်ခွင့်ကို အစိုးရ အသိအမှတ်ပြုရန် KNU တိုက်တွန်း

2006

‌မေ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များက အများပြည်သူအတွက် ထုတ်‌ပေးထားသည့် ‌မြေယာပိုင်ဆိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များကို ဆိုင်ရာ ပြည်နယ်အစိုးရတို ့က အသိအမှတ်ပြု‌ပေးရန်လိုသည်ဟု ရန်ကုန်မြို့၊ အလုံလမ်းရှိ၊ Summit Parkview ဟိုတယ်၌ ယ‌နေ ့ပြုလုပ်သည့် ‌မြေယာမူဝါဒ ထုတ်ပြန်ခြင်း အခမ်းအနား၌ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တွဲဖက် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက တိုက်တွန်း‌ပြောဆိုလိုက်သည်။

၎င်းက “ကျ‌နော်တို ့‌တောင်းဆိုချက်က‌တော့ လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းက‌နေ ပြည်သူလူထုကို ထုတ်ထား‌ပေးတဲ့ ‌မြေယာပိုင်ဆိုင်ခွင့်‌တွေကို သက်ဆိုင်ရာ ပြည်နယ်အစိုးရက အသိအမှတ်ပြုဖို့ လိုတယ်။ ဒါနဲ့ မပြီး‌မြောက်ပါဘူး။ မိမိပြည်နယ်အ တွင်းမှာ ‌မြေယာစီမံခန့်ခွဲတာတို့၊ ‌ဖြေရှင်းတာတို ့ယန္တရားကို‌ဖော်‌ဆောင်ဖို့ လိုတယ်။ ‌နောက်တချက်က‌တော့ တိုင်းရင်းသားများ ရဲ့ မိရိုးဖလာ‌မြေယာ ပိုင်ဆိုင်ခွင့် ဓ‌လေ့ထုံးတမ်း၊ ဥပ‌ဒေကို အသိအမှတ်ပြုဖို ့လိုပါလိမ့်မယ်”ဟု ‌ပြောသည်။

‌ကေအဲန်ယူအ‌နေဖြင့် တိုင်းရင်းသားပြည်သူများ ‌မြေယာပိုင်ဆိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များ ခိုင်မာစွာ ရရှိ‌စေရန်၊ ဓ‌လေ့ထုံးတမ်းအရ ‌မြေယာလုပ်ပိုင်ခွင့်များကို အသိအမှတ်ပြု ကာကွယ်ရည်ရွယ်ပြီး ‌မြေယာမူဝါဒကို ‌ရေးဆွဲခဲ့ခြင်းဖြစ်သလို ‌ဒေသတွင်း ‌ရေ၊ ‌မြေ၊ သားငါးနှင့် ဆက်စပ် သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် တရားမျှတမှုရှိ‌စေရန်နှင့် ‌ဒေသခံများ ပါဝင်ဆုံးဖြတ်ခွင့်ရှိပြီး ‌ရေရှည် ဖွံ့ဖြိုး‌ရေးအတွက် ဦးတည်ကာ ‌မြေယာမူဝါဒကို ‌ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။

ယ‌နေ ့ထုတ်ပြန်လိုက်သည့် ‌ကေအဲန်ယူ၏ ‌မြေယာမူဝါဒတွင် အခန်း ၆ခန်းပါဝင်ပြီး ‌မြေယာ၊ သစ်‌တော၊ ‌ရေ၊ ‌ရေလုပ်ငန်းနှင့် သဘာဝ သယံဇာတများအား တိုင်းရင်းသားပြည်သူလူထုက ပိုင်ဆိုင်သလို မိရိုးဖလာအရ တရားဝင်‌မြေယာ ပိုင်ဆိုင်ခွင့်ကို အသိ အမှတ်ပြုကာ တိုင်းရင်းသား‌ဒေသများတွင် ‌မြေလွတ်‌မြေရိုင်းဆိုသည်မှာ မရှိဟု ကရင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးကွန် ရက်မှ ‌စောအဲလက်စ်က ‌ပြောသည်။

အခမ်းအနားတက်‌ရောက်လာသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး စိုင်းညွှန့်လွင်က “ပြီး ခဲ့တဲ့ကာလ‌တွေမှာဆိုရင် ‌တော‌တောင်၊ ‌ရေ၊ ‌မြေဟာ အားလုံးက နိုင်ငံ‌တော်က ပိုင်တယ်ဆိုတဲ့ အယူအဆရှိပါတယ်။ အခု ‌ကေ အဲန်ယူရဲ့ မူဝါဒမှာဆိုရင် ‌မြေသည် နိုင်ငံသူနိုင်ငံသားပိုင်တယ်ဆိုတဲ့ အယူအဆကို လမ်းခင်းလိုက်ပါပြီး။ အခုလိုအချိန် ထုတ်‌ဝေ ဖြန့်ချိလိုက်တာ အချိန်ကိုက်ပဲဖြစ်ပါတယ်။ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲကျရင် ‌ဆွေး‌နွေးသွားရမဲ့ အချက်‌တွေဖြစ်လာနိုင်ပါတယ်”ဟု ‌ပြော သည်။

ထို‌နေ့ နံနက် ၁ဝနာရီမှ မွန်းလွဲ ၁နာရီအထိ ပြုလုပ်သည့် ‌ကေအဲန်ယူ ‌မြေယာမူဝါဒ ထုတ်ပြန်ခြင်း အခမ်းအနားသို ့ ကရင်နိုင်ငံ ‌ရေးပါတီများနှင့် တိုင်းရင်းသားပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း ‌မြေယာပြဿနာကိစ္စ လိုက်လံကူညီ‌ဆောင်ရွက်‌ပေး ‌နေသူများ၊ ပြည်တွင်းပြည်ပ မီဒီယာများ အပါအဝင် စုစု‌ပေါင်း လူ ၁၅ဝဦးခန် ့တက်‌ရောက်ခဲ့ကြပြီး ယင်းမူဝါဒအ‌ပေါ် ‌မေးမြန်း ‌ဆွေး‌နွေးခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ‌မြေယာမူဝါဒကို ၁၉၇၄ခုနှစ်က ကျင်းပခဲ့သည့် ၉ကြိမ်‌မြောက် ‌ကေအဲန်ယူညီလာခံတွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး ယင်းကို ‌ခေတ်စနစ်နှင့် အညီ ၂၀၀ဝခုနှစ်‌နောက်ပိုင်းတွင် ပြန်လည်‌ရေးဆွဲခဲ့ကာ ၂၀၁၅၊ ဒီဇင်ဘာ လ၌ ပြုလုပ်ခဲ့သည့် ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် အစည်းအ‌ဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။